သံတွဲ-အမ်း ကားလမ်း ပိတ်နေပေမဲ့ စစ်တွေ-အမ်း-ရန်ကုန် ကားလမ်း ပုံမှန်ပြေးဆွဲနေ

ခိုင်ရိုးလ 13 Jun 2018

dtv news - ရခိုင်ပြည်နယ်မှာ မိုးရွာသွန်းမှု ပြင်းထန်တဲ့အတွက် ရေတိုက်စားမှုကြောင့် သံတွဲ-တောင်ကုတ်-ကျောက်ဖြူ- ရမ်းဗြဲ-မအီ-အမ်း ကားလမ်းပိုင်း ပျက်စီးသွားပြီး ယာဉ်သွားလာခွင့်ကို ပိတ်ပင်ထားပါတယ်။ ဒါပေမယ့် စစ်တွေ-အမ်း-ရန်ကုန် ကားလမ်းကတော့ ပုံမှန်ပြေးဆွဲနေရတယ်လို့ စစ်တွေအဝေးပြေးကားဂိတ်က သိရပါတယ်။

သတင်း - ခိုင်ရိုးလ

ဟိန္ဒူဒုက္ခသည်စခန်းမှာ နေထိုင်ရေးအခက်အခဲဖြစ်နေ

13 Jun 2018

dtv news - ရခိုင်ပြည်နယ်အတွင်းမှာ ယခုအပတ်အတွင်း အဆက်မပြတ် မိုးရွာသွန်းနေမှုကြောင့် မောင်တောမြို့နယ်က ဟိန္ဒူ ဘာသာဝင်တွေကို နေရာချပေးထားတဲ့ မြို့မကညင်တန်းဒုက္ခသည်စခန်းမှာ နေထိုင်ရေးတွေ အခက်အခဲ ဖြစ်လာတယ်လို့ စခန်းတွင်းနေထိုင်သူတွေက ပြောပါတယ်။

သတင်း - ဝံသ (မောင်တော)

တောင်ကုတ်မြို့နယ်အတွင်း အဆောက်အဦး ၇ ခုနှင့် လူနေအိမ် ၃၀ ကျော် ပျက်စီး

13 Jun 2018

dtv news - တောင်ကုတ်မြို့နယ် မြို့တောင်ကျေးရွာမှာ ဇွန်လ ၁၁ ရက်နေ့ အာရုံတက်အချိန်က လေဆင် နှာမောင်းတိုက်ခတ်မှုကြောင့် အဆောက်အဦ ၇ လုံးနဲ့ လူနေအိမ် ၃၄ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သတင်း - ခိုင်မင်း (ကျောက်ဖြူ)

စက်လှေပျက်ပြီးရောက်လာသည့် ဘင်္ဂါလီ ၁၀၀ ကျော်ကို မောင်တောမြို့နယ်သို့ ခေါ်ယူ

12 Jun 2018

dtv news - ဘင်္ဂါလီ ၁၀၀ ကျော်ဟာ စက်လှေပျက်ပြီးတော့ အဲဒီနေရာကိုရောက်ရှိလာတာလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ရဲတပ်ဖွဲ့ဝင်တွေကစိစစ်ချက်အရသိရပြီး လက်ရှိမှာတော့ မောင်တောဘက်ကိုပို့လိုက်ပြီလို့ ရသေ့တောင် မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

သတင်း - နေဝင်းစံ

နိုင်ငံတကာအဆင့်မီ သင်ကြားပေးမည့် မူကြိုကျောင်း စစ်တွေမြို့မှာ ဖွင့်လှစ်

ခိုင်ရိုးလ 12 Jun 2018

ရခိုင်ပြည်နယ်မှာ ကလေးတွေ အင်္ဂလိပ်ဘာသာရပ်ကို နိုင်ငံတကာအဆင့်မီ သင်ကြားလို့ရမယ့် မူကြိုကျောင်းတစ်ကျောင်းကို စစ်တွေမြို့ မြို့သူကြီးရပ်ကွက်မှာ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိတယ်လို့ သိရပါတယ်။

မိုးဆက်လက်ရွာသွန်းပါက ကျေးရွာတချို့ ရေးလွှမ်းမိုးခံရနိုင်

12 Jun 2018

dtv news - သံတွဲမြို့နယ်မှာ ဇွန် ၇ နေ့ကစပြီး မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် အံတော်ချောင်းရေမှာ မြင့်တက်လာပြီး စိုးရိမ်ရေအမှတ်သို့ ရောက်နေကာ မိုးဆက်လက်ရွာသွန်းပါက ကျေးရွာတချို့ ရေလွှမ်းမိုးခံရနိုင်တယ်လို့ သိရပါတယ်။

သတင်း - မျိုးမြင့်ဇော်

ခရီးသည်များကို အမ်းမီးသတ်ဌာနက စပီးဒ်ဘုတ်ဖြင့် ကူးပေးနေ

စိမ်းကိုကို 12 Jun 2018

dtv nwes - ဇွန်လ ၁၁ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမ်းမြို့နယ် ပဒေးကြောကျေးရွာအနီး အမ်း-မအီကားလမ်းပိုင်မှာ မြေသားတာဘောင် ပေ ၁၀၀ နီးပါးကျိုးပျက်သွားတဲ့အတွက် ခရီးသည်နှင့် ကုန်တင်ယာဉ်တွေ သွားလာလို့မရဖြစ်နေပါတယ်။

