- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
မြောက်ကိုရီးယားသည် ယူရေနီယမ်ပိုမိုထုတ်လုပ်နိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထား
မြောက်ကိုရီးယားသည် နျူကလီးယားလက်နက်များအတွက် ယူရေနီယမ်များကို လက်ရှိပြုံဆန်းစက်ရုံမှ အလိုရှိသလောက် ထုတ်လုပ်နိုင်ကြောင်း ပညာရပ်ဆိုင်ရာ လေ့လာမှုအသစ်တစ်ရပ်က ကောက်ချက်ချ ဖော်ပြထားသည်။ ဂြိုဟ်တုမှ ခြေရာခံမိသော စွန့်ပစ် မြေစာပုံများကိုကြည့်ခြင်းအားဖြင့် မြောက်ကိုရီးယားသည် နျူကလီးယားလောင်စာများကို လက်ရှိအနေအထားထက် အများအပြား ပိုမိုထုတ်လုပ်နိုင်စွမ်း ရှိသည်ကို ညွှန်ပြနေကြောင်း လေ့လာမှု၌ ဖော်ပြသည်။
07 Nov 2021

DMG ၊ နိုဝင်ဘာ ၇
မြောက်ကိုရီးယားသည် နျူကလီးယားလက်နက်များအတွက် ယူရေနီယမ်များကို လက်ရှိပြုံဆန်းစက်ရုံမှ အလိုရှိသလောက် ထုတ်လုပ်နိုင်ကြောင်း ပညာရပ်ဆိုင်ရာ လေ့လာမှုအသစ်တစ်ရပ်က ကောက်ချက်ချ ဖော်ပြထားသည်။ ဂြိုဟ်တုမှ ခြေရာခံမိသော စွန့်ပစ် မြေစာပုံများကိုကြည့်ခြင်းအားဖြင့် မြောက်ကိုရီးယားသည် နျူကလီးယားလောင်စာများကို လက်ရှိအနေအထားထက် အများအပြား ပိုမိုထုတ်လုပ်နိုင်စွမ်း ရှိသည်ကို ညွှန်ပြနေကြောင်း လေ့လာမှု၌ ဖော်ပြသည်။
မြောက်ကိုရီးယားသည် ၂၀၁၇ ခုနှစ်ကတည်းက နျူကလီးယား လက်နက်များစမ်းသပ်မှုရပ်ဆိုင်းခြင်းကို ကိုယ်တိုင်ချမှတ်ထားသော်လည်း ယင်း၏ လက်နက်များကို ဆက်လက်တည်ဆောက်နေပုံရကာ လက်နက် ထုတ်နိုင်သည့်အဆင့်ရှိသည့် ပလူတိုနီယမ်ကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်နိုင်သည့် ဓာတ်ပေါင်းဖိုတစ်ခုကို ယခုနှစ်တွင် ပြန်လည်စတင်နေပုံပေါ်သည်။
စတန်းဖို့ဒ်တက္ကသိုလ်မှ သုတေသီများနှင့် အရီဇိုးနားအခြေစိုက် သတ္တုထုတ်လုပ်ရေး အကြံပေး ကုမ္ပဏီတို့မှ ထုတ်ဝေသည့် သိပ္ပံနှင့်ကမ္ဘာလုံးဆိုင်ရာ လုံခြုံမှုဂျာနယ်တွင် ပြီးခဲ့သည့်လက ထုတ်ဝေဖော်ပြခဲ့သည့် သုတေသနတစ်ခုအရ မြောက်ကိုရီးယားသည် နျူကလီးယားထုတ်လုပ်မှု တိုးနိုင်ခြေရှိနေပြီး ထို့အတွက် ယူရေနီယမ်စက်ရုံများ တည်ဆောက်ရန် မလိုအပ်ကြောင်းဆိုသည်။
“မြောက်ကိုရီးယားအနေဖြင့် လက်ရှိသုံးနေသည်ထက်ပိုသည့် စက်ရုံတည်ဆောက်နိုင်သည့် စွမ်းရည်ရှိနေ ပုံပေါ်နေသည်မှာ ရှင်းလင်းနေကြောင်း” အစီရင်ခံစာတွင် ဖော်ပြထားသည်။
“မြောက်ကိုရီးယားနိုင်ငံသည် ၎င်းအနေနှင့်ထုတ်ချင်လျှင် ပိုမိုများပြားသည့် သဘာဝယူရေနီယမ်ကို သန့် စင်ထုတ်လုပ်နိုင်ကြောင်း” ရေးသားထားသည်။
ပြုံဆန်းယူရေနီယမ်စက်ရုံနှင့် မိုင်းတွင်းသည် ယူရေနီယမ်သတ္တုတစ်မျိုးဖြစ်သည့် Yellowcake သို့မဟုတ် ယူရေနီယမ်သတ္တုရိုင်း ကြွယ်ဝသည့် တစ်ခုတည်းသောနေရာတစ်ခုအဖြစ် လူအများသိရှိထား ကြကြောင်း လေ့လာသူများက ဆိုသည်။
အခြားဂြိုဟ်တုဓာတ်ပုံများအရ မြောက်ကိုရီးယားသည် ယုံဗြောင်းနျူကလီးယားဓာတ်ပေါင်းဖိုတွင် ကြီးမားသည့် တိုးချဲ့တည်ဆောက်မှုတစ်ခု ဆောက်လုပ်နေကြောင်းမြင်တွေ့ရပြီး ယခုအစီ ရင်ခံစာ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုဓာတ်ပေါင်းဖိုမှာ လက်နက်ထုတ်နိုင်သည့်အဆင့်ရှိ ယူရေနီ ယမ်ထုတ်လုပ်ရန် ဖြစ်နိုင်ကြောင်း လေ့လာသုံးသပ်သူများက ရေးသားဖော်ပြထားသည်။
ထိုစွမ်းရည်များကို ကြည့်ခြင်းဖြင့် မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယားလက်နက်များ တိုးချဲ့ နိုင်သည့်နှုန်းကို ထိန်းချုပ်ထားကြောင်း၊ နိုင်ငံတကာလုံခြုံရေးနှင့် နျူကလီးယား လက်နက်ဖြုတ်သိမ်းရေး စိန်ခေါ်မှုကို ခြိမ်းခြောက်လာနိုင်သည့် အတိုင်းအတာကို ဆုံးဖြတ်ပေးနိုင်ကြောင်း၊ မြောက်ကိုရီးယား၏ အနာဂတ်နျူကလီးယားစွမ်းအင်ကို ပိုမိုတိုးမြှင့်နိုင်သည့် စွမ်းရည်လည်း ရှိထားကြောင်း အစီရင်ခံစာတွင် သုံးသပ်ထားသည်။