- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
အစ္စရေးပိုင်ကုန်တင်သင်္ဘောအား အီရန်တိုက်ခိုက်သည်ဟု ဝန်ကြီးချုပ်နေတန်ယာဟု စွပ်စွဲ
အစ္စရေးပိုင်သင်္ဘောအား ပြီးခဲ့သည့်သီတင်းပတ်၌ အိုမန်ပင်လယ်ကွေ့တွင် အီရန်တို့ တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက စွပ်စွဲပြောကြားလိုက်သည်။
04 Mar 2021

အစ္စရေးပိုင်သင်္ဘောအား ပြီးခဲ့သည့်သီတင်းပတ်၌ အိုမန်ပင်လယ်ကွေ့တွင် အီရန်တို့ တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက စွပ်စွဲပြောကြားလိုက်သည်။
အဆိုပါသင်္ဘောပေါ်၌ အကြောင်းရင်းမသိရသည့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက်တွင် ဒေသတွင်း၌ လုံခြုံရေးစိုးရိမ်ပူပန်မှုများ မြင့်တက်လျှက်ရှိသည်။
ဝန်ကြီးချုပ် နေတန်ယာဟုသည် အစ္စရေးအသံလွှင့်ဌာနတစ်ခုနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ဒါ အီရန်လက်ချက်ဆိုတာ သေချာပါတယ်။ သိသာနေတာပဲ” ဟု ဝန်ကြီးချုပ်က ဖြေကြားခဲ့ခြင်း ဖြစ်သည်။
အစ္စရေးပိုင် MV Helios Ray သင်္ဘောသည် အရှေ့အလယ်ပိုင်းမှ စင်ကာပူသို့ ထွက်ခွာစဉ် သောကြာနေ့တွင် သင်္ဘောပေါ်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ပေါက်ကွဲသည့် အကြောင်းရင်းကို မသိရသော်လည်း ပေါက်ကွဲမှုကြောင့် သင်္ဘောဝဲဘက်တွင် အပေါက်ကြီးနှစ်ပေါက် ဖြစ်ကျန်ခဲ့ပြီး ညာဘက်တွင်လည်း ရေညီမျှဉ်း အပေါ်နားတွင် အပေါက်နှစ်ပေါက် ဖြစ်ကျန်ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဌာနမှ အရာရှိများ၏ ပြောကြားချက်အရ သိရသည်။ သင်္ဘောပေါ်မှ မည်သူမျှ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပေ။