- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
ကျောင်းသူ ၁၃ ဦးကို အဓမ္မပြုကျင့်ခဲ့သူ အင်ဒိုနီးရှားကျောင်းဆရာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရ
အင်ဒိုနီးရှားနိုင်ငံတွင် ဘာသာရေးစာသင်ကျောင်း တစ်ကျောင်း၌ ကျောင်းသူ ၁၃ ဦးအား အဓမ္မပြုကျင့်ခဲ့သူ ဆရာတစ်ဦးကို အင်္ဂါနေ့တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
16 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၁၆
အင်ဒိုနီးရှားနိုင်ငံတွင် ဘာသာရေးစာသင်ကျောင်း တစ်ကျောင်း၌ ကျောင်းသူ ၁၃ ဦးအား အဓမ္မပြုကျင့်ခဲ့သူ ဆရာတစ်ဦးကို အင်္ဂါနေ့တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဟယ်ရီဝီရာဝမ်ကို အနောက်ဂျာဗားရှိ ဘန်ဒွန်းခရိုင်တရားရုံးက အသက်မပြည့်သေးသော ကျောင်းသူ ၁၃ ဦးအား အဓမ္မပြုကျင့်မှုဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။ အဆိုပါ ကျောင်းသူများအနက် အနည်းဆုံး ရှစ်ဦးမှာ ကိုယ်ဝန်လွယ်ထားရကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။
ဟယ်ရီဝီရာဝမ်သည် ပြီးခဲ့သော ငါးနှစ်တာအတွင်း ကလေးငယ်များကိုပါ အဓမ္မပြုကျင့်ခဲ့ကြောင်း တရားခွင်တွင် ပေါ်ပေါက်ခဲ့သည်။ ကလေးအများစုမှာ ပညာသင်ဆုဖြင့် ကျောင်းတက်နေကြသည့် ဆင်းရဲသားလူတန်းစားများ ဖြစ်သည်။
ကျောင်းသူတစ်ဦး၏ မိသားစုက အဓမ္မပြုကျင့်မှုဖြင့် ဝီရာဝမ်အား တရားစွဲဆိုခဲ့ရာမှ နောက်ဆက်တွဲ အမှုများ တစ်သီတစ်တန်း ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
ဝီရာဝမ်၏ အမှုသည် တစ်နိုင်ငံလုံး အုတ်အော်သောင်းတင်း ဖြစ်ခဲ့သလို သမ္မတဂျိုကိုဝီဒိုဒိုကိုယ်တိုင် အအထူးသတိထား စောင့်ကြည့်နေကြောင်း အစိုးရအဖွဲ့မှ ထိပ်ပိုင်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
၎င်းအား တရားသူကြီးက ထောင်ဒဏ်တစ်သက်တစ်ကျွန်း အမိန့်ချမှတ်ချိန်၌ အသက် ၃၆ နှစ်အရွယ် ဝီရာဝမ်သည် ခေါင်းငုံ့ထားကြောင်း သတင်းတွင် ဖော်ပြသည်။
ပြစ်မှုကျူးလွန်ခံခဲ့ရသူများ၏ ထိခိုက်နစ်နာမှုများအတွက် အစိုးရမှ လျော်ကြေးငွေပေးဆောင်ရန်လည်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းတွင် ဘာသာရေးစာသင်ကျောင်း နှစ်သောင်းခွဲခန့်ရှိပြီး အဆိုပါကျောင်းများတွင် ကျောင်းအိပ်ကျောင်းစား သင်ကြားနေသူ ကျောင်းသားကျောင်းသူပေါင်း ငါးသန်းနီးပါးရှိသည်။
အဆိုပါကျောင်းများတွင် စာသင်ကြားမှုများသည် အထူးတင်းကြပ်ပြီး ကျောင်းသားများသည် နေ့ခင်းပိုင်း၌ ပုံမှန်စာသင်မှုအပြင် ညပိုင်းတွင်လည်း ကိုရန်နှင့် အစ္စလာမ်ဘာသာရေး သင်ကြားမှုများကိုပါ လေ့လာရသည်။