မလိုအပ်ဘဲ သိမ်းဆည်းထားသည့် လယ်ယာမြေများအား ပြန်လည်စွန့်လွှတ်ပေးရန် တောင်းဆို

22 Jun 2018

dtv news - အမ်းမြို့နယ်အတွင်း သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးငွေမရသေးတဲ့ သူတွေကိုပေးဖို့နဲ့ မလိုအပ်ဘဲ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို ပြန်လည်စွန့်လွှတ်ပေးဖို့ ဒေသခံ တောင်သူတွေက တောင်ဆိုနေကြတယ်လို့ ဇွန်လ ၂၀ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ အမ်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက တင်ပြတယ်လို့ သိရပါတယ်။

သတင်း - နေရာင်မင်း (စစ်တွေ)

အကြမ်းဖက်မှုနှင့်ဆက်စပ်ပြီး ဖမ်းဆီးစစ်ဆေးခံနေရသည့် ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ပြန်လွတ်

22 Jun 2018

dtv news - မောင်တောမြို့နယ်မှာ ၂၀၁၆ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ရဲကင်းစခန်းတွေ အကြမ်းဖက်ခံခဲ့ရမှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးစစ်ဆေးခံထားရတဲ့ ရှိုင်းဆောက်လုပ်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်း (ခ) ဇော်ကိရ် အာမတ်ကို ဇွန်လ ၂၀ ရက်နေ့မှာ မောင်တောခရိုင်တရားရုံးက တရားရှင်လွှတ်ပေးလိုက်တယ်လို့ သူရဲ့အမှုလိုက်ရှေ့နေတွေဆီက သိရပါတယ်။

သတင်း - ဝံသ (မောင်တော)

စစ်တွေမြို့မိမြို့ဖအဖွဲ့ဝင် ဦးအောင်သန်းဝေ ဖမ်းဆီးခံရ

22 Jun 2018

စစ်တွေမြို့ မြို့မိမြို့ဖအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးအောင်သန်းဝေကို ဇွန်လ ၂၁ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ ဦးအောင်သန်းဝေကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို ကာကွယ်ရေးဥပဒေပုဒ်မ ၁၀ နဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) စတဲ့ပုဒ်မတွေနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး(ဟောင်း) ဦးတင်မောင်ဆွေက လက်မှတ်ရေးထိုးပြီး

မောင်တောမြို့နယ်က လယ်သမားများကို ကျပ်သိန်းပေါင်း ၄ဝဝဝ ကျော် ထုတ်ချေးနေ

21 Jun 2018

dtv news - မောင်တောမြို့နယ်က တောင်သူလယ်သမားတွေအတွက် ဒီခုနှစ်မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေ ငွေကျပ်သိန်းပေါင်း ၄၀၀၀ ကျော်ကို ချေးငွေထုတ်ပေးနေတယ်လို့ မောင်တောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က သိရပါတယ်။

သတင်း - ဝံသ (မောင်တော)

အမ်းမြို့နယ် ရူးချာင်းရေတားတာပေါင် ကျိုးပေါက်သွားမှု

21 Jun 2018

dtv news - အမ်းမြို့နယ်၊ ရူးကျေးရွာရှိ ရူးချောင်း ရေတားတာပေါင်ပြုလုပ်ဖို့ ငွေကျပ် သန်း ၁၅၀ ကျော်အကုန်အကျခံကာ ငွေသဇင်ဖြိုးကုမ္ပဏီနဲ့ အစိုးရတို့ သုံးနှစ်အာမခံချက်နဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍနှစ်က သဘောတူ စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

သတင်း- နေရောင်မင်း (စစ်တွေ)

၂၀၁၈ - ၁၉ ပညာသင်နှစ်အတွက် ရခိုင်မှာ ဆရာ/မ ၄၀၀ ကျော်လိုအပ်နေ

21 Jun 2018

dtv news - ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ စာသင်ကျောင်းတွေကို ကျောင်းအဆင့်တိုးမြှင့် ပေးတာတွေ လုပ်ဆောင်နေပေမယ့် အဲဒီကျောင်းတွေမှာ စာသင်ကြားပေးနိုင်မယ့် ဆရာ၊ ဆရာမတွေကိုတော့ လုံလောက်စွာခန့်ထားမပေးနိုင်သေး ဘူးလို့ ပြည်နယ်ပညာရေးမှူးရုံးက သိရပါတယ်။

သတင်း - ခိုင်မင်း (ကျောက်ဖြူ)

လွတ်ငြိမ်းချမ်းသာခွင့် များများပေးရန် ဒေါက်တာအေးမောင် တောင်းဆို

ခိုင်ရိုးလ 21 Jun 2018

dtv news - နိုင်ငံသားတွေဖြစ်ပေမဲ့ ဥပဒေရေးရာမှာ မျှတစွာ မခံစားခဲ့ရတဲ့သူတွေ အကျဉ်းထောင်ထဲမှာ များစွာရှိနေတဲ့အတွက် သူတို့တွေလွတ်မြောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့် များများပေးဖို့ ဒေါက်တာအေးမောင်က တောင်းဆိုလိုက်ပါတယ်။

