ဧရာဝတီတိုင်းက စက်သုံးဆီများကို ရခိုင်သို့ မပို့ရန် စစ်ကောင်စီ တားမြစ်

Admin 25 Feb 2025

ဂွ ရိုးမနှင့် နီးစပ်သည့် ရေကြည်နှင့် သာပေါင်းမြို့နယ်တို့မှ ကျေးရွာများကို ဖေဖော်ဝါရီ ၂၁ ရက်မှ စကာ ရခိုင်ပြည်သို့ စက်သုံးဆီ သယ်ယူခွင့်ပိတ်ပင်ထားခြင်းဖြစ်ပြီး လိုက်နာမှုမရှိလျှင် အရေးယူသွားမည်ဟု စစ်ကောင်စီက သတိပေးထားကြောင်း သာပေါင်းမြို့ခံတစ်ဦးက ပြောသည်။

စစ်တွေက မွတ်ဆလင်ဒုက္ခသည်များ စားနပ်ရိက္ခာထောက်ပံမှု မရသည်မှာ ၂ လခန့် ကြာမြင့်လာ

Admin 25 Feb 2025

“အခုဆိုရင် အကုန်လုံးနီးပါးက ဆန်တွေ ပြတ်နေကြပြီ။ အရင်ကဆိုရင် သူများဆီက ချေးငှားပြီးတော့ စားလို့ရသေးတယ်။ အခုက စခန်းတစ်ခုလုံးနီးပါး ပြတ်နေကြတာ။ မိသားစုတစ်စုမှာ ဆန် (၃) ဗူးစားတယ်ဆိုရင် အခု (၁) ဗူးကို ကျိုချက်ပြီးတော့ စားနေရတယ်” ဟု ဘောဒူဖဒုက္ခသည်စခန်းမှ မွတ်ဆလင်အမျိုးသမီးတစ်ဦးက ပြောသည်။

AA ခေါင်းဆောင်များကို စစ်ကောင်စီ လော်ဘီများက ဝါဒဖြန့် တိုက်ခိုက်နေ

Admin 25 Feb 2025

စစ်ကောင်စီ၏ ဝါဒဖြန့်မှုကို စောင့်ကြည့်လေ့သည့် ယင်းအစီရင်ခံစာတွင် အာရက္ခတပ်တော် ခေါင်းဆောင်များကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုအပြင် ရခိုင်ပြည်သူများကိုလည်း စစ်ပွဲနွံထဲ နှစ်အောင်လုပ်ဆောင်သူဖြစ်အောင် ပုံဖော်ရေးသားထားမှုကို ဇန်နဝါရီလ အတွင်းက အများဆုံးတွေ့ရကြောင်း ဆိုသည်။

လေးမြို့ချောင်းဒေသတွင် နှစ်ရှည် သီးပင်၊ စားပင် စိုက်ပျိုးမှုလျော့နည်းလာ

Admin 25 Feb 2025

စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို အဓိကစီးပွားရေး အဖြစ်လုပ်ကိုင်နေကြသည့် ရခိုင်ဒေသတွင် စိုက်ပျိုးရေး လုပ်ကိုင်သည့် တောင်သူများအတွက် အဆင်ပြေချော့မွေ့စေရန် ULA အစိုးရအနေဖြင့် အလေးထားစောင့်ကြည့်ပြီး လိုအပ်သည့် အထောက်အကူများပံ့ပိုးရန် တောင်းဆိုနေကြသည်။

ပန်းတောင်း နတ်စင်ကုန်းစခန်းကို AA သိမ်းပိုက်ပြီး ညောင်းကျိုးတွင် တိုက်ပွဲပြင်းနေ

Admin 24 Feb 2025

အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် ပန်းတောင်းမြို့နယ်၊ နတ်စင်ကုန်းစခန်းကို ဖေဖော်ဝါရီ ၂၂ တွင် သိမ်းပိုက်လိုက်ပြီးနောက် ညောင်ကျိုးကျေးရွာရှိ စစ်ကောင်စီ၏ တပ်စခန်းကို ဆက်လက် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

ဒုက္ခသည်များ နေရပ်ပြန်ပို့နိုင်ရေး ကုလကိုယ်စားလှယ်ထံ ဘင်္ဂလားဒေ့ရှ် တောင်းဆို

Admin 24 Feb 2025

ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် မွတ်ဆလင် ဒုက္ခသည်အရေးနှင့်ပတ်သတ်၍ ကုလသမဂ္ဂကို အားကိုးခြင်းထက် လက်ရှိတွင် အာရက္ခတပ်တော်ကို ကမ်းလှမ်းဆွေးနွေးမှ ပိုမိုထိရောက်သည့် နည်းလမ်းများ ထွက်ပေါ်လာမည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

