- တရားမဝင်ငါးဖမ်းနေမှုများကို ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းဖြေရှင်းရန် မျှော်လင့်ကြောင်း AA ပြော
- တရုတ် လက်နက်ကိုင်ကြေးစားတပ်ဖွဲ့ဝင် ၂၇ ဦးကို Power China စက်ရုံတွင် အခြေချထား
- ညောင်ကျိုး ကျပြီးနောက် ကပစ စက်ရုံများတွင် စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်
- နောက်နှစ် အိဒ်ပွဲတော်ကို ရခိုင်ပြည်တွင် ကျင်းပရအောင် ကြိုးပမ်းပေးမည်ဟု မွတ်ဆလင်ဒုက္ခသည်များကို မိုဟာမက်ယူနွတ်ပြော
- ULA ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ ဖိတ်ခေါ်
နက်စ်ကော်ဖီအပါအဝင် Nestle စားသောက်ကုန်လုပ်ငန်းများ မြန်မာပြည်မှ ရုပ်သိမ်းတော့မည်
လက်ရှိစီးပွားရေးအခြေအနေကြောင့် ရန်ကုန်ရှိ Nestle စက်ရုံနှင့် ရုံးချုပ်ကို လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းတော့မည်ဟု Nestle ပြောခွင့်ရပုဂ္ဂိုလ်က အေအက်ဖ်ပီသတင်းဌာနသို့ ဖြေကြားသည်။
28 Feb 2023
ဆွစ်ဇာလန်အခြေစိုက် Nestle ကုမ္ပဏီကြီးက မြန်မာနိုင်ငံတွင် လည်ပတ်နေသည့် ၎င်း၏လုပ်ငန်းများကို ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ပြောကြားလိုက်သည်။
လက်ရှိစီးပွားရေးအခြေအနေကြောင့် ရန်ကုန်ရှိ Nestle စက်ရုံနှင့် ရုံးချုပ်ကို လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းတော့မည်ဟု Nestle ပြောခွင့်ရပုဂ္ဂိုလ်က အေအက်ဖ်ပီသတင်းဌာနသို့ ဖြေကြားသည်။ ရပ်ဆိုင်းမည့်အချိန်ကိုမူ ထည့်သွင်းပြောကြားခြင်း မရှိပေ။
Nestle သည် မြန်မာနိုင်ငံတွင် နက်စ်ကော်ဖီ၊ ခေါက်ဆွဲ၊ မိုင်လိုနှင့် ချောကလက်တို့ ထုတ်လုပ်ရောင်းချနေသည့် ကုမ္ပဏီကြီးဖြစ်သည်။ ယခုကဲ့သို့ လုပ်ငန်းရပ်ဆိုင်းပြီးနောက် မြန်မာကုမ္ပဏီတစ်ခုက ထိုင်း၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့တွင် ထုတ်လုပ်သော Nestle ထုတ်ကုန်များကို ဖြန့်ဖြူးရောင်းချသွားမည်ဟု အဆိုပါပြောခွင့်ရက ပြောသည်။
“ဒီဆုံးဖြတ်ချက်ကြောင့် ထိခိုက်နစ်နာရသူတွေကို ကျနော်တို့ အတတ်နိုင်ဆုံး ကူညီထောက်ပံ့သွားမှာပါ” ဟုလည်း Nestle ဘက်ကပြောကြားသည်။ သို့သော်လည်း မြန်မာပြည်တွင်း၌ Nestle ဝန်ထမ်းအရေအတွက် မည်မျှရှိသည်ကိုမူ ထည့်သွင်းပြောကြားခြင်း မရှိပေ။
Nestle သည် ပြီးခဲ့သောနှစ်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လုပ်ငန်းလည်ပတ်ငွေ ၉၅ ဘီလျံခန့်ရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံခြားကုမ္ပဏီကြီးများသည် နိုင်ငံမှ ထွက်ခွာလျက်ရှိရာတွင် တယ်လီနောနှင့် အူရီဒူးကဲ့သို့ ဆက်သွယ်ရေးလုပ်ငန်းများ၊ ချက်ဗရွန်နှင့် တိုတယ်ကဲ့သို့ ရေနံကုမ္ပဏီကြီးများလည်း ပါဝင်သည်။