- "ရခိုင်ပြည်တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုကဏ္ဍကို မြင့်တင်ဖို့လိုအပ်" Vox Pop
- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
အီရန်နှင့် ဆွေးနွေးမှုများပြန်စရန် အမေရိကန်မျှော်လင့်သော်လည်း နျူကလီးယားတိုးတက်မှုက “စိုးရိမ်ဖွယ်” ဖြစ်လာကြောင်း ပြောကြား
အမေရိကန်သည် အီရန်နှင့် နျူကလီးယားဆွေးနွေးပွဲများ အမြန်ဆုံးစတင်နိုင်ရန် မျှော်လင့်နေသည်ဟု အမေရိကန်အကြီးတန်း အရာရှိတစ်ဦးက အောက်တိုဘာလ ၄ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အီရန်အစိုးရ၏ နျူကလီးယားထုတ်လုပ်နိုင်မှု စွမ်းရည်မှာလည်း တိုးတက်လာနေပြီး “စိုးရိမ်ဖွယ်” ဖြစ်လာကြောင်းလည်း အဆိုပါ အရာရှိက မှတ်ချက်ပြု ပြောကြားခဲ့သည်။
07 Oct 2021

DMG ၊ အောက်တိုဘာ ၇

“ကျွန်တော်တို့အနေနဲ့ သိပ်မကြာခင် ဗီယင်နာမှာ ဆွေးနွေးမှုတွေလုပ်ဖို့ မျှော်လင့်နေပါတယ်။” ဟု အမည်ဖော်ပြမထားသည့် အကြီးတန်းအစိုးရ အရာရှိတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာလအစောပိုင်းတွင် ဆွေးနွေးမှု အသစ်များ စတင်နိုင်ဖွယ်ရှိကြောင်း တနင်္လာနေ့က ပြောကြားခဲ့သည်။
အီရန်၏ နျူကလီးယားအရေးသည် အင်္ဂါနှင့်ဗုဒ္ဓဟူးနေ့တို့တွင် ဝါရှင်တန်၌ကျင်းပမည့် အမေရိကန်-အစ္စရေး အမျိုးသားလုံခြုံရေးအဖွဲ့များအကြား ဆွေးနွေးပွဲတွင် အဓိကဆွေးနွေးစရာ အကြောင်းအရာ ဖြစ်လာတော့မည်ဖြစ်သည်။
အီရန်၏ နျူကလီးယားထုတ်လုပ်ရန် ကြံစည်ဆောင်ရွက်နေမှုကို ထိန်းချုပ်ရန်ရည်ရွယ်သည့် နိုင်ငံတကာ ညှိနှိုင်းဆွေးနွေးပွဲများမှ လက်ရှောင်နေရန် ဆုံးဖြတ်ခဲ့သည့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲပစ်ခဲ့သည့် သမ္မတဂျိုးဘိုင်ဒန်အနေဖြင့် ထိုပြဿနာရပ်ကို သံတမန်ရေးနည်းလမ်းအရ ဖြေရှင်းရန် စိတ်အားထက်သန်လျက်ရှိသည်။