AA နှင့် ပူးပေါင်းတပ်တို့ ထိုးစစ်ဆင်နေသည့် နတ်ရေကန် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်နေဆဲ

Admin 24 Feb 2025

နတ်ရေကန်စခန်းအနီးရှိ စစ်ကောင်စီ၏ မထုံး၊ လင်းတဲ၊ စွန်တက် ကာကင်းစခန်း သုံးခုကို သိမ်းပိုက်ပြီးနောက် ဖေဖော်ဝါရီလ ဒုတိယအပတ်မှစကာ နတ်ရေကန်ဗျူစခန်းကို ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်သည်။

ကျောက်ဖြူတွင် တိုက်ပွဲများဖြစ်နေသော်ည်း SEZ အကောင်ထည်ဖော်ရေး နေပြည်တော်က ဆွေးနွေးနေ

Admin 22 Feb 2025

စစ်ကောင်စီသည် မြန်မာနိုင်ငံရေးတွင် တရုတ်ကိုအားကိုးပြီး ကျောက်ဖြူစီမံကိန်းကို အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သို့သော် စီမံကိန်းအကောင်အထည်ပေါ်လာနိုင်ခြေနည်းပါးပြီး တရုတ်အနေဖြင့် စစ်ကောင်စီအား အလုံးစုံအားကိုးနေပုံမရသဖြင့် ဖိအားပေးနေခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။

လေကြောင်း အန္တရာယ်ကိုစိုးရိမ်၍ မြို့နယ် ၃ ခုက ဒေသခံ ထောင်နှင့်ချီ စစ်ဘေးတိမ်းရှောင်

Admin 22 Feb 2025

စစ်တွေတိုက်ပွဲများကြောင့် စစ်ကောင်စီက လေကြောင်းတိုက်တိုက်မှုများရှိလာသဖြင့် စစ်တွေနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော မြို့နယ်တို့ရှိ ကျေးရွာများမှ ဒေသခံ ထောင်နှင့်ချီမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြောင်း သိရသည်။ 

မလေးရှားတွင် ၅ ရက်အတွင်း မြန်မာနိုင်ငံသား တစ်ထောင်နီးပါး ဖမ်းဆီးခံရ

Admin 22 Feb 2025

ယနေ့ (ဖေဖော်ဝါရီ ၂၂ ရက်) နံနက်ပိုင်းတွင်လည်း မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ်၊ ကလန်းမြို့တွင် မြန်မာနိုင်ငံသားများ အများအပြားရှိသည့် မဲရူးဈေးသို့ အော်ပရာစီ ပူးပေါင်းအဖွဲ့များက ဝင်ရောက်ဖမ်းဆီးမှုကြောင့် မြန်မာနိုင်ငံသား ရာနှင့် ချီဖမ်းဆီးခံရကြောင်း သိရသည်။

USAID ရန်ပုံငွေဆိုင်းငံ့မှု စစ်ရှောင်များအပေါ် ရိုက်ခတ်မှုရှိလာ

Admin 22 Feb 2025

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ USAID သည် မြန်မာနိုင်ငံရှိ နေရာအနှံ့အပြားသို့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အဆိုပါ ဆိုင်းငံ့မှုကြောင့် ရခိုင်စစ်ရှောင်များ ယခင်ထက်ပိုမို ခက်ခဲလာနိုင်ခြေရှိကြောင်း လူမှုကူညီရေးအဖွဲ့အစည်းများက ဆိုသည်။

စစ်ကောင်စီထံ လက်နက်နှင့် လောင်စာဆီ ရောင်းချနေသူများကို အရေးယူပေးရန် အဖွဲ့စည်း ၁၀၀ ကျော် တောင်းဆို

Admin 21 Feb 2025

စစ်ကောင်စီအား လောင်စာဆီနှင့် လက်နက်များ တင်ပို့ရောင်းချသည့်နိုင်ငံများအား ပိတ်ဆို့အရေးယူရန် အဖွဲ့ အစည်း ၁၂၁ ဖွဲ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHCR) သို့ ယမန်နေ့( ဖေဖော်ဝါရီ ၂၀) တွင် အိတ်ဖွင့် ပေးစာပေးပို့ပြီး တောင်းဆိုလိုက်သည်။ 
 

