- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
ယခုကိုဗစ်ကာလအတွင်း ကမန်တိုင်းရင်းသားများ စားဝတ်နေရေးအခက်အခဲရှိနေ
လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်တတိယလှိုင်းကာလအတွင်း မြန်မာနိုင်ငံရှိ ကမန်တိုင်းရင်းသားများမှာ စားဝတ်နေရေးအခက်အခဲ ကြုံနေရကြောင်း ကမန်တိုင်းရင်းသားများထံမှ သိရသည်။
11 Aug 2021
DMG ၊ ဩဂုတ် ၁၁
လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်တတိယလှိုင်းကာလအတွင်း မြန်မာနိုင်ငံရှိ ကမန်တိုင်းရင်းသားများမှာ စားဝတ်နေရေးအခက်အခဲ ကြုံနေရကြောင်း ကမန်တိုင်းရင်းသားများထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး မော်ဘီမြို့နယ်ရှိ ဘွတ်ကြီးကမန်ကျေးရွာတွင် ကိုဗစ်ပိုးကူးစက်ခံရမှုကြောင့် သေဆုံးသူ ၆ ဦးရှိပြီး ကမန်တိုင်းရင်းသားများမှာ လက်ရှိ စားဝတ်နေရေအခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ကမန်တိုင်းရင်းသားလူမှုကွန်ယက် ဥက္ကဌ ဦးထွန်းငွေက DMG သို့ပြောသည်။
“ကိုဗစ်ကာလဆိုတော့ စားဝတ်နေရေး အကျပ်အတည်းတွေက အများကြီးရင်ဆိုင်နေရတယ်။ လက်ရှိ ရန်ကုန်မှာရှိတဲ့ ဘွတ်ကြီး ကမန်ရွာမှာဆိုရင် ကိုဗစ်နဲ့သေဆုံးသူတွေရှိနေတဲ့အတွက် အပြင်ကိုမထွက်ရဘူး။ ကျနော်တို့ ကမန်တိုင်းရင်းသားတွေထဲမှာ လက်လုပ်လက်စားတွေ ပိုများတယ်။ အလှူရှင်တွေလည်း မရောက်ဘူး။ အခက်အခဲတွေအများကြီးရှိနေပါတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ ဘွတ်ကြီး ကမန်ကျေးရွာမှာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး လူဦးရေး ၅၀၀ ကျော် ရှိကြောင်းသိရသည်။
ထိုသို့ စားဝတ်နေရေးအခက်အခဲများရှိသောကြောင့် အလှူရှင်များအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အနေဖြင့် မိမိတို့တတ်နိုင်သည့်ဖက်က ကူညီပေးစေလိုကြောင်း ဦးထွန်းငွေက တောင်းဆိုသည်။
စစ်တွေမြို့နယ်၊ သင်္ကန်နားကမန်ကျေးရွာရှိ ကမန်တိုင်းရင်းသားများမှာလည်း ကျေးရွာအဝင်၊ အထွက်များကို ပိတ်ထားသောကြောင့် လက်လုပ်လက်စားများမှာ စားဝတ်နေရေအခက်ခဲများနှင့် ရင်ဆိုင်နေရကြောင်း ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမြင့်အေးက DMG သို့ ပြောသည်။
“လက်ရှိမှာက ကျနော်တို့ ရွာမှာ အဝင်၊ အထွက်တွေ ပိတ်ထားတယ်။ အပြင်မထွက်ရတော့ လက်လုပ်လက်စား လုပ်သူတွေပိုပြီးတော့ စားဝတ်နေရေး အခက်အခဲတွေနဲ့ကြုံနေရတယ်။ အလှူရှင်တွေလည်း မရောက်ဘူး။ စားဝတ်နေရေး အခက်အခဲတွေ အများကြီးရှိတယ်” ဟု ပြောသည်။
အဆိုပါ သင်္ကန်နားကျေးရွာတွင် အိမ်ခြေ ၄၀၀ ကျော်ရှိပြီး လူဦးရေ ၁၆၀၀ ကျော် ရှိကြောင်းသိရသည်။ ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ခုနှစ် စာရင်းအရ မြန်မာနိုင်ငံတွင် ကမန်တိုင်းရင်းသား စုစုပေါင်း ၅ သောင်းကျော်ရှိကြောင်း ကမန်တိုင်းရင်းသားလူမှုကွန်ယက်အသင်းမှ သိရသည်။