- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
နှစ်သစ်ကူးတွင် အပစ်ရပ်ကြရန် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်သစ် တောင်းဆို
အကြမ်းဖက်မှုများ သီတင်းပတ်များစွာ အရှိန်မြင့်လာသည့် မြန်မာနိုင်ငံတွင် နှစ်သစ်ကူးကာလ၌ အပစ်အခတ် ရပ်စဲပေးကြရန် ကုလသမဂ္ဂက အသစ်ခန့်အပ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက ပြောကြားလိုက်သည်။
29 Dec 2021

DMG ၊ ဒီဇင်ဘာ ၂၉
အကြမ်းဖက်မှုများ သီတင်းပတ်များစွာ အရှိန်မြင့်လာသည့် မြန်မာနိုင်ငံတွင် နှစ်သစ်ကူးကာလ၌ အပစ်အခတ် ရပ်စဲပေးကြရန် ကုလသမဂ္ဂက အသစ်ခန့်အပ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက ပြောကြားလိုက်သည်။
ဒီဇင်ဘာလ ၂၇ ရက်နေ့က ထွက်ရှိခဲ့သည့် သူမ၏ ထုတ်ပြန်ချက်၌ ကရင်နှင့် အခြားဒေသများတွင် အကြမ်းဖက်မှုများ မြင့်တက်လာမှုကြောင့် ပြည်သူ ထောင်ပေါင်းများစွာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရခြင်းအပေါ် အထူးစိုးရိမ်မိကြောင်း ဖော်ပြထားသည်။
“မြန်မာပြည်သူလူထုသည် ဒုက္ခဆင်းရဲ အလွန်အမင်း ခံစားနေရပြီး လူမှုစီးပွားရေးနှင့် လူသားချင်းအကူအညီပေးရေး အခြေအနေများသည်လည်း ကိုဗစ်-၁၉ ကပ်ဘေးကြီးကြောင့် ပိုမိုဆိုးရွားသွား” ကြောင်း နိုလင်းဟေဇာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“မိမိ၏ ပြည်သူလူထုအပေါ် ယခုကဲ့သို့ ဆင်းရဲဒုက္ခများ ဖြစ်ပေါ်စေသူများ အနေဖြင့် ၎င်းတို့၏ သေနတ်များကို အသံတိတ်ပေးရန်နှင့် အကူအညီလိုအပ်နေသည့် ပြည်သူလူထုကို အကာအကွယ်ပေးရန် လိုအပ်ပါသည်။ မြန်မာ့ကလေးငယ်များ၏ အနာဂတ်သည် ဤအချက်အပေါ် မူတည်နေပါသည်” ဟု နိုလင်းဟေဇာက ပြောကြားသည်။
သက်ဆိုင်ရာအင်အားစုများအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်နှင့် ပြည်သူများ၏ အကျိုးအတွက် ငြိမ်းချမ်းသောအဖြေတစ်ရပ် ရှာဖွေကြရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ တောင်းဆိုချက်ကိုလည်း သူမက ထပ်လောင်း တောင်းဆိုထားသည်။
နိုလင်းဟေဇာအား ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ကုလအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က ပြီးခဲ့သော အောက်တိုဘာလတွင် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။