စားသောက်ရေးကျပ်တည်းမှု နောက်ဆက်တွဲ ရခိုင်တွင် စစ်ရှောင်များ တောင်းရမ်းစားသောက်မှု များလာ

Admin 27 Mar 2025

ရခိုင်တွင် အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြသူများမှာ တစ်နေ့တာ စားသောက်ရေးအတွက် လုံးပန်းမနိုင်တော့သဖြင့် နောက်ဆုံးတွင် လမ်းပေါ်ထွက်တောင်းရမ်းစားသောက်မှု များပြားလာနေသည်။

ရခိုင်ရှိ ဆုံးရှုံးမြို့နယ်များမှ လဝက ရုံးများကို စစ်ကောင်စီက ရန်ကုန်တွင် ဖွင့်လှစ်ထား

Admin 26 Mar 2025

လက်ရှိတွင် ရန်ကုန်သို့ စစ်ဘေးတိမ်းရှောင်နေသည့် ရခိုင်ဒေသခံများမှာ နိုင်ငံသားစိစစ်ရေးကဒ်ပြားအပါအဝင်  အိမ်ထောင်စုစာရင်းများ အသစ်လဲခြင်း၊ ဖြည့်စွက်ခြင်းများပြုလုပ်ရန် ထို လဝက ရုံးများတွင် သွားရောက်လုပ်ဆောင်နေကြာင်း သိရသည်။ 

ကျောက်ဖြူ၊ စစ်တွေ တိုက်ပွဲအတွက် စစ်ကောင်စီ ရေတပ်အင်အားတိုးချဲ့ ဖြန့်ကျက်ထား

Admin 26 Mar 2025

ရခိုင်ပြည်ရှိ မြို့နယ် ၁၇ ခုထဲက ၁၄ မြို့နယ်ကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ပြီးနောက် မြို့တော် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့ လက်မလွှတ်ရရေးမှာ စစ်ကောင်စီအတွက် လွန်စွာအရေးကြီးလာသည်။ 

နေရပ်ပြန် တောင်ကုတ်မြို့ခံများ ကြီးမားသည့် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရ

Admin 26 Mar 2025

မိမိနေရပ်ပြန်သွားကြသည့် တောင်ကုတ်ဒေသခံများမှာ လက်ရှိ နွေရာသီ ရေရှားပါးမှု ပြဿနာ၊ ပြန်လည်ထူထောင်ရေး အခက်အခဲ၊ ကုန်ဈေးနှုန်း ကြီးမားခြင်းအပြင် မိုင်းအန္တရာယ်နှင့်ပါ ရင်ဆိုင်နေရခြင်း ဖြစ်သည်။ 

ကျောက်ဖြူတိုက်ပွဲ တစ်လပြည့်နှင့် ဓညဝတီရေတပ်ဌာနချုပ် စခန်းသိမ်းတိုက်ပွဲ အခြေအနေ

Admin 22 Mar 2025

ဓညဝတီရေတပ်ဌာနချုပ်သည် ကျောက်ဖြူမြို့၏ အရှေ့ဘက် အဖြောင့်မိုင် ၄ မိုင်ခန့် အကွာတွင် ရှိပြီး ခလရ ၃၄ တပ်ရင်းသည် ဓညဝတီရေတပ်ဌာနချုပ်၏ နောက်ဖက် ၇ မိုင်ခန့်အကွာဖြစ်သောကြောင့် ယခုတိုက်ပွဲများသည် မြို့နှင့် နီးလာသည့် သဘောဖြစ်သည်။

ထရမ့်အမိန့်ကြောင့် မြန်မာ မီဒီယာများအပေါ် ကြီးမားသည့် ရိုက်ခတ်မှုများ ရှိလာ

Admin 22 Mar 2025

ထိုသက်ရောက်မှုများကြောင့် မြန်မာသတင်းဌာနများတွင် ဝန်ထမ်းများကို ယာယီလျော့ချခြင်း၊ လစာလျော့ချခြင်းနှင့် ထောက်ပံ့မှုများ ရပ်တန့်ခြင်း စသည့် ရိုက်ခတ်မှုများ ရှိလာနေသည်ဟု Western News သတင်းဌာန၏ အယ်ဒီတာချုပ်ဖြစ်သူ ကိုဝဏ္ဏခွာညိုက ပြောသည်။ 

တိုက်ပွဲကာလအတွင်း မောင်တောခရိုင်တွင် စစ်ကောင်စီနှင့် အပေါင်းအပါတို့ ဒေသခံ ၃၃၀ ကျော် ဖမ်းဆီးခဲ့ 

