- အသည်းရောင်အသားဝါ ရောဂါကြောင့် စစ်တွေမြို့ခံတစ်ဦး သေဆုံး
- အမ်းတွင် အမျိုးသမီးငယ်တစ်ဦးကို ဖခင်က ၆ နှစ်ကြာ အဓမ္မပြုကျင့်မှု ရှိခဲ့
- တိုက်ပွဲများကြောင့် မောင်တောဒေသခံများ စိုးရိမ်နေကြ
- ရခိုင်သည် စစ်ကောင်စီကို ဖြစ်စေ၊ ဘေဂျင်းကိုဖြစ်စေ ဦးညွတ်မည်မဟုတ်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားချက် (စက်တင်ဘာ ၁ မှ ၇ ရက်နေ့အထိ)
အာဖရိကအတွက် ကိုဗစ်ထိုးဆေး ၁ ဘီလျံ ပေးမည်ဟု တရုတ်ခေါင်းဆောင် ကတိပြု
ကိုဗစ်ကာကွယ်ရေးအတွက် ထိုးဆေးအလုံအလောက် ရရှိနိုင်ရန် ကြိုးပမ်းနေရသည့် အာဖရိကအတွက် ကိုဗစ်ထိုးဆေး ၁ ဘီလျံပေးမည်ဟု တရုတ်သမ္မတက ပြောကြားလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
30 Nov 2021

DMG ၊ နိုဝင်ဘာ ၃၀
ကိုဗစ်ကာကွယ်ရေးအတွက် ထိုးဆေးအလုံအလောက် ရရှိနိုင်ရန် ကြိုးပမ်းနေရသည့် အာဖရိကအတွက် ကိုဗစ်ထိုးဆေး ၁ ဘီလျံပေးမည်ဟု တရုတ်သမ္မတက ပြောကြားလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဆီနီဂေါမြို့တော် ဒါကာအနီးတွင် တနင်္လာနေ့က ကျင်းပသည့် တရုတ်-အာဖရိက ညီလာခံသို့ ဗီဒီယိုမှတစ်ဆင့် ပြောကြားသည့် မိန့်ခွန်းတွင် သမ္မတရှီကျင့်ဖျင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
တရုတ်အနေဖြင့် ထိုးဆေးအလုံး သန်း ၆၀၀ ကို တိုက်ရိုက်လှူတန်းမည်ဖြစ်ကာ နောက်ထပ်အလုံး သန်း ၄၀၀ သည် အာဖရိက လုပ်ငန်းခွင်များရှိ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများကဲ့သို့ အခြားသောလမ်းကြောင်းများ မှတစ်ဆင့် ဝင်မည်ဟု ရှီကျင့်ဖျင်က ပြောကြားသည်။
တရုတ်နှင့် အာဖရိကနိုင်ငံများအကြား ကုန်သွယ်ရေးနှင့် လုံခြုံရေးကို အလေးထားသည့် ညီလာခံ၏ တစ်စိတ်တစ်ပိုင်းအဖြစ် သမ္မတရှီကျင့်ဖျင်၏ သတင်းစကား ထွက်ပေါ်လာခြင်းဖြစ်သည်။
တရုတ်သည် အာဖရိကတွင် ရင်းနှီးမြှုပ်နှံမှုများ အကြီးအကျယ် ဆောင်ရွက်နေပြီး အာဖရိကတိုက်၏ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက် ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် အာဖရိက၌ တရုတ်၏ တိုက်ရိုက်ကုန်သွယ်မှု စုစုပေါင်းသည် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်တန်ဖိုးရှိကြောင်း ဒါကာရှိ တရုတ်သံရုံး၏ ပြောကြားချက်အရ သိရသည်။
အာဖရိကတိုက်၏ ကိုဗစ်ကာကွယ်ဆေး ထိုးနှံနှုန်းသည် အခြားသော ကမ္ဘာ့နိုင်ငံများထက် အလွန်အမင်း နိမ့်ကျလျက်ရှိကာ နိုင်ငံအများအပြားမှာ ပြည်ပနိုင်ငံများ၏ အကူအညီပေးအပ်မှုဖြင့်သာ ထိုးနှံနေရကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြချက်အရ သိရသည်။