- အပစ်ရပ်သက်တမ်းတိုးမြှင့်ခြင်းကို စစ်ကောင်စီ အခွင့်ကောင်းယူနေဟု TNLA ပြော
- ကျောက်ဖြူမြို့ရှိ ခလရ (၃၄) တပ်ရင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲ
- စစ်တပ်အကြံ အောင်ပွဲခံမည်လား
- တော်လှန်ရေးတပ်များ လှုပ်ရှားစိုးမိုးမှုအောက်က မြန်မာအရှေ့တောင်ပိုင်းဒေသ
- ၃၄၄ အမြောက်တပ် တိုက်ခိုက်ခံရပြီးနောက် ရေကြည်တွင် စစ်ကောင်စီ အထိုင်ချခံစစ်ပြင်ထား
ဘာဆန်ချာကျွန်းသို့ မွတ်ဆလင်ဒုက္ခသည် ၅၀၀ ကျော် ထပ်ပို့
ဘာဆန်ချာကျွန်း၌ လူနေထိုင်ရန် မသင့်တော်ကြောင်း ကုလသမဂ္ဂ အပါအဝင် ဒုက္ခသည် အကူအညီပေးရေးအဖွဲ့များက ကနဦးတည်းက ဝေဖန်ထောက်ပြလျက်ရှိသည်။
29 Oct 2024

DMG ၊ အောက်တိုဘာ ၂၉
ဘင်္ဂလားဒေ့ရှ်အစိုးရသည် ကော့ဘဇားတွင် ရှိနေသည့် မွတ်ဆလင်ဒုက္ခသည်များအား ဘာဆန်ချာကျွန်းသို့ အသုတ်ခွဲပြီး ပို့လျက်ရှိရာ ယခု ၂၄ ကြိမ်မြောက်၌ ဒုက္ခသည် အယောက် ၅၀၀ ကျော်ကို ပို့လိုက်ကြောင်း BDNews24 သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
၎င်းတို့ကို ခေါ်ဆောင်သွားမည့် ဘတ်စ်ကားများအား တနင်္လာနေ့ညပိုင်းတွင် ကော့ဘဇားရှိ အူခီးယာ ဒုက္ခသည်စခန်း၌ တွေ့ခဲ့ရကြောင်း သတင်း၌ ဖော်ပြသည်။
ယခုတစ်ကြိမ်၌ လိုက်ပါမည့်သူ အရေအတွက်သည် ၅၀၀ မှ ၆၀၀ ခန့်အထိ ရှိနိုင်ကြောင်း ဒုက္ခသည် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး လက်ထောက်ကော်မရှင်နာ မိုဟာမက်ရှမ်ဆက် ဒူဇာနာယန်က ပြောကြားသည်။
အောက်တိုဘာလ ၂၉ ရက်နေ့တွင် ဘတ်စ်ကားများ ချာတိုဂရမ်မြို့သို့ ပါတန်ဂါအရပ်သို့ ရောက်ပြီးနောက် ထိုမှတစ်ဆင့် သင်္ဘောဖြင့် ဘာဆန်ချာသို့ ပို့မည်ဟု သူက ပြောသည်။
ပြီးခဲ့သော ဖေဖော်ဝါရီလတွင် ပို့ဆောင်ခဲ့သည် ၂၃ ကြိမ်မြောက်အသုတ်၌ ဒုက္ခသည် ၁,၅၂၇ ဦးကို ဘာဆန်ချာသို့ ပို့ဆောင်ခဲ့သည်။ ရှေ့ပိုင်း ၂၂ ကြိမ်အတွင်း ပို့ဆောင်ခဲ့သည့် ဒုက္ခသည်အရေအတွက်မှာ စုစုပေါင်း ၃၂,၀၀၀ ခန့်ရှိပြီဖြစ်သည်။
ကော့ဘဇားရှိ ဒုက္ခသည်စခန်းများတွင် မွတ်ဆလင်ဒုက္ခသည်စုစုပေါင်း တစ်သန်းကျော် နေထိုင်လျက်ရှိသည်။
အရေအတွက် အလွန်အမင်း ပြည့်ကျပ်လာသဖြင့် နေရာထိုင်ခင်း အဆင်မပြေမှုများ ရှိလာခဲ့ရာမှ ဘင်္ဂလားဒေ့ရှ် အစိုးရသည် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ ဒုက္ခသည်များကို အသုတ်လိုက်ခွဲပြီး ဘာဆန်ချာကျွန်းသို့ ပို့ဆောင်နေခြင်းဖြစ်သည်။
ဘာဆန်ချာကျွန်းသည် ဘင်္ဂလားပင်လယ်အော်တွင် တည်ရှိသည်။ ဘင်္ဂလားဒေ့ရှ် ကမ်းခြေနှင့် ၃၇ မိုင်ခန့် အကွာတွင် ရှိသည့် ဤကျွန်းသည် ကုန်းမြေအဖြစ် ပေါ်လာသည်မှာ နှစ် ၃၀ ခန့်သာရှိနေပြီး မိုးရာသီတွင် ရေတက်လေ့ရှိသည်။
အဆိုပါကျွန်း၌ လူနေထိုင်ရန် မသင့်တော်ကြောင်း ကုလသမဂ္ဂ အပါအဝင် ဒုက္ခသည် အကူအညီပေးရေးအဖွဲ့များက ကနဦးတည်းက ဝေဖန်ထောက်ပြလျက်ရှိသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဘာဆန်ချာတွင် ဒုက္ခသည်များကို နေရာချထားရန် ၂၀၁၅ ခုနှစ်တည်းက ပြင်ဆင်နေခဲ့ခြင်း ဖြစ်သည်။ ကျွန်းတွင် လူဦးရေ တစ်သိန်းနေထိုင်ရန် အသင့်ဖြစ်နေပြီဟု ၂၀၂၀ ဇန်နဝါရီလတွင် အာဏာပိုင်များက ပြောကြားခဲ့သည်။