- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
- လက်နက်ကိုင်တပ်ဖွဲ့အချို့ လူမျိုးရေးအစွဲပြု၍ ဖြိုခွဲနေကြောင်း စစ်ကောင်စီ လက်ဝေခံ ပါတီများ အပြစ်ဆို
- AA ပစ်ခတ်သဖြင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားနှစ်ဦး ဒဏ်ရာရ
- ရသေ့တောင်၊ ထွန်းရဝေရွာ ဗုံးကြဲခံရမှု ဒေသခံ ၁၃ ဦး သေဆုံး၊ ၂၀ ဦးထက်မနည်း ဒဏ်ရာရ
မြန်မာအနေဖြင့် ဒီမိုကရေစီအစိုးရ လမ်းကြောင်းသို့ ပြန်လည်လျှောက်လှမ်းသင့်သည်ဟု ယူကေ ပြော
မြန်မာနိုင်ငံသည် ဒီမိုကရေစီနည်းကျ ရွေးချယ်ထားသည့် အစိုးရတစ်ရပ် အဖြစ် ပြန်လည် လျှောက်လှမ်းသင့်သည်ဟု ဗြိတိန်က သြဂုတ်လ ၂ ရက်နေ့တွင် ပြောကြားလိုက်သည်။
04 Aug 2021

DMG ၊ ဩဂုတ် ၄
မြန်မာနိုင်ငံသည် ဒီမိုကရေစီနည်းကျ ရွေးချယ်ထားသည့် အစိုးရတစ်ရပ် အဖြစ် ပြန်လည် လျှောက်လှမ်းသင့်သည်ဟု ဗြိတိန်က သြဂုတ်လ ၂ ရက်နေ့တွင် ပြောကြားလိုက်သည်။
အာဏာသိမ်းပြီး ခြောက်လအကြာ၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ကြီးချုပ်ရာထူး ရယူထားသည့် အိမ်စောင့်အစိုးရ ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက် ထွက်ပေါ်ပြီးနောက် ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“မြန်မာနိုင်ငံမှာ စစ်တပ်အခေါ် အရေးပေါ်အခြေအနေ သတ်မှတ်ထားတာကို ထပ်မံတိုးမြှင့်တဲ့ စစ်တပ်ရဲ့ဆုံးဖြတ်ချက်ဟာ လက်ခံနိုင်ဖွယ်ရာ မရှိသလို သူတို့ရဲ့ ဒီမိုကရေစီမဆန်တဲ့ အာဏာချုပ်ကိုင်မှု အားကောင်းခိုင်မာအောင် ဗြောင်ကျကျ ကြိုးပမ်းမှုတစ်ရပ်လည်း ဖြစ်ပါတယ်” ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမိနစ်ရက်ဘ်က တွစ်တာပေါ်တွင် ရေးသားထားသည်။
“အာဏာသိမ်းအစိုးရအနေနဲ့ သူတို့ရဲ့ ထိန်းချုပ်မှုကို ရွေးကောက်ခံအစိုးရ တစ်ရပ်ထံ ပြန်လည်အပ်နှင်းရမှာ ဖြစ်သလို မြန်မာလူထုရဲ့ ဒီမိုကရေစီနည်းကျ သဘောထားဆန္ဒကိုလည်း လေးစားရမှာပါ” ဟု ဝန်ကြီးက ရေးသားထားသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အရပ်သားအစိုးရအား ဖြုတ်ချကာ အာဏာရယူခဲ့သော မြန်မာစစ်တပ်သည် အာဏာသိမ်းမှု ၆ လ ပြည့်မြောက်သည့် သြဂုတ်လ ၁ ရက်နေ့တွင် အိမ်စောင့်အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ အသစ်ဖွဲ့စည်းလိုက်သော အိမ်စောင့်အစိုးရ အဖွဲ့၌ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသည်။