Admin 21 Mar 2025

ဖမ်းဆီးခံရသူများထဲတွင် အသက်မပြည့်သေးသည့် အထက်တန်းကျောင်းသားများအပါအဝင် တက္ကသိုလ်ကျောင်းသားများ၊ စစ်ဘေးရှောင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်များနှင့် သက်ကြီးပိုင်း ကျေးရွာတာဝန်ရှိသူများလည်း ပါဝင်သည်။
 

စစ်မြေပြင်အနီးက တရုတ်စီမံကိန်းများ လည်ပတ်ဆဲ

Admin 20 Mar 2025

မဒေးကျွန်းတွင် ရေနံသိုလှောင် စက်ရုံ၊ ရေနံ သန့်စင်စက်ရုံတို့မှာ လုပ်ငန်းရပ်နားခြင်းမရှိဘဲ တရုတ်ရေနံ တင်သင်္ဘောကြီးများ ဆိုက်ကပ်ပြီး ပုံမှန်လည်ပတ်နေသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။ 

ငါးသိုင်းချောင်းတွင် တိုက်ပွဲပြင်းထန်

Admin 20 Mar 2025

လတ်တလောတွင် အမြောက်တပ်ရင်း၏ ကာကင်းစခန်းများဖြစ်သည့် သီဟိုခင်း စခန်း၊ ကျားတက်စခန်း၊ ကျွဲတလင်းစသည့် စခန်းများကို ထိုးစစ်ဆင်နေပြီး စစ်ကောင်စီသည် လေကြောင်းပစ်ကူအပြင် စက်တပ်လေထီးများဖြင့်လည်း ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

ရိုးမတစ်ဖက်ခြမ်းက AA နှင့် ပူးပေါင်းတပ်တို့၏ စစ်ရေးပစ်မှတ်များ

Admin 20 Mar 2025

AA နှင့် ပူးပေါင်းတပ်တို့၏ စစ်ဆင်ရေးသည် မြန်မာပြည် အလယ်ပိုင်းအတွင်းသို့ ထိုးဖောက်လာခြင်းမှာ စစ်ကောင်စီ ပြိုလဲရေးအတွက် အရေးပါကြောင့် စစ်ရေးနိုင်ငံရေးလေ့လာသူများက ဆိုကြသည်။  

ARSA တစ်ခန်းရပ်ချိန် RSO ခေါင်းထောင်လာနိုင်မလား

Admin 19 Mar 2025

အခြားတစ်ဖက်တွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မတ်လ ၁၃ ရက်က ကုလသမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ရောက်ရှိလာပြီးနောက်ပိုင်း မွတ်ဆလင် ဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် ARSA ခေါင်းဆောင်များဖမ်းဆီးခံရ ခြင်းဖြစ်သည်။

စစ်မျက်နှာ ကျယ်ပြန့်လာသည့် ဧရာဝတီ

Admin 19 Mar 2025

အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များ၏ ဇန်နဝါရီလ အစောပိုင်းကတည်းက စတင်ခဲ့သည့် ဧရာဝတီတိုင်း စစ်မျက်နှာသည် ရေကြည်၊ သာပေါင်း၊ ပုသိမ်မြို့နယ်တို့ကနေ လက်ရှိ လေးမျက်နှာမြို့နယ်အထိကို တိုက်ပွဲကျယ် ပြန့်လာနေခြင်းဖြစ်သည်။

ရခိုင် မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ ဖမ်းပြီးနောက် ပျောက်ဆုံးနေသူ ၁၆၀ ကျော်ရှိ

Admin 19 Mar 2025

အဆိုပါ ဒေသခံများမှာ တိုက်ပွဲပြင်းထန်ချိန်ကာလအတွင်း လမ်းသွားလမ်းလာလုပ်စဉ် ဖမ်းဆီးခံရခြင်း၊ နေအိမ်အတွင်း ဖမ်းဆီးခံရခြင်းနှင့် စစ်ကောင်စီ ခေါ်ဆောင်သွားခြင်း စသည့် အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံရပြီး ယနေ့အချိန်ထိ ပျောက်ဆုံးနေခြင်းဖြစ်သည်။ 

