- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
G7 ထိပ်သီးအစည်းအဝေး လာတက်သည့် အိန္ဒိယကိုယ်စားလှယ် နှစ်ဦးတွင် ကိုဗစ်ပိုးတွေ့
ဗြိတိန်တွင် ကျင်းပသည့် G7 ထိပ်သီးအစည်းအဝေးသို့ တက်ရန် ရောက်ရှိလာသည့် အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့၏ အဖွဲ့ဝင်နှစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
07 May 2021

DMG ၊ မေ ၇
ဗြိတိန်တွင် ကျင်းပသည့် G7 ထိပ်သီးအစည်းအဝေးသို့ တက်ရန် ရောက်ရှိလာသည့် အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့၏ အဖွဲ့ဝင်နှစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အိန္ဒိယသံအဖွဲ့ဝင် နှစ်ဦးတွင် ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့သဖြင့် လက်ရှိတွင် တစ်ဖွဲ့လုံးသည် သီးသန့် ခွဲနေရကြောင်း ဗြိတိန်အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ဖြေကြားသည်။ ဗြိတိန်စည်းကမ်းအရ ၁၀ ရက်ကြာ သီးသန့်ခွဲနေရမည်ဖြစ်သည်။
အစည်းအဝေး တက်ရန် ရောက်နေကြသူများသည်လည်း ပို့တွေ့ရှိမှု သတင်းကြောင့် အထိတ်တလန့် ဖြစ်ခဲ့ရသည်။
အထူးသတိပြုပြီး အခြားသူများအတွက်ပါ ထည့်စဉ်းစားသည့် အနေဖြင့် အစည်းအဝေးအား မိမိသည် အွန်လိုင်းမှ တက်ရောက်တော့မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမာဉာဏ်ဂျိုက်ရှန်ကာက တွစ်တာပေါ်တွင် ရေးသားထားသည်။ အိန္ဒိယသည် အစည်းအဝေးကို အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့များတွင် တက်ရောက်မည်ဖြစ်သည်။
အိန္ဒိယသည် ကိုဗစ်ဒဏ်ကို အဆိုးဆုံး ခံစားနေရသည့် နိုင်ငံဖြစ်ကာ နေ့စဉ် ကိုဗစ်ကူးစက်မှု ၃ သိန်းအထက် တွေ့ရှိနေသည်မှာ နှစ်ပတ်ဆက်တိုက် ရှိနေပြီဖြစ်သည်။