- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
မြန်မာနှင့် စစ်ရေးအချက်အလက်ဖလှယ်မှု တောင်ကိုရီးယား ဆိုင်းငံ့မည်
တောင်ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံနှင့် ကာကွယ်ရေးဆိုင်ရာ အချက်အလက်များ ဖလှယ်မှုကို ဆိုင်းငံ့ကာ လက်နက်တင်ပို့ ရောင်းချမှုများလည်း ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁၂ ရက်နေ့တွင် ပြောကြားလိုက်သည်။
12 Mar 2021

DMG ၊ မတ် ၁၂
တောင်ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံနှင့် ကာကွယ်ရေးဆိုင်ရာ အချက်အလက်များ ဖလှယ်မှုကို ဆိုင်းငံ့ကာ လက်နက်တင်ပို့ ရောင်းချမှုများလည်း ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁၂ ရက်နေ့တွင် ပြောကြားလိုက်သည်။
မြန်မာနိုင်ငံအတွင်း အာဏာသိမ်းမှုနှင့်အတူ ဒီမိုကရေစီအရေး ဆန္ဒဖော်ထုတ်သူများအား အကြမ်းဖက်နှိပ်ကွပ်မှုများကြောင့် ယခုကဲ့သို့ ရပ်ဆိုင်းခြင်းဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။
တောင်ကိုရီးယားအစိုးရသည် အခြားသော အရေးပါသည့် ကုန်ပစ္စည်းများ တင်ပို့ခြင်းကိုလည်း ကန့်သတ်သွားမည့်အပြင် အခြေအနေ တိုးတက်ကောင်းမွန်လာသည်အထိ မြန်မာနိုင်ငံသားများအား တောင်ကိုရီးယားရှိတွင် နေထိုင်ခွင့်ပြုရန်နှင့် ဖွံ့ဖြိုးရေးအကူအညီများအား ပြန်လည်သုံးသပ်ရန် စီစဉ်လျက်ရှိကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
တောင်ကိုရီးယားသည် မြန်မာသို့ ၂၀၁၉ တွင် နောက်ဆုံးအကြိမ် ကာကွယ်ရေးပစ္စည်းများ တင်ပို့ခဲ့ပြီး ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ဒေါ်လာ သန်းပေါင်းများစွာ သုံးစွဲထားကြောင်း နိုင်ငံတကာအကူအညီ ပွင့်လင်းမြင်သာမှုရှိရေး အဖွဲ့၏ မှတ်တမ်းအချက်အလက် အရ သိရသည်။