- ဧရာဝတီက စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် စစ်ကောင်စီ ဖိအားပေးနေ
- ပူတင်ကို 'သိပ်စိတ်ပျက်မိတယ်' ဟု ထရမ့်ပြော
- သေနတ်နှင့် လက်နက်ပစ္စည်း လက်ဝယ်ရှိသူများ ၄၅ ရက်အတွင်း အပ်နှံကြရန် AA အသိပေး
- ရခိုင်တွင် မူးယစ်ဆေးဝါးများကို ဆက်တိုက်ဖမ်းဆီးနေ၊ ဖြန့်ဖြူးသူများထဲတွင် AA ရဲ များလည်း ပါဝင်
- တရုတ်စစ်ရေးပြပွဲမှာ ရေအောက်ဒရုန်း၊ အသံထက်မြန်တဲ့ သင်္ဘောဖျက်ဒုံး အပါအဝင် လက်နက်ကြီးတွေ ထုတ်ပြ
စစ်တပ်အတွက် လေယာဉ်ဆီထောက်ပံ့မှုအပေါ် ပစ်မှတ်ထားသည့် ဒဏ်ခတ်အရေးယူမှု အသစ်များ အမေရိကန်ချမှတ်
မြန်မာစစ်တပ်နှင့် ဆက်နွယ်နေသူများနှင့် စီးပွားရေးလုပ်ငန်းများအပေါ် ပစ်မှတ်ထားသည့် ဒဏ်ခတ်အရေးယူမှု အသစ်များ ချမှတ်လိုက်ကြောင်း အမေရိကန်အစိုးရက မတ်လ ၂၄ ရက်နေ့တွင် ကြေညာလိုက်သည်။
25 Mar 2023
မြန်မာစစ်တပ်နှင့် ဆက်နွယ်နေသူများနှင့် စီးပွားရေးလုပ်ငန်းများအပေါ် ပစ်မှတ်ထားသည့် ဒဏ်ခတ်အရေးယူမှု အသစ်များ ချမှတ်လိုက်ကြောင်း အမေရိကန်အစိုးရက မတ်လ ၂၄ ရက်နေ့တွင် ကြေညာလိုက်သည်။
အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက သောကြာနေ့ထုတ်ပြန်လိုက်သည့် အဆိုပါကြေညာချက်တွင် လူပုဂ္ဂိုလ်နှစ်ဦးနှင့် ကုမ္ပဏီခြောက်ခုတို့ ပါဝင်သည်။
ယခုအသစ်ထုတ်ပြန်လိုက်သည့် ဒဏ်ခတ်အရေးယူမှု စာရင်း၌ ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသူ ဦးထွန်းမင်းလတ်၊ ၎င်း၏ဇနီး ဒေါ်ဝင်းမင်းစိုး၊ Asia Sun Group ၊ Asia Sun Trading And Cargo Link Petroleum Logistics ၊ Star Sapphire ကုမ္ပဏီအုပ်စု၊ Star Sapphire Trading ကုမ္ပဏီတို့ ပါဝင်သည်။
၎င်းတို့သည့် မြန်မာစစ်တပ်အတွက် လေယာဉ်ဆီများ တင်သွင်းခြင်း၊ သိုလှောင်ခြင်းနှင့် ဖြန့်ဖြူးခြင်းများ ဆောင်ရွက်ပေးနေကြသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
မြန်မာစစ်တပ်သည် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူလူထုအပေါ် ရက်စက်ယုတ်မာမှုများ၊ အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေဆဲ ဖြစ်ကာ အရပ်ဘက် လူနေထူထပ်ရာ နေရာများကို လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာနေသည်ဟုလည်း အဆိုပါကြေညာချက်၌ ဖော်ပြသည်။