- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
အာဏာသိမ်းမှုကို ရှုတ်ချကြောင်း ထုတ်ပြန်ရန် ကုလလုံခြုံရေးကောင်စီ သဘောတူညီမှုမရ
မြန်မာနိုင်ငံအတွင်း စစ်တပ်၏ အာဏာသိမ်းမှုအား ရှုတ်ချကြောင်း ကြေညာရန်အတွက် ဗြိတိန်၏ အဆိုပြုတင်သွင်းချက်အား ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး၌ သဘောတူညီမှု မရခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
11 Mar 2021

DMG ၊ မတ် ၁၁
မြန်မာနိုင်ငံအတွင်း စစ်တပ်၏ အာဏာသိမ်းမှုအား ရှုတ်ချကြောင်း ကြေညာရန်အတွက် ဗြိတိန်၏ အဆိုပြုတင်သွင်းချက်အား ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး၌ သဘောတူညီမှု မရခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကြေညာချက်နှင့် ပတ်သက်သည့် အကြောင်းအရာများအား ဆက်လက်ဆွေးနွေးသွားရန်ရှိကြောင်း သံတမန်များက ပြောကြားသည်။
ဗြိတိန်က လုံခြုံရေးကောင်စီသို့ တင်သွင်းသည့် မူကြမ်းအား တရုတ်၊ ရုရှား၊ အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံတို့က ကန့်ကွက်ပြီး ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ရန်တောင်းဆိုခဲ့ကြကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
အာဏာသိမ်းသည်ဟု ရည်ညွှန်းပြောဆိုခြင်းနှင့် ထပ်တိုးအရေးယူမှုများလုပ်မည်ဟု ခြိမ်းခြောက်ထားခြင်းများအား ဖယ်ရှားပေးရန်အပါအဝင် အချက်များအား ပြန်လည်ပြင်ဆင်ရန် အဆိုပါနိုင်ငံများက တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ အဆိုတင်သွင်းချက်များအား လုံခြုံရးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံလုံးက သဘောတူမှသာ အတည်ပြု ထုတ်ပြန်နိုင်မည်ဖြစ်သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံအတွင်း စစ်တပ်၏ အရေးပေါ်အခြေအနေ ကြေညာခြင်းအပေါ် စိုးရိမ်ကြောင်းနှင့် ဖမ်းဆီးခံရသူများအားလုံးကို ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ပြောကြားချက်များ ပါဝင်သည့် ကြေညာချက်တစ်စောင်အား ဖေဖော်ဝါရီလအတွင်းက ထုတ်ပြန်ခဲ့သည်။ အာဏာသိမ်းမှုအား ရှုတ်ချကြောင်းအဆိုကိုမူ တရုတ်နှင့် ရုရှားနိုင်ငံများက ကန့်ကွက်မှုကြောင့် မထုတ်ပြန်နိုင်ခဲ့ပေ။
ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့် နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့အစည်းများက မြန်မာနှင့် ကမ္ဘာ့နိုင်ငံများအကြား လက်နက်ကုန်သွယ်မှုကို တားမြစ်ရန်နှင့် မြန်မာစစ်တပ်ကို ပစ်မှတ်ထားသည့် စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ချမှတ်ရန် တောင်းဆိုထားသည်။
သို့သော်လည်း လုံခြုံရေးကောင်စီတွင် အမေရိကန်၊ ပြင်သစ်နှင့် ဗြိတိန်တို့နည်းတူ တရုတ်နှင့် ရုရှားတို့တွင်လည်း ဗီတိုအာဏာရှိနေသဖြင့် မြန်မာအပေါ် အရေးယူပိတ်ဆို့မှုများအား မြန်မြန်ဆန်ဆန်ချမှတ်နိုင်ခြေ နည်းပါးကြောင်း သံတမန်များက ပြောကြားသည်။