- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
ဘာလုခါလီစခန်းမီးလောင်မှု အာဆာလက်ချက် ဖြစ်နိုင်ဟု စခန်းမှဒုက္ခသည်အချို့ ယူဆ
ပြီးခဲ့သောမတ်လ ၅ ရက်နေ့က ဘာလုခါလီ ဒုက္ခသည်အခန်း မီးအကြီးအကျယ် လောင်ကျွမ်းခဲ့မှုသည် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ အာဆာ၏လက်ချက် ဖြစ်နိုင်ကြောင်း စခန်းမှ ဒုက္ခသည်အချို့က ယူဆနေကြသည်။
12 Mar 2023

ပြီးခဲ့သောမတ်လ ၅ ရက်နေ့က ဘာလုခါလီ ဒုက္ခသည်အခန်း မီးအကြီးအကျယ် လောင်ကျွမ်းခဲ့မှုသည် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ အာဆာ၏လက်ချက် ဖြစ်နိုင်ကြောင်း စခန်းမှ ဒုက္ခသည်အချို့က ယူဆနေကြသည်ဟု BDNews 24 သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဘလောက်-ဒီ မှ နေအိမ်များ မီးလောင်နေစဉ် လူစိမ်းအချို့သည် ဘလောက်-စီမှ နေအိမ်များကို မီးတင်ရှို့ပြီးနောက် ကြောက်လန့်နေသော လူအုပ်ကြားထဲသို့ ဝင်ပြေးသွားကြသည်ဟု အသက် ၄၈ နှစ်အရွယ် ဒုက္ခသည်အမျိုးသမီး ဂျိုဟူရာဘီဂန်းက ပြောကြားသည်။
“မီးရှို့သူတွေဟာ စခန်းကမဟုတ်ဘူး၊ အပြင်လူတွေ။ ဘလောက်-စီက အဗ္ဗဒူဟာမစ်ရဲ့အိမ်ကို မီးရှို့ပြီးတော့ ထွက်ပြေးသွားကြတာ” ဟု ပြောကြားကြောင်း သတင်းတွင် ဖော်ပြသည်။
ဘလောက်-ဒီ တွင်နေထိုင်သူ မက်ဒ်အီလီယက်ကလည်း ယခုလောင်ကျွမ်းမှုအတွက် အာဆာတွင် တာဝန်ရှိသည်ဟု ပြောကြားသည်။
“အာဆာအဖွဲ့ဝင် အာဆန်နဲ့ နောက်နှစ်ယောက်သုံးယောက်လောက်က စခန်းကလူတွေကို ဒုက္ခရောက်သွားမယ်လို့ ခြိမ်းခြောက်တယ်။ သေနတ်တွေပစ်ပြပြီး အဗ္ဗဒူဟာမီရဲ့အိမ်ကို မီးရှို့သွားတာ” ဟု သူက bdnews24 သို့ ဖြေကြားသည်။
ကော့ဘဇားခရိုင် အုပ်ချုပ်ရေးအဖွဲ့က မီးလောင်ကျွမ်းမှုအပေါ် စစ်ဆေးနေပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးမှ ရှို့မီး သို့မဟုတ် မတော်တဆ လောင်ကျွမ်းရသည့်မီး ဆိုသည်ကို ဆုံးဖြတ်နိုင်မည်ဟု ပြောကြားကြောင်း သတင်းတွင် ဖော်ပြသည်။
မက်ဒ်အီလီယက် ကမူ “အဲဒါသာ တိုက်ဆိုင်တာဆိုရင် လူတွေကို ခြိမ်းခြောက်ပြီးတာနဲ့ ချက်ချင်း ထလောင်စရာမရှိဘူး” ဟုဆိုသည်။
အာဆာနှင့် RSO အကြား မကြေမလည်မှုများကြောင့် ယခုကဲ့သို့ မီးလောင်မှု ဖြစ်ပွားခဲ့ရခြင်း ဖြစ်နိုင်ကြောင်း အီလီယက်က ပြောကြားသည်။
မီးလောင်ကျွမ်းသည့်နေ့၌ မွတ်ဆလင်တစ်ဦးလည်း အဖမ်းခံခဲ့ရသည်ဟု ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မရှင်နာ မိုဟာမက်မီဇနာရာမန်က ပြောကြားသည်။
သို့သော်လည်း ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်ရဲတပ်ရင်း ၁၄ နှင့် အူခီးယာရဲတပ်ဖွဲ့တို့ကမူ အဆိုပါဖမ်းဆီးမှုနှင့် ပတ်သက်၍ သတင်းတစ်စုံတစ်ရာ မရှိဟု ဖြေကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်၊ အူခီးယာမြို့နယ်ရှိ ဘာလုခါလီ စခန်းအမှတ် ၁၁ တွင် မတ်လ ၅ ရက်နေ့လယ် ၂ နာရီကျော်ခန့်က မီးအကြီးအကျယ် လောင်ကျွမ်းခဲ့သည်။ စခန်း ဘီ-ဘလောက်တွင် စတင်လောင်ကျွမ်းခဲ့သည့် အဆိုပါမီးသည် အခြားဘလောက်များသို့ပါ အချိန်တိုအတွင်း ပျံ့နှံ့သွားခဲ့သည်။
အဆိုပါမီးကို ဘင်္ဂလားဒေ့ရှ် မီးသတ်ဌာန ၁၁ ခုနှင့် အရပ်ဘက်ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းကာ သုံးနာရီခန့် ငြိမ်းသတ်ခဲ့ရသည်။ မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၂၀၀၀ ကျော်ဆုံးရှုံးကာ ဒုက္ခသည် ၁၂၀၀၀ ခန့် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။