- "ညီနောင်သုံးဖွဲ့ကို ရှမ်းမြောက်တစ်ခုလုံးရဲ့ စံပြအဖြစ် စည်းစည်းလုံးလုံး ရှိချင်တယ်"
- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
ဖားကန့်တွင် ဆန်ပြတ်လပ်လာနေ
ပြီးခဲ့သည့် ဇွန်လပိုင်းက စ၍ အင်းတော်ကြီး- ဖားကန့်လမ်းပိုင်းရှိ နမ့်မွန်းတောင် မြို့ဝင်ဂိတ်တွင် ဆန်နှင့် အခြား စားနပ်ရိက္ခာ ကုန်ကားများကို စစ်ကောင်စီက ဖြန်သန်းသွားခွင့် ပိတ်ထားခဲ့ကြောင်း သိရသည်။
10 Jul 2025

DMG ၊ ဇူလိုင် ၁၀
ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို စစ်ကောင်စီက ဆန်ရိက္ခာသယ်ယူခွင့် ပိတ်ထားသဖြင့် မြို့ထဲတွင် ဆန်ပြတ်လပ်မှု ဖြစ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လပိုင်းက စ၍ အင်းတော်ကြီး- ဖားကန့်လမ်းပိုင်းရှိ နမ့်မွန်းတောင် မြို့ဝင်ဂိတ်တွင် ဆန်နှင့် အခြား စားနပ်ရိက္ခာ ကုန်ကားများကို စစ်ကောင်စီက ဖြန်သန်းသွားခွင့် ပိတ်ထားခဲ့ကြောင်း သိရသည်။
" အဲဒီ (နမ့်မွန်း) ဂိတ်မှာ လွန်ခဲ့တဲ့ တစ်လကျော်လောက်က စပြီး ဆန်ကားတွေကို ဝင်ခွင့်မပေးတော့ဘူး။ အဲဒီ နောက်ဆက်တွဲကြောင့် မြို့ထဲ ဆန်ဆိုင်အများစု ဆန်ပြန်လပ်သွားတာ တစ်ပတ်လောက်ရှိပြီ " ဟု ဖားကန့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
လတ်တလောတွင် ဆန်အနည်းငယ်သာ ကျန်ရှိတော့သည် ဆန်ဆိုင်များတွင် အကန့်အသတ်ဖြင့် ရောင်းချ ပေးနေပြီး မကြာခင် ပိုဆိုးလာမည့် အခြေအနေရှိကြောင်း ဒေသခံများက ပြောသည်။
ဖားကန့်မြို့အဝင်လမ်း ကာမိုင်း- ဖားကန့် လမ်းပိုင်းတွင်လည်း တိုက်ပွဲဖြစ်နေသဖြင့် သွားလာမှု ပိတ်ထားရကြောင်း သိရသည်။
ယခု စစ်ကောင်စီ ပိတ်ဆို့ထားသော နမ့်မွန်းတောင် စစ်ဆေးရေးဂိတ်သည် ကုန်စည်စီးဆင်မှုနှင့် လူ အဝင်/ အထွက်ကိုပါ အဓိက ထိန်းချုပ်သည့် နေရာလည်းဖြစ်သည်။
" အဲဒီလမ်းက မန္တလေးဘက်နဲ့ရော စစ်ကိုင်းဘက်နဲ့ပါ ချိတ်ဆက်သွားလာနိုင်တဲ့ လမ်းဖြစ်တယ်။ ဒီလမ်းကြောင်း ကို ပိတ်ဆို့တာဟာ KIA နဲ့ ပူးပေါင်းတပ်တွေကို ရိပ်က္ခာဖြတ်ဖို့ သူတို့ (စစ်ကောင်စီ) က ရည်ရွယ်တဲ့ သဘောလို့ ထင်တယ် " ဟု ဖားကန့် ဒေသခံ နောက်ထပ်အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိ တိုက်ပွဲများကြောင့် ဖားကန့်မြို့နယ် တောင်ပြို၊ မော်ဝမ်းလေး၊ မော်ဝမ်းကြီး၊ အမှိုက်ပုံ စသည့် ကျေးရွာ ၁၀ ကျော်မှ ဒေသခံ သုံးထောင်ကျော်မှာ ဘေးလွတ်ရာသို့ ထွက် ပြေးတိမ်းရှောင်နေကြရသည်။
" လူတွေ စားသောက်ဖို့အတွက် ဆန်မလောက်ငှဘူးဆိုရင် ရိုက်ခတ်မှုက ကြီးမှာပဲ။ အဓိက စစ်ရှောင်တွေအဖို့ ဆိုးဆိုးဝါးဝါး ရင်ဆိုင်ရဖို့ ရှိတယ်။ အခုလမှာကို တော်တော်လေး အခက်အခဲဖြစ်နေကြပြီ " ဟု လူမှုကူညီရေးလုပ်နေသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီသည် ဖားကန့်မြို့ကို ထိန်းချုပ်ရေးအတွက် ကြိုးပမ်းနေသဖြင့် KIA ပူးပေါင်းတပ်တို့နှင့် တိုက်ပွဲများဖြစ်နေသည်။