အတိတ်သည် ယနေ့အတွက် သမိုင်းဖြစ်သည်
12 Aug 2019
ခေတ်အဆက်ဆက် ဆန်စပါးပေါများခဲ့သည့် ရခိုင်သမိုင်းတွင် ၁၉၆၇ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့ ဖြစ်စဉ်သည် အလွန်တရာမှ အရုပ်ဆိုးအကျည်းတန်မှုပင် ဖြစ်သည်။ ဦးနေဝင်းဦးဆောင်သော ဆိုရှယ်လစ်လမ်းစဉ် “တစ်ပါတီစနစ်”၏ ခေါင်းပုံဖြတ်မှုကြောင့် ရခိုင်ပြည်နယ်တွင် အကြီးမားဆုံး ဆန်ရှားပါးမှုကို ဖြစ်ပေါ်စေခဲ့သည်။