- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
ပြည်သူများအတွက် လိုအပ်သောအကူအညီများ ပေးအပ်ခွင့်ပြုရန် စစ်တပ်ကို ကုလ တိုက်တွန်း
မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်ခွင့်ပြုရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က မြန်မာအာဏာပိုင်များအား တိုက်တွန်းလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
01 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၁
မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်ခွင့်ပြုရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က မြန်မာအာဏာပိုင်များအား တိုက်တွန်းလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
“ဘက်ပေါင်းစုံမှ အားနည်းနေသော မြန်မာနိုင်ငံတစ်ဝန်းမှ ပြည်သူများနှင့် ဒေသတွင်း ဂယက်ရိုက်ခတ်မှုများအား အရေးတကြီး တုံ့ပြန်ဆောင်ရွက်ပေးရန် လိုအပ်နေပါသည်။ မြေပြင်၌ အထောက်အပံ့များ ဆက်လက် ပေးအပ်နိုင်ရေးအတွက် ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် အကူအညီလိုအပ်နေသူများထံသို့ လက်လှမ်းမီနိုင်ရေးသည် အထူးအရေးပါပါသည်” ဟု အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်က ပြောကြားကြောင်း သူ၏ လက်ထောက်ပြောခွင့်ရ ဖာရန်ဟက်က ကြေညာချက်တစ်စောင်၌ ထည့်သွင်း ပြောကြားသည်။
“လက်နက်ကိုင်တပ်များနှင့် သက်ဆိုင်သူများအနေဖြင့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို လေးစားလိုက်နာရပါမည်။ မြန်မာပြည်သူလူထုသည် ခိုင်မာသည့်ရလဒ်များ မြင်တွေ့ရရန် လိုအပ်ပါသည်။” ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
ယခုထုတ်ပြန်ချက်နှင့် ပတ်သက်၍ ရိုက်တာသတင်းဌာနက မြန်မာအာဏာပိုင်များထံမှ မှတ်ချက်ယူရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ သို့သော်လည်း စစ်တပ်၏ လုပ်ဆောင်ချက်များနှင့် စစ်ဆင်ရေးများသည် နိုင်ငံကို အကြမ်းဖက်မှုရန်မှ ကာကွယ်ရန် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားကြောင်း သတင်းတွင် ဖော်ပြသည်။
မြန်မာစစ်အုပ်စုသည် နိုင်ငံတကာဖိအားများကို ဂရုမစိုက်ကြောင်း ပြောကြားထားသလို ကုလသမဂ္ဂကိုလည်း သတင်းမှားများကို ကိုင်စွဲကာ ဘက်လိုက်ပြီး ပြည်တွင်းအရေးကို စွက်ဖက်သူများအဖြစ် စွပ်စွဲဝေဖန်ထားသည်။
လတ်တလောတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်းဟေဇာသည် သက်ဆိုင်သူများအားလုံးနှင့် ဆက်သွယ်လျက်ရှိပြီး မြန်မာကို သံတမန်ရေးရာအရ ဦးဆောင်ဆက်သွယ်နေသည့် အာဆီယံအဖွဲ့ကြီးနှင့် လက်တွဲဆောင်ရွက်သွားမည်ဟုလည်း ပြောခွင့်ရ ဖာရန်ဟက်က ပြောကြားသည်။