- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
တောင်-မြောက် နှစ်နိုင်ငံဆက်ဆံရေးရုံးကို မြောက်ကိုရီးယား ဖောက်ခွဲဖျက်ဆီး
မြောက်ကိုရီးယားသည် တောင်-မြောက်နှစ်နိုင်ငံ နယ်စပ်ရှိ မြောက်ကိုရီးယားဘက်ခြမ်းတွင် ရှိသော နှစ်နိုင်ငံဆက်ဆံရေးရုံးအား အင်္ဂါနေ့တွင် ဖောက်ခွဲဖျက်ဆီးလိုက်သည်။
16 Jun 2020

မြောက်ကိုရီးယားသည် တောင်-မြောက်နှစ်နိုင်ငံ နယ်စပ်ရှိ မြောက်ကိုရီးယားဘက်ခြမ်းတွင် ရှိသော နှစ်နိုင်ငံဆက်ဆံရေးရုံးအား အင်္ဂါနေ့တွင် ဖောက်ခွဲဖျက်ဆီးလိုက်သည်။
ယခုလုပ်ရပ်သည် အမေရိကန်၊ တောင်ကိုရီးယားတို့နှင့် နယူကလီးယားအရေး ဆွေးနွေးမှုများ ရှေ့ဆက်မတိုးနိုင်ဖြစ်နေသည့်အပေါ် မြောက်ကိုရီးယား၏ မကျေနပ်ချက်ကို ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်ကြောင်း အေပီသတင်းတွင် ရေးသားထားသည်။
ရုံးတွင်း၌ မည်သည့်လုပ်ငန်းလည်ပတ်မှုမှ မရှိသလို ၎င်းရုံးအား ဖျက်ဆီးမည့်အကြံကိုလည်း မြောက်ကိုရီးယားလည်း အစောပိုင်းတည်းက ပြောကြားမှုများ ရှိခဲ့သည်။ ယခုလုပ်ဆောင်ချက်ကြောင့် တောင်-မြောက်နှစ်နိုင်ငံအကြား စစ်ပွဲဖြစ်ပွားလာမှုကို စိုးရိမ်မှုများလည်း ပေါ်ပေါက်လျက်ရှိသည်။
အင်္ဂါနေ့အစောပိုင်းကလည်း မြောက်ကိုရီးယားက နှစ်နိုင်ငံနယ်စပ်ရှိ စစ်မဲ့ဇုန်သို့ စစ်တပ်စေလွှတ်ပြီး ရှေ့တန်းနေရာကို ခံတပ်အဖြစ်ပြောင်းလဲလိုက်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေးရုံးအား မိမိတို့ ဖောက်ခွဲဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရပိုင် သတင်းဌာနက ကြေညာခဲ့သည်။ နောက်ပိုင်းတွင် တောင်ကိုရီးယားအစိုးရကလည်း ဆက်ဆံရေးရုံး ဖောက်ခွဲဖျက်ဆီးခံရသည်ကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်အား ထုတ်ပြန်ခဲ့သည်။
မြောက်ကိုရီးယားအနေဖြင့် တင်းမာမှုများပေါ်ပေါက်အောင် ဆက်လက်ဆောင်ရွက်နေမည် ဆိုပါက တောင်ကိုရီးယားအနေဖြင့်လည်း ပြင်းထန်သောတုန့်ပြန်မှုများ လုပ်ဆောင်သွားမည်ဟု တောင်ကိုရီးယားက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
နှစ်နိုင်ငံဆက်ဆံရေးရုံးအား ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ဖွင့်လှစ်ခဲ့ပြီး အစောပိုင်းကာလများတွင် တစ်ဘက်မှ ဝန်ထမ်း ၂၀ ခန့်စီ ရုံးထိုင်ခဲ့ကြသည်။ ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ဇန်နဝါရီလတည်းက စတင်ကာ ရုံးတွင်းဆောင်ရွက်ချက်များကို ရပ်ဆိုင်းထားသည်။