- "ညီနောင်သုံးဖွဲ့ကို ရှမ်းမြောက်တစ်ခုလုံးရဲ့ စံပြအဖြစ် စည်းစည်းလုံးလုံး ရှိချင်တယ်"
- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
အူရီဒူးမြန်မာကို စင်္ကာပူကုမ္ပဏီသို့ ဒေါ်လာ ၅၇၆ သန်းဖြင့် ရောင်းချ
အူရီဒူးမြန်မာ၏ လုပ်ငန်းလည်ပတ်မှုများအား စင်္ကာပူအခြေစိုက် Nine Communications ကုမ္ပဏီသို့ ရောင်းချရန် သဘောတူလက်မှတ်ထိုးလိုက်ပြီ ဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
08 Sep 2022

အူရီဒူးမြန်မာ၏ လုပ်ငန်းလည်ပတ်မှုများအား စင်္ကာပူအခြေစိုက် Nine Communications ကုမ္ပဏီသို့ ရောင်းချရန် သဘောတူလက်မှတ်ထိုးလိုက်ပြီ ဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင်းရှိ အူရီဒူး၏ ဆက်သွယ်ရေးလုပ်ငန်းများကို အမေရိကန်ဒေါ်လာ ၅၇၆ သန်းဖြင့် ရောင်းချရန် သဘောတူလိုက်ခြင်းဖြစ်သည်။
အူရီဒူးသည် မြန်မာနိုင်ငံတွင် တတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီဖြစ်သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်မီက အူရီဒူးသုံးစွဲသူ ၁၅ သန်းခန့်ရှိပြီး ၂၀၂၂ ခုနှစ်တွင် ၉ သန်းခန့်အထိ ကျဆင်းခဲ့သည်။
အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာစစ်တပ်သည် ကြားဖြတ်စောင့်ကြည့်နိုင်သည့် ထောက်လှမ်းရေးကိရိယာများ တပ်ဆင်ပေးရန် ဆက်သွယ်ရေးကုမ္ပဏီများအား ဖိအားပေးညွှန်ကြားမှုများ ရှိခဲ့သည်။ ထို့ပြင် ဆက်သွယ်ရေးကုမ္ပဏီကြီးများ၏ အကြီးတန်းအရာရှိများအနေဖြင့်လည်း ခွင့်ပြုချက်မရှိဘဲ နိုင်ငံမှ ထွက်ခွာခြင်းမပြုကြရန် လျှို့ဝှက်အမိန့်စာ ပေးပို့ခဲ့သည်။
အသုံးပြုသူ ၁၈ သန်းခန့်ရှိသည့် တယ်လီနောမြန်မာ ကုမ္ပဏီသည်လည်း မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုအားလုံးကို ယခုနှစ်အစောပိုင်းတွင် ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချခဲ့သည်။ လက်ဘနွန်အခြေစိုက် M1 လုပ်ငန်းစုနှင် ရွှေဗျိုင်းဖြူကုမ္ပဏီတို့ထံ ရောင်းချခဲ့ခြင်း ဖြစ်သည်။