- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
ထိုင်ဝမ်အတွက် လိုအပ်လျှင် အရေးပေါ်စစ်ရေးအကူအညီ ပေးမည့်အစီအစဉ် ဂျပန်နှင့် အမေရိကန် ပူးပေါင်းရေးဆွဲ
တရုတ်နှင့် တင်းမာမှုများ မြင့်တက်လာနေသည့် ထိုင်ဝမ်အတွက် အရေးပေါ်အခြေအနေ တစ်ရပ်ရပ် ကြုံလာရပါက ဂျပန်နှင့် အမေရိကန်စစ်တပ်တို့ ပူးပေါင်းစစ်ဆင်ရေး ဆင်နွှဲမည့် အစီအစဉ်မူကြမ်းတစ်ရပ် ရေးဆွဲထားကြောင်း ဂျပန်အခြေစိုက် ကျိုဒိုသတင်းဌာန၏ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အမည်မဖော်ပြထားသည့် ဂျပန်အစိုးရ သတင်းရင်းမြစ်များကို ကိုးကားပြီး ကျိုဒိုသတင်းဌာနက ဖော်ပြထားခြင်းဖြစ်သည်။
26 Dec 2021

DMG ၊ ဒီဇင်ဘာ ၂၆
တရုတ်နှင့် တင်းမာမှုများ မြင့်တက်လာနေသည့် ထိုင်ဝမ်အတွက် အရေးပေါ်အခြေအနေ တစ်ရပ်ရပ် ကြုံလာရပါက ဂျပန်နှင့် အမေရိကန်စစ်တပ်တို့ ပူးပေါင်းစစ်ဆင်ရေး ဆင်နွှဲမည့် အစီအစဉ်မူကြမ်းတစ်ရပ် ရေးဆွဲထားကြောင်း ဂျပန်အခြေစိုက် ကျိုဒိုသတင်းဌာန၏ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အမည်မဖော်ပြထားသည့် ဂျပန်အစိုးရ သတင်းရင်းမြစ်များကို ကိုးကားပြီး ကျိုဒိုသတင်းဌာနက ဖော်ပြထားခြင်းဖြစ်သည်။
ယခုအစီအစဉ်အရ အမေရိကန်မရိန်းတပ်ဖွဲ့သည် ဂျပန်နှင့် ထိုင်ဝမ်အကြားရှိ နန်စီကျွန်းတွင် ယာယီအခြေစိုက်စခန်းများ ကနဦး နေရာချထားမည်ဖြစ်ပြီး ထိုမှတစ်ဆင့် တပ်ဖြန့်မည်ဟု ကျိုဒိုသတင်းတွင် ဖော်ပြသည်။
ဂျပန်စစ်တပ်က အဆိုပါတပ်စခန်းများအတွက် ထောက်ပံ့ရေးနှင့် လက်နက်ခဲယမ်း အကူအညီများ ပေးမည်ဖြစ်သည်။
ယခုအစီအစဉ်မူကြမ်းအား သက်ဆိုင်ရာ နိုင်ငံခြားရေး၊ ကာကွယ်ရေးဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးကာ သဘောတူညီမှု ရရှိပါက လာမည့်နှစ်အစောပိုင်းတွင် အကောင်အထည်ဖော်နိုင်ခြေ ရှိကြောင်း သတင်းတွင် ဖော်ပြသည်။
တရုတ်သည် ထိုင်ဝမ်ကျွန်းအား ၎င်းတို့ပိုင်နက်အဖြစ် ပြောကြားထားပြီး ပြီးခဲ့သော ၂ နှစ်တာကာလ အတွင်းတွင်လည်း စစ်ရေးနှင့် သံတမန်ရေးနည်းလမ်းများဖြင့် ဖိအားပေးကာ ထိုင်ဝမ်၏ အချုပ်အခြာအာဏာကို ထိပါးလျက်ရှိသည်။ တရုတ်၏ လုပ်ရပ်ကြောင့် ထိုင်ဝမ်ဘက်ကလည်း အကြီးအကျယ် မကျေနပ်မှု ရှိနေသလို အမေရိကန်အစိုးရကလည်း စိုးရိမ်ပူပန်မှုများ ရှိနေသည်။
မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားသော်လည်း လိုအပ်လာပါက ကိုယ့်ကိုယ်ကိုယ် ကာကွယ်မည်ဟု ထိုင်ဝမ်အစိုးရက ပြောကြားထားသည်။
ဂျပန်သည် အမေရိကန်၏ အဓိကကျသည့် စစ်အခြေစိုက်စခန်းများကို လက်ခံထားသောနိုင်ငံ ဖြစ်သည်။ ဂျပန် အိုကီနာဝါကျွန်းရှိ အခြေစိုက်စခန်းသည် ထိုင်ဝမ်မှ လေကြောင်းခရီးတို အကွာအဝေးတွင် တည်ရှိနေပြီး တရုတ်၏ တိုက်ခိုက်မှုများသာ ရှိလာခဲ့မည် ဆိုပါက အဆိုပါကျွန်းဆွယ်သည် အမေရိကန်၏ အကူအညီများအား ထိုင်ဝမ်သို့ပေးရန် အထူးအရေးပါသော နေရာဖြစ်သည်။
အမေရိကန်အစိုးရသည် ထိုင်ဝမ်အတွက် လက်နက်များ အဓိက ရောင်းချပေးနေသည့် နိုင်ငံဖြစ်ကာ ထိုင်ဝမ်ကို အကူအညီပေးရန် သဘောတူညီမှု ရှိထားသည်။
အမေရိကန်နှင့် ခိုင်မာသော စစ်ရေးမဟာမိတ် ဖြစ်နေသည့် ဂျပန်သည် ထိုင်ဝမ်အပေါ် တရုတ်၏ လုပ်ရပ်များကို မလိုလားသည့် အမူအရာများ ထင်ထင်ရှားရှား ပြသထားပြီး ဖြစ်လာနိုင်ခြေ အနေအထား အမျိုးမျိုးကို ထည့်သွင်းစဉ်းစားထားကြောင်းလည်း ပြောကြားထားသည်။
ယခုလ အစောပိုင်းကလည်း ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးက တရုတ်ကသာ ထိုင်ဝမ်ကို တိုက်ခိုက်လာပါက ဂျပန်နှင့် အမေရိကန်တို့က ငြိမ်နေမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။