- စစ်ရေးပဋိပက္ခကြောင့် ရခိုင်တောင်သူများ စပါးမရိတ်သိမ်းနိုင်ဖြစ်နေ
- လမ်းပိတ်ဆို့မှုအကျိုးဆက် ကျောက်ဖြူတွင် ဆန်ပြုတ်စားနေရသူများ ရှိလာ
- ရခိုင်စစ်ပွဲ နယ်မြေကျယ်ပြန့်လာ
- ရခိုင်တွင် တိုက်ပွဲတိမ်းရှောင်သူများ စားနပ်ရိက္ခာ ပြတ်လပ်မည့်အရေးနှင့် ကြုံနေရ
- NUG၊ CRPH နှင့်ဆက်စပ်သည်ဟုဆိုကာ စစ်တွေမြို့မှ သံဃာတစ်ပါးကို စစ်ကောင်စီ ဖမ်းဆီးအမှုဖွင့်
ပေါက်တောမြို့တွင် စစ်ကောင်စီက အရပ်သားများကို ပစ်သတ်ခဲ့မှုအပေါ် လက်တုံ့ပြန်မည်ဟု AA ပြော
ရခိုင်ပြည်၊ ပေါက်တောမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် မြို့ကိုဝင်ရောက်ကာ အရပ်သားများကို သတ်ဖြတ်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
17 Nov 2023

DMG ၊ နိုဝင်ဘာ ၁၇
ရခိုင်ပြည်၊ ပေါက်တောမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် မြို့ကိုဝင်ရောက်ကာ အရပ်သားများကို သတ်ဖြတ်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်တွင် ပေါက်တောမြို့မရဲစခန်းကို AA က သိမ်းပိုက်ခဲ့ပြီး စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ ငွေကြေးတချိုနှင့် စစ်ဘက်၊ ရဲဘက်ဆိုင်ရာ စာရွက်စာတမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း AA က ဆိုသည်။
ပေါက်တောရဲစခန်းမှာ လက်နက်ချ အညံ့ခံသောသူများကို အသက်ချမ်းသာပေးပြီးနောက် တစ်ယောက်စီအား ခရီးစရိတ် (၁၀) သိန်းစီပေးကာ ၎င်းတို့သွားလိုရာသို့ လုံခြုံစွာပိုဆောင်ထားသည်ဟု AA က ပြောသည်။
စစ်ကောင်စီသည် ဟတ်စကီး (၁) စီးဖြင့် ပေါက်တောမြို့ကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သင်္ဘောများပေါ်မှလည်း လက်နက်ကြီးများဖြင့် ပေါက်တောမြိုနှင့် နေရာအနှံအပြားသို ရမ်းသန်းပစ်ခတ် တိုက်ခိုက်ခဲ့သည်။
ညနေပိုင်းတွင် စစ်ကောင်စီသည် အင်အားအလုံးအရင်းဖြင့် ပေါက်တောမြို့အတွင်းသို ဝင်ရောက်လာကာ ပုန်းခိုနေသည့် အရပ်သားများကို သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကိုကျူးလွန်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။ သတ်ဖြတ်ခံရသည့် အရပ်သားအရေအတွက် အတိအကျကို AA က ဖော်ပြထားခြင်း မရှိပေ။ ပေါက်တောမြို့မှ အရပ်သားများ သတ်မှတ်ခံရမှုကို DMG က စုံစမ်းနေဆဲဖြစ်သည်။
ပေါက်တောမြို့မှ အရပ်သားပြည်သူများကို စစ်ကောင်စီမှ ပစ်သတ်ခဲ့မှုအပေါ် AA အနေဖြင့် ကျူးလွန်သူများကို လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ထားသည်။
ယမန်နေ့က ပေါက်တောမြို့ကို ဟတ်စကီးဖြင့် တိုက်ခိုက်မှုအပြီးတွင် မြို့ခံအများအပြားမှာ ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းသွားခဲ့ကြသည်။ သို့သော် မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများနှင့် မပြောင်းရွှေ့နိုင်သူများမှာ မြို့အတွင်း ပုန်းခိုနေထိုင်ခဲ့ကြရာမှ စစ်ကောင်စီ၏ သတ်ဖြတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်။