- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
အိန္ဒိယမှာ ဆန်တင်ပို့မှု တားမြစ်ချက်ကြောင့် ထိုင်းဆန်တင်ပို့မှု အကျိုးအမြတ်ရနေ
အိန္ဒိယနိုင်ငံသည် ဘာဆာမတီအမျိုးအစားဆန် မှလွဲ၍ အခြားဆန်များအားလုံးကို ပြည်ပတင်ပို့မှု တားမြစ်ထားသည်။
07 Aug 2023
အိန္ဒိယနိုင်ငံတွင် ပြည်ပသို့ ဆန်တင်ပို့ရောင်းချမှု တားမြစ်ထားသည့်အတွက် ထိုင်းနိုင်ငံသည် အကျိုးအမြတ် ရရှိနေကြောင်း ထိုင်းကုန်သွယ်ရေးဝန်ကြီးက သြဂုတ်လ ၇ ရက်နေ့တွင် ပြောကြားလိုက်သည်။
အစိုးရအနေဖြင့် ပြည်တွင်းသုံးစွဲမှုနှင့် ပြည်ပတင်ပို့မှု နှစ်မျိုးလုံး ဖူလုံစေရေးအတွက် သေချာဆောင်ရွက်မည် ဖြစ်သလို ပြည်တွင်းဆန်စျေးနှုန်းကိုလည်း အလွန်အမင်း မြင့်တက်လာခြင်းမျိုး မဖြစ်အောင် ဆောင်ရွက်မည်ဟု ဝန်ကြီး ဂျူရင်လာဆာနာဝီဆစ်က သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားသည်။
အိန္ဒိယနိုင်ငံသည် ဘာဆာမတီအမျိုးအစားဆန် မှလွဲ၍ အခြားဆန်များအားလုံးကို ပြည်ပတင်ပို့မှု တားမြစ်ထားသည်။ ပြည်တွင်းဆန်စျေး မြင့်တက်လာမှုကို ထိန်းညှိရန် ယခုကဲ့သို့ ပိတ်ပင်ခြင်းဖြစ်ကြောင်း အိန္ဒိယ စားသုံးသူရေးရာနှင့် အစားအစာဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံသည် ၂၀၂၃ ခုနှစ် ပထမ ၇ လအတွင်း ပြည်ပသို့ ဆန်မက်ထရစ်တန်ချိန် ၄.၈ သန်း တင်ပို့ခဲ့ကာ တစ်လချင်းတင်ပို့မှု ပမာဏသည် မက်ထရစ်တန်ချိန် ၇ သိန်းမှ ၈ သိန်းအထိ ရှိနေသည်။
ထိုင်းနိုင်ငံသည် အိန္ဒိယပြီးလျှင် ကမ္ဘာ့ဆန်တင်ပို့မှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်သည်။ ထိုင်းဆန်တင်ပို့မှုသည် ယမန်နှစ်က မက်ထရစ်တန်ချိန် ၇.၇၁ သန်းရှိခဲ့ရာမှ ယခုနှစ်အတွင်း ပြည်ပသို့ ဆန် မက်ထရစ်တန်ချိန် ၈ သန်းအထိ တင်ပို့နိုင်မည်ဟု မျှော်လင့်ထားကြောင်း ထိုင်းဆန်တင်ပို့သူများအသင်း ဥက္ကဌ ချာရိုဝန် လောသာမာတက်က ပြောကြားသည်။
ကမ္ဘာတစ်ဝန်း ဆန်တင်ပို့မှုစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းကျော်သည် အိန္ဒိယနိုင်ငံမှ တင်ပို့နေခြင်း ဖြစ်သဖြင့် ယခုကဲ့သို့ တားမြစ်ချက်သည် ပြည်ပဆန်ကို မှီခိုနေရသည့် နိုင်ငံများအတွက် စားနပ်ရိက္ခာအရေး စိုးရိမ်စရာ ဖြစ်လာနေကြောင်း သုတေသနကုမ္ပဏီ Gro Intelligence က ပြောကြားထားသည်။