- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
ဆီးရီးယားကဲ့သို့ ဖြစ်သွားနိုင်သည့် အလားအလာ မြန်မာနိုင်ငံတွင် မြင်နေရ
မြန်မာနိုင်ငံတွင် ဆန္ဒဖော်ထုတ်မှုများအား စစ်တပ်က အင်အားသုံးနှိပ်ကွပ်မှုများကြောင့် ဆီးရီးယားနိုင်ငံ၏ ပြည်တွင်းစစ်အခြေအနေမျိုးသို့ ဦးတည်သွားနိုင်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဧပြီလ ၁၃ ရက်နေ့တွင် ပြောကြားလိုက်သည်။
20 Apr 2021

DMG ၊ ဧပြီ ၂၀
မြန်မာနိုင်ငံတွင် ဆန္ဒဖော်ထုတ်မှုများအား စစ်တပ်က အင်အားသုံးနှိပ်ကွပ်မှုများကြောင့် ဆီးရီးယားနိုင်ငံ၏ ပြည်တွင်းစစ်အခြေအနေမျိုးသို့ ဦးတည်သွားနိုင်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဧပြီလ ၁၃ ရက်နေ့တွင် ပြောကြားလိုက်သည်။
မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ ထိန်းသိမ်းခံထားရသူ ၃၀၈၀ ဦးရှိပြီး လူ ၂၃ ဦးကို လျှို့ဝှက်ခုံရုံးက သေဒဏ်ချမှတ်လိုက်သည့် သတင်းများလည်း ထွက်ပေါ်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet က ကြေညာချက်တစ်စောင်၌ ထည့်သွင်းပြောကြားထားသည်။
“မြန်မာနိုင်ငံဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပဋိပက္ခ ဖြစ်မယ့်အနေအထားဆီ ဦးတည်နေတဲ့အတွက် စိုးရိမ်မိပါတယ်။ အတိတ်က ဆီးရီးယားနဲ့ တစ်ခြားနေရာတွေမှာ ဖြစ်ပျက်ခဲ့တဲ့ အမှားမျိုးကို နိုင်ငံတကာအနေနဲ့ ထပ်မံဖြစ်ပျက်ခွင့် မပြုသင့်တော့ပါဘူး” ဟု Michelle Bachelet က ပြောကြားသည်။
ဖေဖော်ဝါရီလမှ စတင်၍ မြန်မာနိုင်ငံတွင် မငြိမ်မသက်မှုများ တောက်လျှောက်ရှိနေပြီး စီးပွားရေးသည်လည်း ရပ်ဆိုင်းလျက်ရှိသည်။
ပြီးခဲ့သော သီတင်းပတ်များအတွင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကလည်း မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့အပေါ် တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာသဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်တွင်းစစ် ဖြစ်ပွားလာမည်ကို စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။
တိုင်းရင်းသားနယ်မြေများတွင် မြန်မာစစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ထောင်ပေါင်းများစွာသော ဒေသခံများသည် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။
“ဒါတွေဟာ ၂၀၁၁ ဆီးရီးယားဖြစ်စဉ်ကို ထင်ဟပ်နေပါတယ်” ဟု Michelle Bachelet က ပြောကြားသည်။
“အာဏာပိုင်တွေရဲ့ သူ့ပြည်သူအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ကာလရှည်ကြာ ဖိနှိပ်မှုတွေက တစ်ချို့သူတွေကို လက်နက်ကိုင်ဆောင် ခုခံတဲ့အထိ ဦးတည်သွားစေပါတယ်” ဟုလည်း သူမက ထပ်လောင်းပြောကြားသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေး လှုပ်ရှားမှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နှိမ်နင်းမှုကြောင့် သေဆုံးသူစုစုပေါင်းမှာ ဧပြီလ ၁၃ ရက်နေ့အထိ ရ၁၄ ဦးရှိပြီး ဖမ်းဆီးခံထားရသူ စုစုပေါင်း ၃၀၅၄ ဦးရှိကြောင်း အေအေပီပီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။