- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုမှု သြစတြေးလျ ရပ်ဆိုင်း
အနောက်ဂျေရုဆလင်ကို အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် ယခင်အစိုးရက အသိအမှတ်ပြုထားခြင်းအား ပယ်ဖျက်လိုက်ကြောင်း သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
19 Oct 2022

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပင်နီဝေါင်။ ဓာတ်ပုံ - AP
DMG ၊ အောက်တိုဘာ ၁၉
အနောက်ဂျေရုဆလင်ကို အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် ယခင်အစိုးရက အသိအမှတ်ပြုထားခြင်းအား ပယ်ဖျက်လိုက်ကြောင်း သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
လက်ဝဲယိမ်းလေဘာပါတီအစိုးရ ဝန်ကြီးအဖွဲ့က တဲလ်အဗစ်ကို မြို့တော်အဖြစ် ပြန်လည်အသိအမှတ်ပြုရန် သဘောတူခဲ့ပြီး ဂျေရုဆလင်၏သတ်မှတ်ချက်ကို အစ္စရေးနှင့် ပါလက်စတိုင်းတို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် ဖြေရှင်းရမည်ကိုလည်း ထပ်မံအတည်ပြုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ပင်နီဝေါင်က ပြောကြားခဲ့သည်။
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို ဖြေရှင်းရန် နှစ်ဘက်လုံးပါဝင်ရေး မူဘောင်ကို အဆိုပြုထားသည့် အချက်ကို သြစတြေးလျက ကတိကဝတ်ပြုထားဆဲဖြစ်ပြီး “ထိုအလားအလာကို ပျက်ပြားစေမည့် ချဉ်းကပ်မှုကို ကျွန်တော်တို့ ထောက်ခံမှာမဟုတ်ပါဘူး”ဟု နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
သြစတြေးလျသံရုံးသည် တဲလ်အဗစ်တွင် ဆက်လက်တည်ရှိနေသော်လည်း ကွန်ဆာဗေးတစ်ဝန်ကြီးချုပ်ဟောင်း စကော့မော်ရစ်ဆန်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် အနောက်ဂျေရုဆလင်အား အစ္စရေး၏မြို့တော်အဖြစ် တရားဝင်အသိအမှတ်ပြုခဲ့သည်။
အဆိုပါအပြောင်းအလဲသည် ထိုအချိန်က အမေရိကန် သံရုံးကို တဲလ်အဗစ်မှ ဂျေရုဆလင်သို့ ပြောင်းရွှေ့ရန် အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရန့်က ဆုံးဖြတ်ချက်ချပြီးနောက်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဆယ်စုနှစ်တစ်ခုကျော်ကြာ ခိုင်မာသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မကျင်းပရသေးသော အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား တစ်ချိန်က ပြင်းထန်သော ကြားဝင်ဖျန်ဖြေမှုမှ အမေရိကန်က နောက်ပြန်ဆုတ်သည့်အနေဖြင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဂျေရုဆလင်ရှိ သံရုံးကို ဆက်လက်ထားရှိခဲ့သည်။
ကွန်ဆာဗေးတစ်ဝန်ကြီးချုပ်ဟောင်း စကော့မော်ရစ်ဆန်၏ လုပ်ဆောင်မှုသည် နိုင်ငံတကာအား အလေးအနက်မထားရာ ရောက်ကြောင်းနှင့် ဂျူးလူဦးရေ များပြားသော ဆစ်ဒနီဒေသတွင် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရရန်အတွက် “အတ္တဆန်သော” ကြိုးပမ်းမှုတစ်ခုသာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးပင်နီဝေါင်က ဖော်ပြခဲ့သည်။