- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
ကိုရိုနာပိုးသတ်ဆေးဖြန်းခြင်းသည် လူကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း WHO သတိပေး
နိုင်ငံအချို့တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန်အတွက် လမ်းများပေါ်တွင် ပိုးသတ်ဆေးဖြန်းနေကြခြင်းသည် ဗိုင်းရပ်စ်အား မရှင်းလင်းနိုင်ရုံသာမက အများပြည်သူ၏ ကျန်းမာရေးကိုပင် အသက်အန္တရာယ်ဖြစ်စေနိုင်ခြေ ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားသည်။
23 May 2020

နိုင်ငံအချို့တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန်အတွက် လမ်းများပေါ်တွင် ပိုးသတ်ဆေးဖြန်းနေကြခြင်းသည် ဗိုင်းရပ်စ်အား မရှင်းလင်းနိုင်ရုံသာမက အများပြည်သူ၏ ကျန်းမာရေးကိုပင် အသက်အန္တရာယ်ဖြစ်စေနိုင်ခြေ ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားသည်။
ပိုးသတ်ဆေးသည် ဖုန်နှင့်အမှိုက်သရိုက်များကြားတွင် ဗိုင်းရပ်စ်ကို ထိထိရောက်ရောက် မရှင်းလင်းနိုင်ကြောင်း WHO ကပြောသည်။
လူသွားလမ်းများနှင့် ပလက်ဖောင်းများမှတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်သည်ဟု မိမိတို့မယူဆကြောင်း၊ နေအိမ်ပြင်ပ၊ လမ်းများနှင့် ဈေးကဲ့သို့နေရာများတွင် ဆေးဖြန်းခြင်းသည် ထိရောက်မည်မဟုတ်ကြောင်း WHO က မေလ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
လူ့ကိုယ်ခန္ဓာအား ဆေးဖြန်းခြင်းသည်လည်း ၎င်း၏တွံတေး သို့မဟုတ် အခြားသော ထိတွေ့မှုများမှ သူများထံမကူးစက်အောင် မကာကွယ်ပေးနိုင်သည့်အပြင် လူကို ဒုက္ခရောက်စေနိုင်သည့်အတွက် ရှောင်စေလိုကြောင်း WHO ကပြောကြားသည်။
ကလိုရင်း သို့မဟုတ် အခြားသော အဆိပ်ရှိသည့် ဓာတုပစ္စည်းများဖြင့် လူကိုပက်ဖြန်းခြင်းသည် မျက်လုံးနှင့် အရေပြားယားယံခြင်း၊ အသက်ရှူလမ်းကြောင်းနှင့် အူမကြီးတို့တွင် သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်ကြောင်း WHO က ပြောကြားသည်။
လေ့လာချက်များအရ ကိုရိုနာဗိုင်းရပ်စ်သည် အရာဝတ္ထုအမျိုးအစား အများအပြားပေါ်တွင် ရက်ပေါင်းများစွာ တွယ်ကပ်နေနိုင်ပြီး ထိုမှတစ်ဆင့် လူထံ ကူးစက်နိုင်ကြောင်း သိရသည်။ သို့သော်လည်း ဗိုင်းရပ်စ်သည် မျက်နှာပြင်အမျိုးမျိုးတွင် ကာလအပိုင်းအခြား မည်မျှအထိ အသက်ရှင်နိုင်သည်ကိုမူ တိတိကျကျ ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။
ကမ္ဘာတစ်ဝန်းတွင် မေလ ၂၂ ရက်အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု စုစုပေါင်း ၅ သန်းကျော်သွားပြီဖြစ်ကြောင်း Worldometer ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူစုစုပေါင်း ၃၃၆,၅၃၅ ဦးရှိနေပြီဖြစ်သည်။