- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
အိန္ဒိယတွင် မြန်မာဘက်မှ တိမ်းရှောင်လာသည့် ရဲ ၂၀၀ ခန့်နှင့် မိသားစုဝင်များရှိနေ
မြန်မာနိုင်ငံတွင် အာဏာရယူမှုနောက်ပိုင်း မြန်မာရဲတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များ အိန္ဒိယသို့ အများအပြား ဝင်လာနေကြကြောင်း အိန္ဒိယလုံခြုံရေး အရာရှိများက မတ်လ ၁၂ ရက်နေ့တွင် ပြောကြားလိုက်သည်။
15 Mar 2021

DMG ၊ မတ် ၁၅
မြန်မာနိုင်ငံတွင် အာဏာရယူမှုနောက်ပိုင်း မြန်မာရဲတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များ အိန္ဒိယသို့ အများအပြား ဝင်လာနေကြကြောင်း အိန္ဒိယလုံခြုံရေး အရာရှိများက မတ်လ ၁၂ ရက်နေ့တွင် ပြောကြားလိုက်သည်။
မတ်လ ၁၂ ရက်နေ့အထိ အိန္ဒိယသို့ တိမ်းရှောင်လာသူ စုစုပေါင်း ၂၆၄ ဦးရှိပြီး ၎င်းတို့အနက် ၁၉၈ ဦးမှာ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း လုံခြုံရေးအရာရှိများက ပြောသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာရယှုမှုနောက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်း ဆန္ဒဖော်ထုတ်မှုများ ဆက်တိုက် ပေါ်ပေါက်လျက်ရှိပြီး အာဏာပိုင်များကလည်း နည်းလမ်းမျိုးစုံဖြင့် ဖြိုခွင်းလျက်ရှိသည်။
အဆိုပါဖြိုခွင်းမှုများ၌ ပါဝင်လိုခြင်းမရှိသည့်အတွက် အိန္ဒိယမြန်မာနယ်စပ် အိန္ဒိယဘက်ခြမ်းရှိ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ကြသော ရဲတပ်ဖွဲ့ဝင်များ ရှိနေကြောင်း နိုင်ငံတကာ သတင်းဌာနအချို့တွင် ဖော်ပြမှုများ ရှိသည်။
နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူများအနက် အိန္ဒိယအာဏာပိုင်များက လက်မခံဘဲ ပြန်လွှတ်လိုက်သူ ၈ ဦးရှိပြီး အခြား ဒါဇင်ပေါင်းများစွာလည်း အိန္ဒိယသို့ ဝင်ခွင့်ရရန် စောင့်ဆိုင်းနေကြဆဲ ဖြစ်ကြောင်း အေအက်ဖ်ပီသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နှိမ်နင်းမှုကြောင်း သေဆုံးသွားသူစုစုပေါင်း အနည်းဆုံး ၇၀ ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်က ပြောကြားထားသည်။