- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
တရုတ်ပြည် ဘေဂျင်းတွင် ပြင်းထန်သောသဲမုန်တိုင်း တိုက်ခတ်
တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် တနင်္လာနေ့က ပြင်းထန်သော သဲမုန်တိုင်း တိုက်ခတ်ခဲ့ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။
16 Mar 2021

DMG ၊ မတ် ၁၆
တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် တနင်္လာနေ့က ပြင်းထန်သော သဲမုန်တိုင်း တိုက်ခတ်ခဲ့ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။
လူဦးရေ ၂၂ သန်းနီးပါးရှိသော ဘေဂျင်းတွင် တိုက်ခတ်ခဲ့သော အဆိုပါမုန်တိုင်းသည် ဆယ်စုနှစ်တစ်ခုနီးပါးအတွင် အပြင်းထန်ဆုံး သဲမုန်တိုင်းဖြစ်သည်။ မုန်တိုင်းကြောင့် မြို့တော်၏ ကောင်းကင်တစ်ခုလုံး လိမ္မော်ရောင်သန်းပြီး ကြောက်စရာအသွင် ဖြစ်နေသည်ကို ဓာတ်ပုံများတွင် တွေ့မြင်ရသည်။
မုန်တိုင်းကြောင့် လေကြောင်းခရီးစဉ် ၄၀၀ ကျော် ဆိုင်းငံ့ခဲ့ရကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြို့နေလူထုအနေဖြင့် လမ်းပေါ်မထွက်ဘဲ အိမ်တွင်း၌သာ နေထိုင်ကြရန် ဘေဂျင်းအာဏာပိုင်များက အကြံပြုထားသည်။
သဲမုန်တိုင်းသည် မွန်ဂိုလီးယားဘက်မှ ဝင်ရောက်လာခြင်း ဖြစ်ပြီး အဆိုပါနေရာတွင်လည်း လူ ခြောက်ဦး သေဆုံးကာ ၈၁ ဦး ပျောက်ဆုံးနေကြောင်း တရုတ်အာဏာပိုင်များ၏ ကြေညာချက်များအရ သိရသည်။
ဘေဂျင်းမြို့တစ်ဝိုက် ဧရိယာသည် ယခင်တည်းက လေထုညစ်ညမ်းမှု ရှိနေပြီး ယခု သဲမုန်တိုင်းကြောင့် အန္တရာယ်ပေးနိုင်သည့် အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ကမ္ဘာ့လေထုတိုင်းတာရေး အညွန်းကိန်းအရ သိရသည်။