သတင်း - စိမ်းကိုကို

ဆတ်ရိုးကျတံတားတည်ဆောက်ရေး ကုန်ကျမည့်ငွေပမာဏကို မသိရ

11 Jun 2018

ရခိုင်ပြည်နယ် စစ်တွေမြို့ရဲ့ လမ်းမတော်ရပ်ကွက်ကနေ ဆတ်ရိုးကျကျေးရွာကိုဆက်သွယ်သွားလာ နိုင်ရန်အတွက် ဆတ်ရိုးကျချောင်းကိုဖြတ်သန်းပြီး အရှည် ၁၆၄၂ ပေရှိတဲ့ ဆတ်ရိုးကျတံတား တည်ဆောက်ရေးစီမံကိန်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလကနေ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ငပလီမြို့မှာ ဓားထောက် လုယက်မှုတစ်ခုဖြစ်ပွား

11 Jun 2018

dtv news - ဇွန်လ ၉ ရက်နေ့ ညဉ့်အချိန် တစ်ဦးတည်းအိပ်ပျော်နေတဲ့ ဒေါ်သိန်းရင် အသက်(၆၇) နှစ်ရဲ့ နေအိမ်ပေါ်သို့ အမည်မသိ လူနှစ်ဦးတက်လာပြီး ဒေါ်သိန်းရင်ရဲ့ မျက်လုံးကို လက်ဖြင့်ပိတ်ကာ ပါးစပ်ထဲကို အဝတ်တွေထည့်ပြီး လက်တွေကို ကြိုးနဲ့ချည်းနှောင်ကာ နားကပ်တစ်ရံနဲ့ ငွေတစ်သိန်းကို ဓားထောက် လုယူသွားကြတာဖြစ်တယ်လို့ ဒေါ်သိန်းရင်က ပြောပါတယ်။

သတင်း - မျိုးမြင့်ဇော်

နိုင်ငံတကာဖိအားကို လုပ်နေချိန်မှာ အမျိုးသားလုံခြုံရေးအား ထိခိုက်သွားမည်ကို စိုးရိမ်နေ

ရွှေထက် 11 Jun 2018

dtv news - ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာဖိအားတွေကို အစိုးရကလိုက်လုပ်နေရချိန်မှာ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိပါးစေမလားလို့ စိုးရိမ်ချက်တွေ ရှိနေပါတယ်။

သတင်း - ရွှေထက်

ဆရာ၊ ဆရာမတွေ ရာထူးတိုးအတွက် ငွေကျပ် ၅ သိန်းပေးရတယ်လို့ သတင်းတွေ ထွက်ပေါ်နေ

ခင်သရဖီဦး 11 Jun 2018

ဆရာ၊ ဆရာမတွေက ရာထူးတိုးလျောက်တဲ့အခါမှာ ငွေကျပ် ၅ သိန်းပေးရင် စိတ်ကြိုက်နေရာကို ချပေးတယ်လို့ ငွေတောင်းခံရတဲ့ ဆရာမတစ်ဦးနဲ့ နီးစပ်သူ အမည်မဖော်လိုတဲ့ ကျောင်းဆရာတစ်ဦးက ပြောပါတယ်။

ရမ်းဗြဲလွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို တရားမစွဲသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များဆို

စိမ်းကိုကို 11 Jun 2018

dtv news - ရမ်းဗြဲမြို့နယ်၊ အမှတ်(၂) မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို ပညာရေးကိစ္စဝေဖန်တဲ့အတွက် အမှုဖွင့်တာဟာ မဖြစ်သင့်တဲ့ ကိစ္စတစ်ခုလို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောဆိုလိုက်ပါတယ်။

သတင်း - စိမ်းကိုကို

ဘင်္ဂါလီကျေးရွာများတွင် တာဝန်ကျနေသည့် ဆရာ/ မများအတွက် လုံခြုံရေးအားနည်း

10 Jun 2018

မောင်တောမြို့နယ်က ဘင်္ဂါလီကျေးတွေမှာ ဆရာ၊ ဆရာမတွေအတွက် လုံခြုံရေးအားနည်း ဝံသမောင်တောသတင်းပေးပို့ထားတာကို ဇင်စုခိုင်က တင်ဆက်ထားပါတယ်။ မောင်တောမြို့နယ်အတွင်း ဝေးလံခေါင်းဖျားတဲ့ ဘင်္ဂါလီကျေးရွာတွေမှာ တာဝန်ကျတဲ့ ပညာရေးဝန်ထမ်းတွေကို လုံခြုံရေးအပြည့်အဝပေးအပ်ဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။

