- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
လိင်ပြောင်းပြီးနောက် ထုတ်ပယ်ခံရသည့် တောင်ကိုရီးယားစစ်မှုထမ်းက တပ်ကို ပြန်တရားစွဲမည်
အသက် ၂၂ နှစ်အရွယ် ဗျောင်ဟွေဆူးသည် တပ်ထဲသို့ အမျိုးသားတစ်ဦးအဖြစ် ဝင်ရောက်အမှုထမ်းခဲ့သည်။ လိင်ပိုင်းဆိုင်ရာ အဆင်မပြေသည့် ရောဂါလက္ခဏာများ ပေါ်ပေါက်ပြီး ကျန်းမာရေး ချွတ်ယွင်းမှုများ ခံစားလာရသဖြင့် နိုဝင်ဘာလတွင် ထိုင်းနိုင်ငံသို့ သွားရောက်ပြီး အမျိုးသမီးတစ်ဦးအဖြစ် လိင်ပြောင်း ခွဲစိတ်ကုသခဲ့ခြင်း ဖြစ်သည်။
23 Jan 2020

လိင်ပြောင်းပြီးနောက် စစ်တပ်က ထုတ်ပယ်ရန်ဆုံးဖြတ်လိုက်သည့် တောင်ကိုရီးယားစစ်သည် ဗျောင်ဟွေဆူး က စစ်တပ်အား တရားစွဲသွားမည်ဟု ပြောကြားလိုက်သည်။
အသက် ၂၂ နှစ်အရွယ် ဗျောင်ဟွေဆူးသည် တပ်ထဲသို့ အမျိုးသားတစ်ဦးအဖြစ် ဝင်ရောက်အမှုထမ်းခဲ့သူ ဖြစ်သည်။ လိင်ပိုင်းဆိုင်ရာ အဆင်မပြေသည့် ရောဂါလက္ခဏာများ ပေါ်ပေါက်ပြီး ကျန်းမာရေး ချွတ်ယွင်းမှုများ ခံစားလာရသဖြင့် နိုဝင်ဘာလတွင် ထိုင်းနိုင်ငံသို့ သွားရောက်ပြီး အမျိုးသမီးတစ်ဦးအဖြစ် လိင်ပြောင်း ခွဲစိတ်ကုသခဲ့ခြင်း ဖြစ်သည်။
ဗျောင်ဟွေဆူးက ယခုဖြစ်ရပ်နှင့် ပတ်သက်၍ စစ်တပ်အား “အရိုးစွဲနေသော ဖိနှိပ်ချုပ်ချယ်မှု” အဖြစ် စွပ်စွဲပြောဆိုလိုက်သည်။
သူမအနေဖြင့် ခွဲစိတ်ကုသရန် အစီအစဉ်မရှိကြောင်း၊ စစ်ဆေးရုံသို့ တက်ရောက်ကုသရာမှ ဆရာဝန်များက အကြံပေးခဲ့ခြင်း ဖြစ်ကြောင်း သူမက ပြောကြားသည်။
“အစက ကျမအနေနဲ့ စစ်မှုထမ်းသက်တမ်းကုန်ဆုံးပြီးမှ ခွဲစိတ်မယ်၊ ပြီးတော့မှ တပ်ထဲကို အမျိုးသမီးစစ်သည်အနေနဲ့ ပြန်ဝင်ပြီး အမှုထမ်းမယ်လို့ ဆုံးဖြတ်ထားတာပါ။ ဒါပေမဲ့ စိတ်ကျလက္ခဏာတွေ အရမ်းများလာလို့ ခုလိုဖြစ်သွားတာပါ။” ဟု သူမက ထပ်လောင်းပြောကြားသည်။
တောင်ကိုရီးယား စစ်တပ်ကမူ “ဆက်လက် အမှုထမ်းရန် မဖြစ်နိုင်တော့သည့် အခြေအနေ” ဟု ပြောဆိုသည်။ မိမိတို့သည် ခွဲခြားဆက်ဆံမှုမရှိကြောင်း စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တောင်ကိုရီးယား စစ်တပ်တွင် လိင်ပြောင်းစစ်သည်များအတွက် သီးခြား စည်းမျဉ်းများ မရှိပေ။
ယခုဖြစ်ရပ်ကြောင့် လိင်ပြောင်းစစ်သည်များ၊ လိင်တူချစ်သူများအပေါ် ခွဲခြားဆက်ဆံမှုများအား ဆွေးနွေးမှုများလည်း ပေါ်ပေါက်လျက်ရှိကြောင်း BBC သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
တောင်ကိုရီးယားတွင် စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းထားသဖြင့် အရွယ်ရောက်ပြီး ကျန်းမာသန်စွမ်းသူ အမျိုးသားအားလုံးသည် ၂ နှစ်နီးပါး စစ်မှုထမ်းကြရသည်။