- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်ရှိမည်
ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြုသံအမတ်တစ်ဦး အတည်ပြုခန့်အပ်ရေးအား ရွှေ့ဆိုင်းသည့် အဆိုပြုချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံက လက်ခံလိုက်ကြောင်း ကုလသတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
07 Dec 2021

DMG ၊ ဒီဇင်ဘာ ၇
ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြုသံအမတ်တစ်ဦး အတည်ပြုခန့်အပ်ရေးအား ရွှေ့ဆိုင်းသည့် အဆိုပြုချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံက လက်ခံလိုက်ကြောင်း ကုလသတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ယခုဆုံးဖြတ်ချက်ကြောင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းသည် လက်ရှိရာထူးအတိုင်း ဆက်ရှိနေမည်ဖြစ်သည်။
မြန်မာအာဏာပိုင်များနှင့် အာဖဂန်နစ္စတန် တာလီဘန်တို့ အဆိုပြုထားသည့် ကိုယ်စားလှယ်အသစ် ရွေးချယ်မည့်အစီအစဉ်အား ဆိုင်းငံ့ရေးအဆိုပြုချက်ကို တနင်္လာနေ့ကျင်းပသည့် အထွေထွေညီလာခံ၌ လက်ခံလိုက်ခြင်းဖြစ်သည်။
ဆုံးဖြတ်ချက်ကို မဲခွဲခြင်းမဟုတ်ဘဲ ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။
လက်ရှိသံအမတ်ကြီး ဦးကျော်မိုးထွန်းသည် မြန်မာစစ်တပ်က ဖြုတ်ချခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သားအစိုးရက ခန့်အပ်ခဲ့သည့် သံအမတ်ဖြစ်သည်။
ဆိုင်းငံ့ရေးအဆိုပြုချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အရည်အချင်းစစ်ကော်မတီဥက္ကဌ ဖြစ်သူ ကုလသမဂ္ဂဆိုင်ရာ ဆွီဒင်သံအမတ် အန်နာအက်နက်စထရွန်းက တင်သွင်းခဲ့ခြင်းဖြစ်သည်။
ကော်မတီအဖွဲ့ဝင် ၉ နိုင်ငံအနေဖြင့် နောက်ထပ်အစည်းအဝေး ပြုလုပ်ရန် စီစဉ်ထားခြင်း မရှိသေးသဖြင့် ယခုဆိုင်းငံ့ချက် မည်မျှအထိ ကြာမြင့်မည်ကို မပြောနိုင်သေးကြောင်း သူမက ပြောကြားသည်။
ကြားကာလအတွင်း သံအမတ်ကြီးဦးကျော်မိုးထွန်းသည် လက်ရှိရာထူးအတိုင်း မြန်မာကိုကိုယ်စားပြုလျက် ရှိနေမည်ဖြစ်ကာ မြန်မာအာဏာပိုင်များက လူစားထိုးခန့်အပ်ရန် အဆိုပြုထားသည့် ဦးအောင်သူရိန်သည် အဆိုပါကာလအတွင်း ကုလသမဂ္ဂတွင် မြန်မာကို ကိုယ်စားပြုတက်ရောက်ခွင့် ရရှိမည်မဟုတ်ပေ။