သတင်း - ခိုင်ရိုးလ

ရခိုင်မှာ လေပြင်းတိုက်ခတ်မှုကြောင့် လူပေါင်းတစ်သောင်းကျော် ဘေးဒုက္ခခံစားခဲ့ရ

ခိုင်ရိုးလ 20 Jun 2018

ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်း လူဦးရေတစ်သောင်းကျော် ဘေးဒုက္ခခံစားခဲ့ရတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရုံးက သိရပါတယ်။

ယာယီပိတ်ထားခဲ့ရသည့် ကျောင်းပေါင်း ၃၀၀ ကျော်ကို ပြန်လည်ဖွင့်လှစ်

စိမ်းကိုကို 20 Jun 2018

dtv news - ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် အရေးပေါ် ယာယီပိတ်ထားခဲ့ရတဲ့ စာသင်ကျောင်းပေါင်း ၃၀၀ ကျော်ကို ဇွန်လ ၁၈ ရက်နေ့မှာ အပြီးပြန်လည်ဖွင့်လှစ် ခဲ့ပြီဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက သိရပါတယ်။

သတင်း - စိမ်းကိုကို

ကုလအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်

20 Jun 2018

dtv news - ARSA တွေရဲ့ အကြမ်းဖက်သတ်ဖြတ်ခဲ့တာတွေကို ဇွန်လ ၁၈ ရက်နေ့ မောင်တောခရီးစဉ်လာရောက်တဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စစ်ခရစ္စတင်းရှယန်နာ ဘာဂီနာကို အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရတဲ့ ဟိန္ဒူ၊ မြို့နဲ့ ဘင်္ဂါလီတွေက အကြမ်းဖက်ခံခဲ့ရတဲ့အကြေင်း တင်ပြခဲ့ကြတာဖြစ်ပါတယ်။

သတင်း - ဝံသ (မောင်တော)

စေတီတောင်တိုက်နယ်ဆေးရုံကြီး ဖွင့်လှစ်ပြီးနှစ်နှစ်ခန့်အကြာမှာ ပြိုကျပျက်စီးမှုတွေရှိနေ

20 Jun 2018

dtv news - ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ကျေးရွာမှာ ၂၀၁၆ ခုနှစ် မတ်လ ၂၇ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တဲ့ ၁၆ ကုတင်ဆံ့ စေတီတောင်တိုက်နယ်ဆေးရုံဟာ ဖွင့်လှစ်ပြီး နှစ်နှစ်ခန့်အကြာမှာ ပြိုကျပျက်စီးမှုတွေ ရှိနေတာကြောင့် ဆေးရုံတာဝန်ရှိသူတွေအပါအဝင် ဒေသခံတွေက မကျေမနပ်ဖြစ်နေကြတယ်လို့ သိရပါတယ်။

သတင်း / ရိုက်ကူး - ညိုထွန်း

ရေလမ်းခရီးဖြင့် ကျောင်းသွားရသည့် ကျောင်းသားဦးရေ ထပ်တိုးလာနိုင်

19 Jun 2018

ရခိုင်ပြည်နယ်အတွင်းမှာ ရေလမ်းခရီးကိုအသုံးပြုပြီး ကျောင်းတက်ရောက်နေရတဲ့ ကျောင်းသား ဦးရေဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခု ပညာသင်နှစ်ရဲ့စာရင်းတွေအရ ၄၂၇၂ ဦးရှိခဲ့ပြီး အခုနှစ်မှာ ကျောင်းသား ၄၀၀ ခန့်ထပ်မံတိုးလာနိုင်တယ်လို့ ပြည်နယ်ပညာရေးမှူးရုံးက ပြောပါတယ်။

လှေစီးဒုက္ခသည်များထဲမှ ရခိုင်မှာနေထိုင်ခဲ့ဖူးသူများကို မူလနေရပ်သို့ ပို့ဆောင်

19 Jun 2018

dtv news - ရသေ့တောင်ပင်လယ်ကမ်းစပ်မှာ တွေ့ရှိခဲ့တဲ့ လှေစီးဒုက္ခသည် ဘင်္ဂါလီ ၁၀၀ ကျော်ကို စိစစ်ရာမှာ ရခိုင်မှာနေထိုင်ခဲ့ဖူးသူ ၉၂ ဦးပါဝင်တဲ့အတွက် သူတို့ရဲ့နေရပ်တွေဖြစ်တဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်သို့ ပြန်လည်ပို့ဆောင်လိုက်ပြီလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သိရပါတယ်။

သတင်း - ဝံသ(မောင်တော)

သောက်သုံးရေကန်တွေကို လူမှုအဖွဲ့အစည်းတွေရဲ့အကူညီနဲ့ ရေစုတ်ထုတ်

စိမ်းကိုကို 19 Jun 2018

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်းက ရေနစ်မြုပ်ခဲ့တဲ့ ကျေးရွာတွေထဲက ရေကန်တွေကို လူမှုအဖွဲ့ အစည်းတွေဖြစ်တဲ့ colorless အဖွဲ့နဲ့ ရခိုင့်အမျိုးသား လူမှုကယ်ဆယ်ရေးအဖွဲ့ရဲ့ အကူညီနဲ့ မင်းပြားမြို့နယ် နာရေးကူညီမှုအသင်းက ဇွန်လ ၁၇ ရက်နေ့ကနေ ရေစုတ်ထုတ်ပေးလျှက်ရှိတယ်လို့ သိရပါတယ်။