ရေလှိုင်းတာဘောင်တွေ ပြိုကျမှုရှိလာတဲ့အတွက် ဒေသခံကျေးရွာသားတွေ စိုးရိမ်

10 Jun 2018

ကမ်းပါးပြိုမှုကို ကာကွယ်ဖို့ပြုလုပ်ထားတဲ့ ရေလှိုင်းတာဘောင်တွေ ပြိုကျမှုရှိလာတဲ့အတွက် ဒေသခံကျေးရွာ သားတွေ စိုးရိမ် မာန်အောင်မြို့နယ်အတွင်းက ရေမျက်ဝကျေးရွာကမ်းခြေမှာ ကမ်းပါးပြိုကျလာနေတဲ့အတွက် ရေလှိုင်း တာဘောင်တွေပြုလုပ်ပြီး ကမ်းပြိုမှုကိုကာကွယ်ထားပေမယ့် လက်ရှိမှာ အဲဒီရေလှိုင်းတာဘောင်တွေကပါ ပြိုကျမှုရှိလာနေပြီလို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။

ကျောက်ဖြူအထူူးစီးပွားရေးဇုန်ကိစ္စ ဒေသခံများတွေ့ဆုံဆွေးနွေး

09 Jun 2018

ကျောက်ဖြူအထူးစီးပွားရေးုဇုန်ဆိုင်ရာ ဒေသခံလူထုတွေ့တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ဒီကနေ့ ဇွန်လ ၈ ရက်နေ့၊နေ့လည်ပိုင်းက ကျောက်ဖြူမြို့နယ် ၊မင်းတက်တောင်ကျေးရွာမှာ ပြုလုပ်ခဲ့ပြီး အဲဒီတွေ့ဆုံဆွေးနွေး ပွဲကနေ အဓိကအချက်(၂) ချက်ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဆက်သွယ်ရေးဥပဒေနဲ့ အမှုဖွင့်ခံထားရတဲ့ ရမ်းဗြဲလွှတ်တော်အမတ်ကို သိန်း ၁၀၀ နဲ့ အာမခံပေး

09 Jun 2018

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခံထားရတဲ့ ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို ကျပ်သိန်း ၁၀၀ နဲ့ စစ်တွေမြို့မရဲစခန်းကနေ အာမခံပေးလိုက်တယ်လို့ သိရပါတယ်။

မိုးရေအောက်မှာ ၂ ရက်တာ စာသင်ခဲ့ရသည့် သံတွဲမြို့ အ.ထ.က(၂)

09 Jun 2018

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ မေ ၂၉ ရက်က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းဒဏ်ကြောင့် သံတွဲမြို့က အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၂) အဆောက်အဦမှာ အမိုးလန်ပျက်စီးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတချို့မှာ မိုးရေထဲ ၂ ရက်တာ စာသင်ကြားခဲ့ရတယ်လို့ သိရပါတယ်။

ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူ ၃၇၈ ဦးကို ပညာရည်ချွန်ဆုချီးမြှင့်

ခိုင်ရိုးလ 09 Jun 2018

တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ရခိုင်ပြည်နယ်အတွင်းက ထူးချွန်စွာ အောင်မြင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ခရိုင်အလိုက် ဆုချီးမြှင့်ပေးအပ်သွာမှာဖြစ်ပြီး ဒီနေ့ ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းမှာတော့ စစ်တွေခရိုင်အတွင်းက ကျောင်းသား၊ ကျောင်းသူတွေကို စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ဆုချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

ရခိုင်မှာ နိုင်ငံပိုင်သစ်ခွဲစက်များက အခွန် ၈ ရာခိုင်နှုန်း ကောက်ခံရရှိမှု မြင့်တက်

နေရောင်မင်း(စစ်တွေ) 08 Jun 2018

၂၀၁၇-၂၀၁၈ ခုနှစ် ရခိုင်ပြည်နယ်အတွင်း အထူးကုန်စည်ခွန်မှာပါဝင်တဲ့ နိုင်ငံပိုင်သစ်ခွဲစက်တွေက အခွန်ကောက်ခံရရှိမှုတိုးလာတာကြောင့် ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ထက် ၈ ရာခိုင်နှုန်းအထိ မြင့်တက်သွားတယ်လို့ စီမံကိန်းနှင့် ဘဣာရေးဝန်ကြီးဌာနရဲ့ ပြည်တွင်းအခွန်များဦးစီးဌာနက သိရပါတယ်။

ရခိုင်တွင် လုပ်သားရှားပါးလာသည့်အတွက် လယ်ထွန်စက် ဝယ်ယူအသုံးပြုမှုများလာ

08 Jun 2018

ရခိုင်ပြည်နယ်အတွင်း လယ်ယာစိုက်ပျိုးရေးအပိုင်းမှာ ကျွဲနွားတွေနည်းပါးလာပြီး အလုပ်သမားတွေ ရှားလာတဲ့အတွက် လယ်ထွန်စက် အသုံးပြုသူတွေ များလာနေတယ်လို့ လယ်ယာစိုက်ပျိုးရေး ထွန်စက်ရောင်းသူတွေထံက သိရပါတယ်။

Showing 101-120 of 358 items.