- စစ်တွေရှိ လူမနေသည့် နေအိမ်များကို စစ်ကောင်စီက ဖြိုဖျက်ရောင်းစားနေ
- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
အသံထက်မြန်သော ဒုံးကျည် တရုတ်စမ်းသပ်မှု အမေရိကန် အံ့သြ
နျူကလီးယားလက်နက် သယ်ဆောင်နိုင်စွမ်းရှိသော အသံထက်မြန်သည့် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုကို သြဂုတ်လအတွင်း တရုတ်တို့ ပြုလုပ်ခဲ့မှုအပေါ် အမေရိကန် ထောက်လှမ်းရေးဌာနက အံ့သြလျက်ရှိကြောင်း Financial Times သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
19 Oct 2021

DMG ၊ အောက်တိုဘာ ၁၉
နျူကလီးယားလက်နက် သယ်ဆောင်နိုင်စွမ်းရှိသော အသံထက်မြန်သည့် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုကို သြဂုတ်လအတွင်း တရုတ်တို့ ပြုလုပ်ခဲ့မှုအပေါ် အမေရိကန် ထောက်လှမ်းရေးဌာနက အံ့သြလျက်ရှိကြောင်း Financial Times သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
စနေနေ့ နှောင်းပိုင်းတွင် ပေါ်ထွက်ခဲ့သည့် အဆိုပါသတင်းအရဆိုလျှင် တရုတ်စစ်တပ်သည် အသံထက်မြန်သည့် ဟိုက်ပါဆိုးနစ် ဂလိုက်ဒါယာဉ်ငယ်ကို သယ်ဆောင်ထားသည့် ပဲ့ထိန်းဒုံးကျည်အား စမ်းသပ်ပစ်လွှတ်ခဲ့သည် ဟုဆိုသည်။ အဆိုပါဒုံးကျည်သည် ပစ်မှတ်သို့ မသွားရောက်မီ ကမ္ဘာကို လှည့်ပတ်ခဲ့ပြီး ပစ်မှတ်နှင့် ၂၄ မိုင်ခန့်အကွာသို့ ထိမှန်ခဲ့သည်ဟု ဖော်ပြချက်အရ သိရသည်။
“တရုတ်သည် အသံထက်မြန်သည့် ဟိုက်ပါဆိုးနစ်လက်နက် ဖန်တီးမှုတွင် အမေရိကန်အရာရှိများ ထင်မှတ်ထားသည်ထက် အများကြီး ရှေ့ရောက်ပြီး အံ့သြဖွယ်ရာ တိုးတက်နေကြောင်း ယခုစမ်းသပ်မှုက ပြသနေသည်” ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။ ထောက်လှမ်းရေးဌာနမှ လူအချို့၏ မှတ်ချက်များကို ကိုးကားဖော်ပြထားခြင်း ဖြစ်သည်။
အဆိုပါသတင်းနှင့် ပတ်သက်ပြီး ရိုက်တာသတင်းဌာနက တရုတ်ကာကွယ်ရေးဝန်ကြီးဌာနသို့ ဖက်စ်ဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ချက်ချင်း အကြောင်းမပြန်ခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
အမေရိကန်နှင့် ရုရှားနိုင်ငံတို့သည်လည်း ဟိုက်ပါဆိုးနစ်ဒုံးကျည်များကို စမ်းသပ်လျက်ရှိသည့် အချိန်၌ ပြီးခဲ့သည့်လအတွင်းက မြောက်ကိုရီးယားနိုင်ငံသည်လည်း အသစ်ဖန်တီးထားသည့် ဟိုက်ပါဆိုးနစ်ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
တရုတ်သည် ၂၀၁၉ ခုနှစ် စစ်ရေးပြပွဲ အခမ်းအနားတွင် DF-17 ဟု အမည်ရသည့် ဟိုက်ပါဆိုးနစ် ဒုံးကျည်အပါအဝင် အဆင့်မြင့်လက်နက် အများအပြားကို ထုတ်ဖော်ပြသခဲ့သည်။
ဟိုက်ပါဆိုးနစ် လက်နက်များသည် ပစ်မှတ်ရှိရာသို့ အနိမ့်မှပျံသန်းပြီး အသံထက် ငါးဆမြန်သည့် တစ်နာရီလျှင် ၆၂၀၀ ကီလိုမီတာနှုန်းဖြင့် ပျံသန်းသဖြင့် ကာကွယ်ရန် အလွန်ခက်ခဲ့သည်။