စစ်တွေမြို့နယ်က နေအိမ်များကို စစ်ကောင်စီ ဖြိုဖျက်ပြီး ဘန်ကာများဆောက်လုပ်နေ

Admin 21 Feb 2025

စစ်တွေမြို့နယ်မှ ကျေးရွာပေါင်း ၃၀ ခန့်ကို စစ်ကောင်စီက နှင်ထုတ်ခဲ့ပြီးနောက် တပ်စွဲနေထိုင်ပြီး ယအခုအခါ နေအိမ်များကို စစ်ကောင်စီနှင့် အပေါင်းအပါ မွတ်ဆလင်တို့ ပူးပေါင်းပြီး ဖြိုဖျက်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ငါးသိုင်းချောင်းရောက် ဂွ စစ်ဘေးရှောင် ၅ ဦးကို စစ်ကောင်စီ ဖမ်းဆီး

Admin 21 Feb 2025

ဂွမြို့နယ်၊ ဆပ်သွားတိုက်နယ်က ဓာတ်မှန် ဝန်ထမ်း ဦးချမ်းငြိမ်းအောင်၊ ဆပ်သွားအလယ်ရွာက ကိုသိန်းဦး၊ ဇီးကုန်း ကျေးရွာက ကိုညီလေးနှင့် ချိုင်ကောက်ကျေးရွာက ကိုမိုးထက်ကျော်နှင့် ညောင်ချောင်းရွာက ဦးအောင်နိုင်ဦးတို့ ဖြစ်သည်။

မိုင်းနှင့် လေကြောင်းရန်ကြောင့် မောင်တောမြို့ခံအများစု နေရပ်ပြန်ရန် တွန့်ဆုတ်နေ 

Admin 21 Feb 2025

ရခိုင်ပြည်၊ မောင်တောမြို့မှ စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံများကို အာရက္ခတပ်တော် (AA) မြို့တွင်းသို့ ပြန်လည်နေထိုင်ခွင့်ပြုပြီးနောက် မြို့ခံများမှာ ဝင်ရောက်နေထိုင်မှုများ ရှိလာနေသော်လည်း အများစုမှာ လုံခြုံရေးစိုးရိမ်ချက်ကြောင့် နေရပ်ပြန်ရန် တွန့်ဆုတ်နေကြသည်ဟု သိရသည်။ 

အင်းစိန်ထောင်က လွတ်လာသည့် မွတ်ဆလင်များကို နေရပ်မပို့ဘဲ စစ်တွေတွင်ထားရန် စစ်ကောင်စီ စီစဉ်နေ

Admin 20 Feb 2025

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသည့် မွတ်ဆလင်များကို စစ်ကောင်စီက နေရပ်ပြန်မပို့ဘဲ စစ်တွေမြို့နယ်တွင် နေရာချထားရန် စီစဉ်နေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ 

နယ်စပ်သို့ စိမ့်ဝင်လာသည့် မွတ်ဆလင်လက်နက်ကိုင်များကို AA လိုက်လံ ရှင်းလင်းနေ

Admin 20 Feb 2025

ဘင်္ဂလားဒေ့ရှ်၊ ရခိုင်နယ်စပ် မောင်တောမြို့နယ်အတွင်းသို့ စိမ့်ဝင်လှုပ်ရှားလာသည့် မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့များကို အာရက္ခတပ်တော်က ယခုရက်ပိုင်းအတွင်း လိုက်လံရှင်းလင်းနေသဖြင့် တိုက်ပွဲများဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အခြေခံ သဘောတူညီချက်များ ရရှိထားပြီဟု NUG ဖွင့်ဟ

Admin 20 Feb 2025

အခြေခံသဘောတူညီချက်များထဲတွင် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom- up Federalism Approach)ကို ရှေးရှုသည့် ပုံစံဖြင့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်သွားမည်ဟု NUG က ပြောဆိုထားသည်။ 

လုံခြုံရေး ကုမ္ပဏီများကို စစ်ကောင်စီ လက်နက်ကိုင်ဆောင်ခွင့်ပြု

Admin 19 Feb 2025

စစ်ကောင်စီသည် တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံ ပူးပေါင်းလုံခြုံရေး ကုမ္ပဏီ ထူထောင်နိုင်ရန်အတွက် လုပ်ငန်းကော်မတီ ဖွဲ့စည်းပြင်ဆင်နေကြောင်း ၂၀၂၄ ခုနှစ် နိုဝင်ဘာလကပြောဆိုခဲ့ပြီးနောက် ယခုအခါ ဉပဒေပြဌာန်း လိုက်ခြင်းဖြစ်သည်။ 

ရေကြည် အမြောက်တပ်စခန်းသိမ်းတိုက်ပွဲ ပြင်းထန်နေ 

Admin 19 Feb 2025

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ် (၃၄၄) အမြောက်တပ်ရင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ၏ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် လက်နက်စွန့် ထွက်ပြေးမှုရှိနေကြောင်း သိရသည်။

Showing 241-260 of 8,739 items.