- "ရခိုင်ပြည်တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုကဏ္ဍကို မြင့်တင်ဖို့လိုအပ်" Vox Pop
- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
အရပ်သားနှင့် လက်ထပ်မည့် ဂျပန်တော်ဝင်မင်းသမီးမာကို ဒေါ်လာသန်းချီရပိုင်ခွင့် စွန့်လွှတ်မည်
ဂျပန်နိုင်ငံ၏ တော်ဝင်မင်းသမီးမာကိုသည် တော်ဝင်အဆောင်အယောင်ကို စွန့်လွှတ်ခြင်းကြောင့် ရရှိမည့် အပြီးအစီးပေးအပ်ငွေ ဂျပန်ယန်း သန်း ၁၅၀ ခန့် (အမေရိကန်ဒေါ်လာ တစ်သန်းကျော်ပမာဏ) ကို စွန့်လွှတ်တော့မည် ဖြစ်ကြောင်း ဂျပန်မီဒီယာများက စနေနေ့တွင် ဖော်ပြကြသည်။
29 Sep 2021

ဂျပန်နိုင်ငံ၏ တော်ဝင်မင်းသမီးမာကိုသည် တော်ဝင်အဆောင်အယောင်ကို စွန့်လွှတ်ခြင်းကြောင့် ရရှိမည့် အပြီးအစီးပေးအပ်ငွေ ဂျပန်ယန်း သန်း ၁၅၀ ခန့် (အမေရိကန်ဒေါ်လာ တစ်သန်းကျော်ပမာဏ) ကို စွန့်လွှတ်တော့မည် ဖြစ်ကြောင်း ဂျပန်မီဒီယာများက စနေနေ့တွင် ဖော်ပြကြသည်။
တော်ဝင်မင်းသမီးသည် ၎င်း၏ ကြင်ယာလောင်း ကီကိုမုရိုနှင့် ပတ်သက်၍ အငြင်းပွားစရာ ကိစ္စရပ်များကြောင့် လက်ထပ်ရန် နှောင့်နှေးနေရခြင်းအတွက် လမ်းကြောင်းရှင်းလိုက်ခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်က ဖော်ပြသည်။
ဂျပန်ဧကရာဇ် အာကီဟီတို၏ မြေးဖြစ်သူ အသက် ၂၉ နှစ်အရွယ် တော်ဝင်မင်းသမီးမာကိုသည် အတန်းဖော်သူငယ်ချင်း ဖြစ်ခဲ့သူ အရပ်သားအား လက်ထပ်မည်ဖြစ်သည်။ ၎င်းတို့နှစ်ဦး၏ စေ့စပ်ပွဲကို ၂၀၁၇ ခုနှစ်တွင် ကြေညာခဲ့သည်။
သို့သော်လည်း ကိုမုရိုမိခင်၏ ငွေကြေးအရှုပ်အရှင်း အငြင်းပွားမှုများ ပေါ်ထွက်ခဲ့သဖြင့် လက်ထပ်ပွဲကို ရွှေ့ဆိုင်းခဲ့ရသည်။
ဂျပန်တွင် တော်ဝင်မင်းသမီးများသည် သာမန်အရပ်သားများကို လက်ထပ်ပါက တော်ဝင်အရိုက်အရာကို စွန့်လွှတ်ရသော စည်းကမ်းရှိသည်။
မင်းသမီးအရိုက်အရာကို စွန့်လွှတ်မည့် မာကိုအား ဂျပန်အစိုးရက အပြီးအစီးပေးအပ်ငွေ ဂျပန်ယန်း သန်း ၁၅၀ အထိ ပေးအပ်ရန် သဘောတူထားကြောင်း NHK နှင့် အခြားသတင်းဌာနများတွင် ဖော်ပြကြသည်။
မင်းသမီးမာကိုနှင့် သူမ၏ ကြင်ယာတို့သည် အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ရန် စီစဉ်ထားကြကြောင်း ဂျပန်မီဒီယာများတွင် ဖော်ပြသည်။
ဂျပန်တော်ဝင်နန်းတော်ဘက်ကမူ ယခုသတင်းနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ သဘောထားမှတ်ချက် ပေးခြင်းမရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။