- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
မြန်မာ့အကျပ်အတည်း အင်အားသုံးဖြေရှင်းမှု အိန္ဒိယရှုတ်ချ
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးအကျပ်အတည်းအား အင်အားသုံးဖြေရှင်းနေမှုအပေါ် အိန္ဒိယအစိုးရက ရှုတ်ချလိုက်ကြောင်း Hindustan Times သတင်းတစ်ရပ်တွင် ဖော်ပြသည်။
03 Apr 2021

DMG ၊ ဧပြီ ၃
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးအကျပ်အတည်းအား အင်အားသုံးဖြေရှင်းနေမှုအပေါ် အိန္ဒိယအစိုးရက ရှုတ်ချလိုက်ကြောင်း Hindustan Times သတင်းတစ်ရပ်တွင် ဖော်ပြသည်။
“ကျွန်တော် ရှင်းရှင်းပဲပြောပါမယ်။ ဘယ်လိုနည်းနဲ့ အကြမ်းဖက်မှုမျိုးကိုမဆို ကျွန်တော်တို့ ရှုတ်ချပါတယ်။ တရားဥပဒေစိုးမိုးမှု ရှိရမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးကို ကျွန်တော်တို့ ထောက်ခံပါတယ်” ဟု အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အာရင်ဒန်ဘာချီ (Arindam Bagchi) က ဧပြီလ ၂ ရက်နေ့တွင် ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များအား ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် စီမိုကရေစီအရေး တောင်းဆိုဆန္ဒပြသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နှိမ်နင်းမှုကြောင့် သေဆုံးသူ ၅၀၀ ကျော်နေပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ ထုတ်ပြန်ချက်အရ သိရသည်။
အိန္ဒိယအစိုးရသည် ဖမ်းဆီးခံ မြန်မာ့နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အာဆီယံအဖွဲ့မှတစ်ဆင့် ကြိုးစား ဆောင်ရွက်နေသလို လက်ရှိအနေအထား ပြေလည်ရေးအတွက် မည်သည့်ကြိုးပမ်းမှုမျိုးကိုမဆို ထောက်ခံကြောင်းလည်း အာရင်ဒန်ဘာချီက ပြောကြားခဲ့သည်။
အိန္ဒိယသည် နိုင်ငံတကာ ကြားဝင်ဆောင်ရွက်ပေးသူများ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တို့နှင့် ညှိနှိုင်းပြီး မြန်မာ့အရေးတွင် မျှတပြီး အပြုသဘောဆောင်သည့် ဆောင်ရွက်ချက်များ လုပ်ဆောင်နေကြောင်းလည်း သူက ဆိုသည်။
အိန္ဒိယနိုင်ငံသို့ တိမ်းရှောင်လာသည့် မြန်မာများအရေးနှင့် ပတ်သက်၍ အိန္ဒိယအစိုးရသည် ပြည်တွင်းဥပဒေ၊ လူသားချင်းစာနာထောက်ထားရေး အချက်များနှင့်အညီ ကိုယ်တွယ်ဖြေရှင်းနေသည်ဟု သူကဆိုသည်။ မည်သို့ဖြေရှင်းသည်ကိုမူ အသေးစိတ် ရှင်းပြမှုမရှိခဲ့ပေ။
အိန္ဒိယသည် မြန်မာနိုင်ငံ၌ ရွေးကောက်ခံ အစိုးရနှင့်သာမက မြန်မာစစ်တပ်နှင့်ပါ နီးစပ်သော ဆက်ဆံရေး တည်ဆောက်ထားသည်။ အထူးသဖြင့် အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်များ၏ လုံခြုံရေးနှင့် ဒေသတွင်း တရုတ်သြဇာ လွှမ်းမိုးမှုကို တွန်းလှန်ရေးအတွက် ဖြစ်သည်။