- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
ဂျပန်တွင် ၂၀၁၉ နောက်ပိုင်း ပထမဆုံးအဖြစ် သေဒဏ်ကျ အကျဉ်းသား ၃ ဦးကို ကွပ်မျက်
ဂျပန်နိုင်ငံတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ကွပ်မျက်မှုအပြီး ပထမဆုံးအကြိမ်အဖြစ် သေဒဏ်ကျ အကျဉ်းသား ၃ ဦးကို အင်္ဂါနေ့က ကွပ်မျက်ခဲ့ကြောင်း တရားစီရင်ရေးဝန်ကြီးဌာန အပါအဝင် အမည်မဖော်လိုသော သတင်းအရင်းအမြစ်များကို ကိုးကားပြီး နိုင်ငံတွင်းသတင်းဌာနက ဖော်ပြသည်။
22 Dec 2021

DMG ၊ ဒီဇင်ဘာ ၂၂
ဂျပန်နိုင်ငံတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ကွပ်မျက်မှုအပြီး ပထမဆုံးအကြိမ်အဖြစ် သေဒဏ်ကျ အကျဉ်းသား ၃ ဦးကို အင်္ဂါနေ့က ကွပ်မျက်ခဲ့ကြောင်း တရားစီရင်ရေးဝန်ကြီးဌာန အပါအဝင် အမည်မဖော်လိုသော သတင်းအရင်းအမြစ်များကို ကိုးကားပြီး နိုင်ငံတွင်းသတင်းဌာနက ဖော်ပြသည်။
အဆိုပါ ကွပ်မျက်မှုများသည် အောက်တိုဘာလတွင် အထွေထွေရွေးကောက်ပွဲကို အနိုင်ရရှိ၍ စတင်တာဝန်ထမ်းဆောင်ခဲ့သော ဝန်ကြီးချုပ် ဖူမိအို ခိရှိဒ လက်ထက်၌ ပထမဆုံးဖြစ်သည်။
AFP သတင်းဌာနမှ ဆက်သွယ်မေးမြန်းချိန်တွင် ဝန်ကြီးချုပ်ဌာနက အထင်ကရ သတင်းဌာနများ၏ အမည်မဖော်ထားသော အဆိုပါ အကျဉ်းသား ၃ ဦး၏ သတင်းဖော်ပြမှုများကို ချက်ချင်း အတည်ပြု ပေးခြင်းမရှိခဲ့ပေ။
ဂျပန်သည် ယနေ့အထိ သေဒဏ်ပြစ်ဒဏ် တည်ရှိနေသေးသော ဖွံဖြိုးပြီးနိုင်ငံ အနည်းစုထဲမှ တစ်နိုင်ငံဖြစ်ပြီး ကွပ်မျက်ခံရန် စောင့်ဆိုင်းလျက်ရှိသော သေဒဏ်ကျ အကျဉ်းသား ၁၀ဝ ကျော်ရှိသည်။
လူ့အခွင့်အရေးအဖွဲ့များ အပါအဝင် နိုင်ငံတကာက ဝေဖန်မှုများ ရှိနေသည့်ကြားကပင် သေဒဏ်ပြစ်ဒဏ်အတွက် လူထုထောက်ခံမှုများမှာ အားကောင်းစွာရှိနေဆဲ ဖြစ်သည်။
ဂျပန်နိုင်ငံ၌ ၂၀၁၉ ခုနှစ်တွင် အကျဉ်းသား ၃ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၁၅ ဦး (၎င်းတို့အနက် ၁၃ ဦးမှာ ၁၉၉၅ ခုနှစ်က တိုကျိုမြို့ မြေအောက်မီးရထားလမ်းကြောင်း၌ သေစေလောက်သည့် ဆာရင် ဓာတ်ငွေ့ဖြင့် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သော အမ် ရှင်းရိကျို အဖွဲ့မှ ဖြစ်သည်) ကို ကွပ်မျက်ခဲ့သည်။
ကွပ်မျက်မှုများသည် ပြစ်ဒဏ်ချမှတ်ပြီး အချိန်အလွန်ကြာမြင့်ပြီးမှ ဆောင်ရွက်တတ်ပြီး ကြိုးပေးခြင်းဖြင့် အဆုံးစီရင်သည်။