အစိုးရအဖွဲ့ နှင့် လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စီကိုင်စွဲထားသည့် မာနများကို လျော့ချရန်လို

08 Jun 2018

ရခိုင်ပြည်နယ်အတွက်ချပေးတဲ့ ဘတ်ဂျက်ငွေတွေကိုပြန်မအပ်ရအောင် အစိုးရအဖွဲ့နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ကိုယ်စီကိုင်စွဲထားကြတဲ့မာနတွေကို လျော့ချဖို့လိုတယ်လို့ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်က ဆေးရုံများတွင် ဆရာဝန်လိုအပ်ချက် ရှိနေ

စိမ်းကိုကို 08 Jun 2018

ရခိုင်ပြည်နယ်မှာ စစ်တွေပြည်သူ့ဆေးရုံကြီးအပါဝင် ပြည်သူ့ဆေးရုံးတွေနဲ့ တိုက်နယ်ဆေးရုံး ၇၀ ရှိပြီးတော့ အဲဒီဆေးရံုံတွေမှာ ဆရာဝန်တွေ လိုအပ်နေဆဲဖြစ်တယ်လို့ ပြည်နယ် ကျန်းမာ ရေးဦးစီးမှူး ဒေါက်ကြည်လွင်ကပြောပါတယ်။

အခမဲ့သင်ကြားနေတဲ့ စေတနာညကျောင်းက သုံးနှစ်အတွင်း ကျောင်းသား/သူ ၆၂ ဦး အောင်မြင်

ခိုင်ရိုးလ 07 Jun 2018

စစ်တွေမြို့ အထက ၁ ကျောင်းမှာ တက္ကသိုလ်ဝင်တန်း ၂ နှစ်အထက်ကျတဲ့ ကျောင်းသားတွေကို သင်ကြားပေးနေတဲ့ စေတနာညကျောင်းမှာ ၂၀၁၅ ခုနှစ် စတင်ဖွင့်လှစ်စဉ်ကနေ ယခု ၂၀၁၈ ခုနှစ် အထိ ကျောင်းသား၊ကျောင်းသူ ၆၂ ဦးအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ 

အုပ်ချုပ်ရေးအတွက်ပဲ ဘက်ဂျက်ငွေများစွာတောင်းခံမှု လွှတ်တော်ကိုယ်စားလှယ်များ ထောက်ပြ

07 Jun 2018

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွက်ပဲ ဘတ်ဂျက်ငွေတွေ များစွာတောင်းခံနေမှုဟာ သင့်တော်မှုမရှိဘူးလို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက အစိုးရကို ထောက်ပြပြောဆို လိုက်ပါတယ်။

ပင်စင်ယူ ပညာရေးဝန်ထမ်းများကို ကရုဏာကြေး တစ်လမှာ ၃ ဦးနှုန်းဖြင့် ထောက်ပံ့ပေးနေ

07 Jun 2018

ပင်စင်ယူသွားတဲ့ ပညာရေးဝန်ထမ်းတွေကို ထောက်ပံ့ငွေပေးအပ်ဖို့ မြောက်ဦးမြို့နယ်အတွင်းက ပညာရေးဝန်ထမ်းဆီကနေ ကရုဏာကြေးကို အခုနှစ်မှာ တိုးမြှင့်ကောက်ခံလိုက်ပြီး တစ်လကို ၃ ဦးနှုန်းနဲ့ ပင်စင်ယူပညာရေးဝန်ထမ်းတွေကို ထောက်ပံ့ပေးအပ်နေတယ်လို့ သိရပါတယ်။

ရခိုင်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၉၅ ဦးရှိ၊ သံတွဲခရိုင်မှာ အများဆုံးဖြစ်ပွားနေ

စိမ်းကိုကို 07 Jun 2018

ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ပေါက်တော၊ သံတွဲ စတဲ့ မြို့နယ်တွေမှာ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားနေပြီး သံတွဲခရိုင်အတွင်းမှာ အများဆုံးဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ကျောက်ဖြူမှာ လမ်းပျက်စီးနေမှုကြောင့် ကျောင်းသား ၈၀၀ ခန့် သွားလာရေးအခက်အခဲဖြစ်

06 Jun 2018

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ပြင်ဖြူမော်ကျေးရွာမှာရှိတဲ့ လမ်းဟာ မိုးရွာသွန်းမှုကြောင့် ပျက်စီးနေပြီး ကျောင်းသား၊ ကျောင်းသူ ၈၀၀ နီးပါးမှာ သွားလာရအခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ရခိုင်မှာ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးထက် ဌာန၊ အဖွဲ့အစည်းများ၏ အသုံးစရိတ်က ပိုများနေ

