အစိုးရရုံးများတွင် ဘွဲ့ရထက် လုပ်ငန်းကျွမ်းကျင်သူကို ဦးစားပေးခန့်အပ်ရန် သမ္မတထရမ့် ညွှန်ကြားမည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဗဟိုအစိုးရ၏ ဝန်ထမ်းခန့်အပ်မှုများတွင် ကောလိပ်ဒီဂရီထက် လုပ်ငန်းကျွမ်းကျင်မှုရှိသူများကို ဦးစားပေးခန့်အပ်စေမည့် ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ရန် စီစဉ်နေကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Foreign Desk 27 Jun 2020

 

(ဓာတ်ပုံ - Getty Images)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဗဟိုအစိုးရ၏ ဝန်ထမ်းခန့်အပ်မှုများတွင် ကောလိပ်ဒီဂရီထက် လုပ်ငန်းကျွမ်းကျင်မှုရှိသူများကို ဦးစားပေးခန့်အပ်စေမည့် ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ရန် စီစဉ်နေကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နိုင်ငံ၏ အကြီးဆုံးအလုပ်ရှင်အတွက် သမ္မတထရမ့်သည် အလုပ်သမားပေါ်လစီ စီမံခန့်ခွဲရေးအကြံပေး အဖွဲ့၏ အစည်းအဝေး၌ စီမံခန့်ခွဲရေး အမိန့်တစ်ရပ်ကို သောကြာနေ့တွင် လက်မှတ်ရေးထိုးရန် စီစဉ်ထားသည်။

ထရမ့်၏ သမီးဖြစ်ပြီး သမ္မတအကြံပေးနှင့် အမေရိကန် လုပ်သားအင်အားမူဝါဒ အကြံပေးဘုတ်အဖွဲ့၏ တွဲဘက်အမှုဆောင်လည်းဖြစ်သူ အိုင်ဗန်ကာထရမ့်သည် လုပ်ငန်းရှင်များ၏ ပြောင်းလဲနေသောလိုအပ်ချက်များနှင့် ကိုက်ညီစေရန်အတွက် လုပ်ငန်းခွင့်လေ့ကျင့်ရေးကို ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်လျက်ရှိသည်။

ဗဟိုအစိုးရသည် အမေရိကန်ပြည်ထောင်စု၏ အကြီးဆုံးသော အလုပ်ရှင်ဖြစ်သည်။ ဗဟိုအစိုးရလက်အောက်တွင် လုပ်ကိုင်နေသော အရပ်သား ဝန်ထမ်းအင်အားသည် စာပို့လုပ်ငန်းဝန်ထမ်းများကို ထည့်မတွက်ဘဲ ၂.၁ သန်းရှိသည်။

ဗဟိုအစိုးရ၏ ဝန်ထမ်းခန့်အပ်မှုစနစ် အပြောင်းအလဲသည် ပင်ကိုယ်စွမ်းရည်နှင့် လုပ်ငန်းကျွမ်းကျင်မှုရှိသည့် လုပ်အားကို ပိုမိုဖန်တီးပေးနိုင်လိမ့်မည်ဟု အိုင်ဗန်ကာထရမ့်က ခန့်မှန်းထားသည်။

ယခုညွှန်ကြားချက်သည် ဘွဲ့လက်မှတ်ပြသရန် လိုအပ်ချက်ကို ဖယ်ရှားလိုက်ခြင်းတော့ မဟုတ်ပေ။ လုပ်ငန်းပိုမိုကျွမ်းကျင်မှုရှိသူကို ဦးစားပေးပြီး ဘွဲ့လက်မှတ်သည် နံပါတ်တစ် လိုအပ်ချက် မဟုတ်တော့ခြင်းသာဖြစ်သည်။

အမေရိကန်တွင် လက်ရှိအချိန်၌ တစ်နေ့တစ်ခြား ပိုမိုဆိုးဝါးလာနေသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှင့်အတူ အလုပ်လက်မဲ့ဖြစ်သွားသူ စုစုပေါင်း ၄၄ သန်းရှိနေပြီဖြစ်ကြောင်း Business Insider သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

(ဓာတ်ပုံ - Getty Images)

ဗီဒီယိုများ