- ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ထောင်ဒဏ် ၁ နှစ် ချမှတ်ခံရ
- လက်နက်မချလျှင် 'အမြစ်ဖြတ်ချေမှုန်းခံရမည်' အစ္စရေးက ဟားမားစ်ကို ခြိမ်းခြောက်
- အသည်းရောင်အသားဝါ ရောဂါကြောင့် စစ်တွေမြို့ခံတစ်ဦး သေဆုံး
- အမ်းတွင် အမျိုးသမီးငယ်တစ်ဦးကို ဖခင်က ၆ နှစ်ကြာ အဓမ္မပြုကျင့်မှု ရှိခဲ့
- တိုက်ပွဲများကြောင့် မောင်တောဒေသခံများ စိုးရိမ်နေကြ
ရုရှားအတွက် စပိုင်လုပ်မှုဖြင့် ယူကေသံရုံး ဝန်ထမ်းတစ်ဦး ဂျာမနီတွင် ဖမ်းဆီးခံရ
ဂျာမနီနိုင်ငံဆိုင်ရာ ယူကေသံရုံးဝန်ထမ်း တစ်ဦးအား ဂျာမနီအစိုးရက ရုရှားအတွက် စပိုင်လုပ်မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
13 Aug 2021

DMG ၊ ဩဂုတ် ၁၃
ဂျာမနီနိုင်ငံဆိုင်ရာ ယူကေသံရုံးဝန်ထမ်း တစ်ဦးအား ဂျာမနီအစိုးရက ရုရှားအတွက် စပိုင်လုပ်မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယူကေသံရုံးတွင် ဒေသခံဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသည့် အဆိုပါ ဗြိတိသျှလူမျိုးအား ဂျာမနီနိုင်ငံအရှေ့ပိုင်း ပို့စ်ဒမ်းမြို့တွင် အင်္ဂါနေ့က ဖမ်းဆီးလိုက်ကြောင်း ဗဟိုအစိုးရရှေ့နေများရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါဝန်ထမ်းသည် သူတာဝန်ယူထားရသည့် လုပ်ငန်းများနှင့် ဆက်စပ်သည့် စာရွက်စာတမ်းများအား ရုရှားထောက်လှမ်းရေး ကိုယ်စားလှယ်တစ်ဦးထံသို့ အနည်းဆုံး တစ်ကြိမ် ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဆိုပါလုပ်ရပ်အတွက် ပမာဏ အတည်မပြုနိုင်သည့် ငွေသားများ လက်ခံရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။
အဆိုပါဝန်ထမ်းကို ဖမ်းဆီးရေးအတွက် ဂျာမနီနှင့် ဗြိတိသျှအာဏာပိုင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
ဗြိတိသျှနိုင်ငံခြားရေး ရုံးကမူ အစိုးရဝန်ထမ်းတစ်ဦး ဖမ်းဆီးခံရကြောင်း အတည်ပြုသော်လည်း ထင်မြင်ချက်တစ်စုံတစ်ရာ ဖြေကြားခြင်း မရှိပေ။
ဆက်စပ်ဖတ်ရှုရန်
- ဗြိတိန်လေဆိပ်များ၌ လေကြောင်းထိန်းချုပ်ရေးစနစ် ချို့ယွင်းရာမှ ခရီးစဉ်နှောင့်နှေးမှုများ ဖြစ်ပေါ်
- မိန်းကလေးသုံးဦးကို သတ်ဖြတ်ခဲ့သည့် ဆယ်ကျော်သက်ကို စီရင်ချက်ချတော့မည်
- အမေရိကန်နှင့် မဟာမိတ်များ ‘ဒရုန်း’သင်္ဘောများ စမ်းသပ်
- ရေငုပ်သင်္ဘောများ ပူးတွဲထုတ်လုပ်ရန် ဗြိတိန်နှင့် ဩစတြေးလျတို့ သဘောတူလက်မှတ်ထိုးမည်
မြန်မာ့ရေးရာ

ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးကျန်းမာရေး ယိုယွင်းလာသည်ဟု ကင်အဲရစ် ပြော
By Admin 05 Sep 2025

ထိုင်းအစိုးရက မြန်မာဒုက္ခသည်များ၏ ကျန်းမာရေးအတွက် ဘတ်သန်း ၁၆၀ သုံးရန် လျာထား
By Admin 04 Sep 2025

ထိုင်းကုန်စည်လမ်းကြောင်းကို ရနောင်းနှင့် မယ်ဆိုင်ဘက်သို့ပြောင်းရန် မြန်မာ အကြံပြု
By Admin 02 Sep 2025

ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
By Admin 01 Sep 2025

ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
By Admin 31 Aug 2025
ထိပ်တန်း သတင်းများ
-
အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားချက် (စက်တင်ဘာ ၁ မှ ၇ ရက်နေ့အထိ)
-
အသည်းရောင်အသားဝါ ရောဂါကြောင့် စစ်တွေမြို့ခံတစ်ဦး သေဆုံး
-
အမ်းတွင် အမျိုးသမီးငယ်တစ်ဦးကို ဖခင်က ၆ နှစ်ကြာ အဓမ္မပြုကျင့်မှု ရှိခဲ့
-
တိုက်ပွဲများကြောင့် မောင်တောဒေသခံများ စိုးရိမ်နေကြ
-
စစ်ရေး၊ နိုင်ငံရေး ဖိအားများနှင့် အာရက္ခတပ်တော်
-
ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
ဆောင်းပါး
အင်တာဗျူး

"AA ရဲ့ ကျောက်ဖြူကို သိမ်းမှုက တော်တော်ကြီးမားတဲ့ တော်လှန်ရေးဆူနာမီ ဖြစ်လိမ့်မယ်"
By Admin 20 Jul 2025