- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အဆင့်၌ နိုင်ငံ ၁၈၀ တွင် မြန်မာ ၁၇၆ ချိတ်
မီဒီယာစောင့်ကြည့်ရေး အဖွဲ့အစည်းတစ်ခုက မေလ ၃ ရက်နေ့ ထုတ်ပြန်သည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အစီရင်ခံစာတစ်စောင်တွင် စာရင်းပြုစုထားသည့် နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာသည် ၁၇၆ နေရာတွင် ရှိနေကြောင်း တွေ့ရသည်။
05 May 2022

DMG ၊ မေ ၅
မီဒီယာစောင့်ကြည့်ရေး အဖွဲ့အစည်းတစ်ခုက မေလ ၃ ရက်နေ့ ထုတ်ပြန်သည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အစီရင်ခံစာတစ်စောင်တွင် စာရင်းပြုစုထားသည့် နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာသည် ၁၇၆ နေရာတွင် ရှိနေကြောင်း တွေ့ရသည်။
RSF ဟုလည်း လူသိများသည့် နယ်စည်းမထားသတင်းထောက်များအဖွဲ့ (Reporters Without Borders) ၏ အစီရင်ခံစာ၌ မြန်မာ့အိမ်နီးချင်း တရုတ်သည် ၁၇၅ နေရာတွင်ရှိပြီး မြောက်ကိုရီးယားက ၁၈၀ ဖြင့် အနိမ့်ဆုံးနေရာတွင်ရှိသည်ကို တွေ့ရသည်။
ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေသည့် ရုရှားသည် သတင်းလွတ်လပ်ခွင့် အဆင့်၌ ၁၅၅ နေရာတွင်ရှိသည်။
“အာဏာရှင်စနစ် ကျင့်သုံးနေသည့် နိုင်ငံများတွင် မီဒီယာလက်နက်သည် နိုင်ငံသားများ၏ သတင်းရပိုင်ခွင့်ကို ပိတ်ပင်ပြီး နိုင်ငံတကာ၌ တင်းမာမှုများ ဖြစ်ပေါ်စေကာ အဆိုးဆုံးစစ်ပွဲများဆီ ဦးတည်သွားနိုင်သည်” ဟု RSF အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် ခရစ္စတိုဖီဒီလောရီက ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော သတင်းသမားအရေအတွက်သည် ၁၅၀ နီးပါးရှိကာ လက်ရှိ၌ ၅၂ ဦး ဖမ်းဆီးခံထားရကြောင်း သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။
အာဏာရှင်ဆန်ပြီး သက်ဦးဆံပိုင်စနစ်မျိုးဖြင့် အုပ်ချုပ်သူများသည် ၎င်းတို့၏ နိုင်ငံများတွင် သတင်းအချက်အလက်များကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ကြပြီး ပြိုင်ဘက်မရှိသည့် အင်အားကို အသုံးချကာ ဒီမိုကရေစီကို ဆန့်ကျင်သည့် ဝါဒဖြန့်ချိရေးစစ်ပွဲများ ဆင်နွှဲပြီး ဒီမိုကရေစီနိုင်ငံများအကြား အကွဲအပြဲများ ဖြစ်ပေါ်အောင် မီးမွှေးပေးမှုများ ရှိသည်ဟု RSF ၏ ၂၀၂၂ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်တွင် အဆင့် ၄၂ တွင်ရှိသည်။ ထိပ်ဆုံး၌ အလွတ်လပ်ဆုံး အနေအထားဖြင့် ရှိနေသည်မှာ နော်ဝေ၊ ဒိန်းမတ်နှင့် ဆွီဒင်နိုင်ငံတို့ဖြစ်သည်။