- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
တရုတ်နှင့်မမှားအောင် ထိုင်ဝမ်အလံ ထောင်ထားရန် ထိုင်ဝမ်ကုမ္ပဏီများအား ထိုင်ဝမ်အစိုးရ သတိပေး
မြန်မာနိုင်ငံတွင် ရှိနေသည့် ထိုင်ဝမ်ကုမ္ပဏီများအနေဖြင့် တရုတ်နှင့် မှားယွင်းပြီး ဖျက်ဆီးခံရမှုမျိုးမဖြစ်အောင် ထိုင်ဝမ်အလံများ လွှင့်ထူထားကြရန် ထိုင်ဝမ်အစိုးရက ယခု မတ်လ ၁၅ ရက်နေ့တွင် အကြံပြုထားသည်။
15 Mar 2021

DMG ၊ မတ် ၁၅
မြန်မာနိုင်ငံတွင် ရှိနေသည့် ထိုင်ဝမ်ကုမ္ပဏီများအနေဖြင့် တရုတ်နှင့် မှားယွင်းပြီး ဖျက်ဆီးခံရမှုမျိုးမဖြစ်အောင် ထိုင်ဝမ်အလံများ လွှင့်ထူထားကြရန် ထိုင်ဝမ်အစိုးရက ယခု မတ်လ ၁၅ ရက်နေ့တွင် အကြံပြုထားသည်။
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၌ မတ်လ ၁၄ ရက်နေ့က တရုတ်ပိုင် ကုမ္ပဏီအချို့ မီးရှို့ခံရမှုများ ဖြစ်ပွားခဲ့သဖြင့် ထိုင်ဝမ်က ယင်းကဲ့သို့ အကြံပြုချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ထိုင်ဝမ်ကုမ္ပဏီများအနေဖြင့် “ ထိုင်ဝမ်စီးပွားရေးလုပ်ငန်းများ ” ဟု မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားကြရန်နှင့် ထိုင်ဝမ်အလံများ လွှင့်ထူထားကြရန်၊ အနီးတစ်ဝိုက်ရှိ ဒေသခံများကိုလည်း မိမိတို့ လုပ်ငန်းမှာ ထိုင်ဝမ်ပိုင်ဖြစ်ကြောင်း ရှင်းပြထားကြရန် မြန်မာနိုင်ငံဆိုင်ရာ ထိုင်ဝမ်သံရုံးက အကြံပြုထားသည်။
မြန်မာနိုင်ငံသားများသည် အာဏာရယူထားသော မြန်မာစစ်တပ်အား တရုတ်အစိုးရက ကျောထောက်နောက်ခံ ပေးထားသည်ဟုယူဆကာ တရုတ်အပေါ် မကျေနပ်မှုများ မြင့်တက်လျက်ရှိသည်။
တရုတ်အစိုးရကမူ မြန်မာ့အရေးသည် ပြည်တွင်းရေးသာဖြစ်ကြောင်း ပြောထားသလို အာဏာရယှုမှုအား နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများကိုလည်း ဆန့်ကျင်ထားသည်။
မတ်လ ၁၄ ရက်၊ တနင်္ဂနွေနေ့၌ ရန်ကုန်ရှိ စက်ရုံ ၃၂ ရုံ တိုက်ခိုက်ခံခဲ့ရပြီး ဒေါ်လာ ၃၇ သန်းဖိုးခန့် ဆုံးရှုံးပျက်စီးခဲ့ကာ ဝန်ထမ်းနှစ်ဦး ဒဏ်ရာရရှိထားကြောင်း တရုတ်အစိုးရပိုင် မီဒီယာက ကြေညာထားသည်။