ဘူးသီးတောင်က ဝါးလုပ်ငန်းရှင်များ အရှုံးနှင့်ရင်ဆိုင်နေရ

19 Jun 2018

dtv news - ဝါးကို ဘူးသီးတောင်မြို့နယ်မှာ ရောင်းသလို၊ ဘင်္ဂလားဒေ့ရှ်ကိုလည်း တင်ပို့နေပေမယ့် ဝါးအရောင်းဆိုင်တွေရဲ့ ဈေးနိမ်မှုနဲ့ ဝါးကောင်းမရရှိတဲ့ အခြေအနေတွေကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်လို့ ဘူးသီးတောင်မြို့နယ် ဝါးဓနိလုပ်ငန်းရှင်များအသင်း ဥက္ကဌ ကိုဇော်နိုင်ဝင်းက ပြောပါတယ်။

ဆည်ကျိုးပေါက်မည်ကို ကျောက်တော်ဒေသခံများစိုးရိမ်နေ

18 Jun 2018

dtv nwes - ရခိုင်ပြည်နယ်မှာ ဇွန်လ ၇ ရက်နေ့က စပြီး မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် မြောက်ဦး၊ မင်းပြား၊ သံတွဲမြို့နဲ့ ကျောက်တောမြို့နယ်မှာ ရေနစ်မြှုပ်နေပြီး ကျောက်တော်မြို့နယ်မှာရှိတဲ့ ဆည်တွေ ကျိုးပေါက်သွားမည်ကို ဒေသခံတွေ စိုးရိမ်နေကြပေမဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်ကတော့ ဆည်တွေ ကျိုးပေါက်မည်ကို စိုးရိမ်စရာမရှိဘူးလို့ ပြောပါတယ်။

သတင်း - နေရောင်မင်း (စစ်တွေ)

ဘင်္ဂါလီ ၁၀၀ ကျော်ထဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၂ ဦး ပါဝင်

18 Jun 2018

dtv news - စက်လှေနစ်မြုပ်ပြီးရောက်ရှိလာတဲ့ ဘင်္ဂါလီလူမျိုး ၁၀၄ ဦးကို ဒီကနေ့အထိစိစစ်ချက်အရ ဘင်္ဂလားဒေရှ့် နိုင်ငံသား ၁၂ ဦးနဲ့ ဘူးသီးတောင်၊ မောင်တောမှာနေထိုင်ခဲ့တဲ့ ဘင်္ဂါလီ ၉၂ ဦးအထိပါဝင်ပြီး အားလုံးဟာ မလေးရှားနိုင်ငံကို သွားရောက်တာဖြစ်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း - နေဝင်းစံ

လေးမြို့မြစ်ရေ မြင့်တက်မှုကြောင့် မင်းပြားမှာ ကျေးရွာ ၂၀ ကျော် ရေနစ်မြုပ်

စိမ်းကိုကို 18 Jun 2018

ရခိုင်ပြည်နယ်မှာ ဇွန်လ ၇ ရက်နေ့ကစပြီး မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် လေးမြို့မြစ်ရေမှာ မြင့်တက်လာပြီး မင်းပြားမြို့နယ်က ရပ်ကွက်တချို့နဲ့ ကျေးရွာ ၂၀ ကျော်မှာ ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။

ဥပဒေရေးရာမှာ တပြေးညီဖြစ်ရန် ထုတ်ပြန်ဖို့လိုအပ်ကြောင်း ဒေါက်တာအေးမောင် ဆို

ခိုင်ရိုးလ 18 Jun 2018

dtv news - မြန်မာတစ်နိုင်ငံလုံး ဥပဒေရေးရာမှာ နိုင်ငံသားတွေ တပြေးညီခံစားခံစားနိုင်ဖို့ ပြည်ထောင်စုရှေ့နေချုပ် အနေဖြင့် စာထုတ်ပြန်သင့်တယ်လို့ ပုဒ်မသုံးခုနဲ့ တရားရင်ဆိုင်နေရတဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့ ရုံးထုတ်မှာပြောဆိုလိုက်ပါတယ်။

သတင်း - ခိုင်ရိုးလ

ရေနစ်မြုပ်မှုကြောင့် အိမ်ထောင်စု ၂၃ စုကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့

13 Jun 2018

dtv news - သံတွဲမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ရပ်ကွက်တချို့ရေနစ်မြုပ်နေပြီး အိမ်ထောင်စု ၂၃ စုကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရတယ်လို့ သံတွဲမြို့နယ် မီးသတ်ဦးဌာနက သိရပါတယ်။

သတင်း - မျိုးမြင့်ဇော်

Showing 81-100 of 358 items.