06 Jun 2018

၂၀၁၈-၁၉ ခုဘဏ္ဍာရေးနှစ်အတွက် ရခိုင်ပြည်နယ်ရဲ့ငွေလုံးငွေရင်းအသုံးစရိတ်လျာထားချက်မှာ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးထက် ဌာနနဲ့ အဖွဲ့အစည်းတွေရဲ့အသုံးစရိတ်က ၂၃ ဒသမ ၈၇ ရာခိုင်နှုန်း ပိုများနေတယ်လို့ ရခိုင်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီရဲ့အစီရင်ခံစာက ဖော်ပြထားပါတယ်။

မြတန်ဆောင်း ဘကကျောင်း ပိတ်သိမ်းခံရမှုကြောင့် ကျောင်းသား ၂၀၀ ခန့် အခက်တွေ့

06 Jun 2018

မြတန်ဆောင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ပိတ်သိမ်းခံလိုက်ရတာကြောင့် အဲဒီကျောင်းမှာ ကျောင်းနေ၊ ကျောင်းစား ပညာသင်ကြားနေတဲ့ ကျောင်းသူကျောင်းသား ၂၀၀ ခန့်ဟာ ပညာဆက်လက် သင်ကြားရေးနဲ့ စားဝတ်နေရေးတွေ အခက်အခဲဖြစ်နေရပါတယ်။

စစ်တွေမြို့မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အမှိုက်ကောက်ကမ်ပိန်းပြုလုပ်

ခိုင်ရိုးလ 06 Jun 2018

ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရခိုင်လူငယ်မျိုးဆက်သစ်အဖွဲ့မှ ဦးဆောင်ကာ လူငယ်တွေက အမှိုက်ကောက်တဲ့ ပညာပေးကမ်ပိန်းတစ်ခုကို ရခိုင်ပြည်နယ် စစ်တွေမြို့ပွိုင့်ကမ်းခြေမှာ ဇွန်လ ၅ ရက် ညနေ သုံးနာရီကျော်က ပြုလုပ်ခဲ့ကြပါတယ်။

မုန်တိုင်းကြောင့် သေဆုံးသွားသူများနှင့် ပျက်စီးဆုံးရှုံးမှုများအတွက် အစိုးရက ထောက်ပံ့

05 Jun 2018

မာန်အောင်မြို့နယ်အတွင်း ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် မတော်တဆ သေဆုံးခဲ့ရသူတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက ဇွန်လ ၂ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှာ အလှူငွေတွေပေးအပ်ခဲ့ပါတယ်။

ရမ်းဗြဲလွှတ်တော်ကိုယ်စားလှယ်ကို ပညာရေးဌာနက ၆၆ (ဃ) ဖြင့် အမှုဖွင့်ထား

05 Jun 2018

ရမ်းဗြဲမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို ပြည်နယ်ပညာရေးမှူးရုံးကနေ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ ဇွန်လ ၃ ရက်နေ့က စစ်တွေမြို့ မြို့မရဲစခန်းမှာ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

ယာဉ်လိုင်းကားသမားနှင့် သုံးဘီသမားများကြားက ပြဿနာကို ထိရောက်စွာ ဖြေရှင်းပေးစေချင်

05 Jun 2018

သံတွဲမြို့နယ်မှာ ယာဉ်လိုင်းသမားတွေနဲ့ သုံးဘီးသမားတွေဟာ အမြဲလိုလို နေရာလုတဲ့ပြဿနာ၊ ခရီးသည်တွေလုတဲ့ပြဿနာတွေ ဖြစ်ပွားနေပြီး ဒါကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ထိရောက်စွာ ဖြေရှင်းပေးစေချင်တယ်လို့ သုံးဘီးသမားတွေက လိုလားနေကြပါတယ်။

ဆရာ/မ မလုံလောက်မှုကြောင့် တက္ကသိုလ်ဝင်တန်းအောင်ချက် ကျဆင်းခြင်းဟုဆို

ခိုင်ရိုးလ 05 Jun 2018

၂၀၁၇-၂၀၁၈ ခုနှစ်က ရခိုင်ပြည်နယ်မှာ မူလတန်းကနေ အထက်တန်းကျောင်းအထိ ကျောင်းပေါင်း ၃၀၀ ကျော် အဆင့်တိုးမြှင့်ပေးခဲ့ပေမယ့် အထက်တန်းပညာကို သင်ကြားပေးမဲ့ ဆရာ၊ ဆရာမတွေ မရှိတာကြောင့် အထကခွဲက ကျောင်းသား၊ ကျောင်းသူတွေ စာမေးပွဲ အကျများတယ်လို့ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှက ပြောပါတယ်။

