- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
အင်ဒိုနီးရှားနှင့် အရှေ့တီမောတွင် ရေကြီးမှုကြောင့် လူ ၇၅ ဦးထက်မနည်း သေဆုံး
အင်ဒိုနီးရှားနှင့် အိမ်နီးချင်း အရှေ့တီမောတွင် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားပြီးနောက် လူပေါင်း ၇၅ ဦးကျော် သေဆုံးခဲ့ပြီး ဒါဇင်များစွာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားသည်။
06 Apr 2021

DMG ၊ ဧပြီ ၆
အင်ဒိုနီးရှားနှင့် အိမ်နီးချင်း အရှေ့တီမောတွင် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားပြီးနောက် လူပေါင်း ၇၅ ဦးကျော် သေဆုံးခဲ့ပြီး ဒါဇင်များစွာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ပြီး Flores မှ အရှေ့တီမောထိ ကျွန်းတစ်လျှောက် ဆိုးဝါးစွာထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသည်။
ရေလွှမ်းမိုးမှုနှင့် နောက်ဆက်တွဲမြေပြိုမှုများကြောင့် ဆည်များရေလျှံမှုဖြစ်ပွားကာ အိမ်ခြေထောင်ချီနစ်မြုပ်ခဲ့ပြီး ပိတ်မိနေသည့် အသက်ရှင်ကျန်သူများကို ကယ်ထုတ်နိုင်ရေး ကယ်ဆယ်ရေးသမားများ အခက်အခဲများ ကြုံ နေရသည်။
ရေကြီးမှုကြောင့် လူ ၅၅ ဦး သေဆုံးခဲ့ပြီး ထပ်တိုးလာနိုင်သေးကြောင်းနှင့် ၄၂ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ Raditya Djati က Metro TV ရုပ်သံကိုပြောကြားခဲ့သည်။
အရှေ့တီမောတွင်လည်း အနည်းဆုံး လူ ၂၁ ဦးသေဆုံးခဲ့ကြောင်း အင်ဒိုနီးရှားနှင့် သြစတြေးလျ နိုင်ငံကြားက အလွန်သေးငယ်သည့် ကျွန်းနိုင်ငံငယ်လေးဖြစ်သည့် အရှေ့တီမောက တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရေကြီးမှုကြုံနေရသည့် တီမောမြို့တော် Dili တွင် လူအများအပြားသေဆုံးခဲ့ရသည်။
အင်ဒိုနီးရှားအရှေ့ပိုင်း Flores ပြည်နယ်အတွင်း တံတားများ၊ လမ်းများနှင့် အိမ်များကို ရွှံ့နွံများ ဖုံးလွှမ်းခဲ့သည်။ မိုးကြီးမှုနှင့် ရေဖုံးလွှမ်းမှုများကြောင့် ဆိုးဆိုးဝါးဝါးထိခိုက်ပျက်စီးခဲ့ရသည့် ဝေးလံသည့်နေရာအထိ ကယ်ဆယ် ရေးသမားများရောက်ရှိရန် အခက်ကြုံခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။