- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
ဖိလစ်ပိုင်ရွေးကောက်ပွဲတွင် အာဏာရှင်ဟောင်း မားကို့စ်၏သားဖြစ်သူ အကြီးအကျယ် အနိုင်ရ
ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပနေသည့် သမ္မတရွေးကောက်ပွဲတွင် အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ်၏ သားဖြစ်သူက အပြတ်အသတ် အနိုင်ရရှိနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
11 May 2022

DMG ၊ မေ ၁၁
ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပနေသည့် သမ္မတရွေးကောက်ပွဲတွင် အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ်၏ သားဖြစ်သူက အပြတ်အသတ် အနိုင်ရရှိနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကနဦးမဲရေတွက်မှုများ ပြီးဆုံးခါနီး၌ ဖာဒီနန် ‘ဘုံဘုံ’ မားကို့စ်ဂျူနီယာသည် မဲအားလုံး၏ ၅၀ ရာခိုင်နှုန်းကျော် အနိုင်ရထားပြီးဖြစ်ကာ သူ၏ပြိုင်ဘက် လန်နီရိုဘရက်ဒိုထက် နှစ်ဆနီးပါး မဲအသာရထားသည်။
ဖိလစ်ပိုင်၏ လက်ရှိသမ္မတ ဒူတာတေ၏ သမီးဖြစ်သူ ဆာရာဒူတာတေ သည်လည်း ဒုတိယသမ္မတရာထူးကို အနိုင်ရရှိထားသည်။
အာဏာရှင်ဟောင်း မားကို့စ်သည် ၁၉၈၆ ခုနှစ်တွင် လူထုတော်လှန်ရေးနှင့်အတူ ပြုတ်ကျခဲ့သည်။
အချိန်ကြာမြင့်လာပြီးနောက် အာဏာရှင်ပုံရိပ်များ မှေးမှိန်လာခဲ့ပြီး အချက်အလက် အလွဲများ ဖော်ပြသည့် ဖေ့စ်ဘုတ်ပို့စ်အမြောက်အမြားနှင့်အတူ ဖိလစ်ပိုင် မဲဆန္ဒရှင်များသည် အတိတ်က ခမ်းနားမှုများကို ပြန်တမ်းတကာ မားကို့စ်ဂျူနီယာကို ပြန်လည်ရွေးချယ်ခဲ့ကြသည်ဟု အေအက်ဖ်ပီသတင်းက ဖော်ပြသည်။
“သူက ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ဆင်းရဲနွံထဲကနေ ကယ်ထုတ်ပေးမှာ” ဟု အငြိမ်စားရဲအရာရှိတစ်ဦးက အေအက်ဖ်ပီသို့ ဖြေကြားသည်။
မားကို့စ်ဂျူနီယာသည် တနင်္လာနေ့ညဉ့်က ၎င်း၏ စည်းရုံးရေးဌာနချုပ်တွင် အမှာစကား ပြောကြားရာ၌ မိမိကို ကူညီပေးခဲ့ကြသူများသည် လပေါင်းများစွာ အနစ်နာခံ လုပ်ကိုင်ပေးခဲ့ကြသည်ဟု ကျေးဇူးတင်စကား ပြောကြားသည်။
ရွေးကောက်ပွဲရလဒ်ကို မြန်မြန်ဆန်ဆန် မဆုံးဖြတ်ရန်နှင့် မဲရေတွက်မှုများ မပြီးသေးကြောင်းလည်း သူက သတိပေးသည်။
ရွေးကောက်ပွဲရလဒ် အပြည့်အစုံအား မေလ ၂၈ ရက်နေ့မတိုင်မီ အပြီးသတ် ကြေညာမည်ဟု မျှော်လင့်ရကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။