AA ထိန်းချုပ်ပြီးနောက် ရခိုင်ဒေသတွင် ကုန်ဈေးနှုန်း ၃ ဆနီးပါးထိ ကျဆင်းလာ

Admin 18 Mar 2025

လက်ရှိတွင် AA သည် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တို့မှလွဲ၍ မြို့နယ် (၁၄) ခုကို သိမ်းပိုက်ပြီးနောက်တွင် 92 တစ်လီတာလျှင် ငွေကျပ် ၈,၅၀၀၊ ကြက်သွန်နီ တစ်ပိဿလျှင် ငွေကျပ် ၁၀,၀၀၀၊ ကြက်သွန်ဖြူတစ်ပိဿလျှင် ငွေကျပ် ၂၂,၀၀၀ စသဖြင့် ဈေးနှုန်း ၃ ဆနီးပါးထိ လျော့ကျသွားခြင်း ဖြစ်သည်။ 

AA နဲ့ ဒါကာ ဆက်ဆံရေး ဘယ်ခရီးရောက်နေပြီလဲ

Admin 18 Mar 2025

AA နှင့် ဘင်္ဂလားဒေ့ရှ်တို့သည် နယ်စပ်ရေးရာကိစ္စများနှင့် ပတ်သက်၍ ထိတွေ့ဆက်ဆံမှုများ ဆက်တိုက်ရှိလာနေသည့်အပြင် နယ်စပ်တွင် AA နှင့် ဆက်ဆံရေးအဆင်ပြေကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များမှ ထုတ်ဖော်ပြောဆိုလာခြင်းများ ရှိလာနေခြင်း ဖြစ်သည်။ 

စခန်းအနီး မိုင်းပေါက်ကွဲမှုများကြောင့် ကျောက်တစ်လုံး ဒုက္ခသည်များ စိုးရိမ်မှုမြင့်တက်နေ

Admin 17 Mar 2025

ဒုက္ခသည်စခန်းအနီးရှိ ဒေသအခေါ် လှီကျော်ကာရီနှင့် ကျောက်ဆင်တောင် တောက်လျှောက်တို့တွင် ယခုနှစ် အစောပိုင်းမှစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြေမြှုပ်မိုင်းများ ထောင်ထားပြီး မိုင်းပေါက်ကွဲမှုကြောင့် လူနှင့် တိရိစ္ဆာန်များ ထိခိုက်မှုရှိနေခြင်းဖြစ်သည်။

အရပ်သားများကို အတင်းခေါ် ပြီး ရေကြည် အမြောက်တပ်ကို စစ်ကောင်စီ ခံစစ်ပြင်

Admin 17 Mar 2025

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ အမှတ် ၃၄၄ အမြောက်တပ်ရင်းတွင် အနီးနားကျေးရွာမှ ဒေသခံများကို စစ်ကောင်စီက ဖိအားပေးအတင်းခေါ်ယူပြီး AA ထိုးစစ်ကိုခုခံရန် တပ်တွင်း ဆက်သွယ်ရေးမြောင်း၊ ဘန်ကာနှင့် ခြံစည်းရိုးများဆောက် လုပ်နေကြောင်း သိရသည်။

မောင်တောတွင် ကလေးငယ်အများစု အာဟာရချို့တဲ့မှု ကြုံနေရ

Admin 17 Mar 2025

ရခိုင်ပြည်၊ မောင်တောမြို့နယ်အတွင်းရှိ အသက် ၅ နှစ်အောက် လေးငယ်အများစုမှာ မိသားစု စားဝတ်နေရေး အဆင်မပြေမှုများကြောင့် အာဟာရချို့တဲ့မှုဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း ကူညီကယ်ဆယ်ရေးလုပ်နေသူများထံမှ သိရသည်။

ကျောက်ဖြူတွင် စစ်ကောင်စီက မီးသတ်ဝန်ထမ်းများကို လုံခြုံရေးအဖြစ် အသုံးပြုနေ

Admin 17 Mar 2025

ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ မီးသတ်ဝန်ထမ်းများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ လုံခြုံရေးတာဝန် ထမ်းဆောင်နေကြရပြီး မြို့အနီး စစ်ဆေးရေးဂိတ်များ၌ ကင်းစောင့်ခြင်း၊ စစ်ဆေးမေးမြန်းခြင်းတို့ကို လုပ်ဆောင်နေကြရသည်။ 

ဧရာဝတီရောက် ရခိုင်စစ်ဘေးရှောင် ၃ ဦးကို စစ်ကောင်စီ ထောင် ၆ နှစ်ချ

Admin 16 Mar 2025

ထောင်ချခံရသူများမှာ ဂွတိုက်ပွဲကာလ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ဧရာဝတီတိုင်းဖက်ကို စစ်ဘေးရှောင်လာကြစဉ်မှာ ငါးသိုင်းချောင်းအနီး ရေနံသာ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီက ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

Showing 141-160 of 8,738 items.