ပုံစံစာရွက်များမှာ အချက်အလက်ဖြည့်နည်း ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွင် မသင်ပေး

04 Jun 2018

ဘင်္ဂါလီတွေပြန်လာဖို့ မြန်မာကနေ ဘင်္ဂလားဒေ့ရှ်ကို ပို့ပေးထားတဲ့ ပုံစံစာရွက်တွေမှာ အချက်အလက်ဖြည့်နည်းတွေကို ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ သင်ပြပေးတာမရှိဘူးလို့ ခိုးဝင်လာတဲ့ဘင်္ဂလီတွေက ပြောဆိုကြပါတယ်။

သံတွဲခရိုင်မှာ အင်္ဂလိပ်စာ ဂုဏ်ထူးရသူ နည်းပါး

04 Jun 2018

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ရခိုင်ပြည်နယ်သံတွဲခရိုင်အတွင်းက ယခင်နှစ်တွေကထက် အောင်ချက် မြင့်မားလာပေမယ့် အင်္ဂလိပ်စာဘာသာရပ်ဟာ ဂုဏ်ထူးထွက်သူ နည်းပါးခဲ့တယ်လို့ သံတွဲခရိုင် ပညာရေးမှူးရုံးက သိရပါတယ်။

ကျောက်ဖြူက အများပြည်သူပိုင်နေရာမှာ အရက်ဆိုင်ဖွင့်လှစ်မှု ဒေသခံများကန့်ကွက်

ခိုင်မင်း(ကျောက်ဖြူ) 04 Jun 2018

ကျောက်ဖြူမြို့ အစိုးရရပ်ကွက်ရှိ အများပြည်သူပိုင်တဲ့ ဂေါက်ကွင်းမှာ ခွင့်ပြုချက်တစုံတရာမရှိဘဲ အဆောက်အဦအခိုင်အမာတည်ဆောက်ကာ အရက်ဆိုင်ဖွင့်လှစ်ရောင်းချနေတာကို ဒေသခံတွေက ဝေဖန်ကန့်ကွက်နေကြပါတယ်။ ေ

မောင်တောဒေသအတွက် အထူးဥပဒေပြဌာန်းပေးရန် ဒေသခံများတောင်းဆို

04 Jun 2018

မောင်တောဒေသကို အထူးဥပဒေတွေပြဌာန်ပေးဖို့ အစိုးရနဲ့ ရခိုင်ပြည်နယ်လွှတ်တော်ကို ဒေသခံတွေ တောင်းဆို ဘင်္ဂါလီအရေးကိစ္စတွေနဲ့ မူးယစ်ဆေးဝါးကိစ္စတွေမှာ တရားဥပဒေစိုးမိုးမှု အလွန်အားနည်းတဲ့အတွက် ဥပဒေနဲ့အညီဆောင်ရွက်နိုင်ဖို့ မောင်တောဒေသအတွက် အထူးဥပဒေတွေပြဌာန်ပေးဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ရခိုင်ပြည်နယ်လွှတ်တော်ကို ဒေသခံတွေ တောင်းဆိုလိုက်ပါတယ်။ 

မုန်တိုင်းကြောင့်ပျောက်ဆုံးနေသည့် ရခိုင်ရေလုပ်သား ၇ ဦး အသက်ရှင်လျက် နေရပ်ပြန်လာ

02 Jun 2018

ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်မှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းအတွင်း စက်လှေနစ်မြုပ်ပြီး သံတွဲမြို့နယ်အတွင်းကနေ ဧရာဝတီတိုင်းကိုမျောပါသွားတဲ့ ရေလုပ်သား ၇ ဦးဟာ မိမိရဲ့နေရပ် ရခိုင်ပြည်နယ်ထဲကို အသက် ရှင်လျက် ပြန်လာနေကြပြီဖြစ်တယ်လို့ သိရပါတယ်။ 

မောင်တောက လုပ်ကိုင်သူမဲ့ လယ်ဧက ၇ သောင်းကျော်ကို အခုနှစ်မှာ ထွန်ယက်စိုက်ပျိုးရန် မဆုံးဖြတ်ရသေး

02 Jun 2018

မောင်တောမြို့နယ်အတွင်းမှာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ပြီးနောက် လုပ်ကိုင်သူမဲ့ဖြစ်နေတဲ့ လယ်ဧက ၇ သောင်းကျော်ကို အခုနှစ်မိုးရာသီမှာ ထွန်ယက်စိုက်ပျိုးဖို့ကို မဆုံးဖြတ်ရသေးဘူးလို့ ရခိုင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရဲ့ ပြည်နယ်ဦးစီးမှူး ဦးတိုးဝေက ပြောပါတယ်။ 

Showing 121-140 of 358 items.