- အသည်းရောင်အသားဝါ ရောဂါကြောင့် စစ်တွေမြို့ခံတစ်ဦး သေဆုံး
- အမ်းတွင် အမျိုးသမီးငယ်တစ်ဦးကို ဖခင်က ၆ နှစ်ကြာ အဓမ္မပြုကျင့်မှု ရှိခဲ့
- တိုက်ပွဲများကြောင့် မောင်တောဒေသခံများ စိုးရိမ်နေကြ
- ရခိုင်သည် စစ်ကောင်စီကို ဖြစ်စေ၊ ဘေဂျင်းကိုဖြစ်စေ ဦးညွတ်မည်မဟုတ်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားချက် (စက်တင်ဘာ ၁ မှ ၇ ရက်နေ့အထိ)
စင်္ကာပူတွင် တစ်နေ့တည်း ကိုဗစ်ကူးစက်သူ နှစ်ထောင်နီးပါး တွေ့ရှိ
စင်္ကာပူနိုင်ငံတွင် တနင်္ဂနွေနေ့ ထုတ်ပြန်ချက်အရ အစောပိုင်း ၂၄ နာရီအတွင်း ကူးစက်မှုအသစ် စုစုပေါင်း ၁၉၃၉ ဦးအထိ ရှိခဲ့ကြောင်း စင်္ကာပူကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
28 Sep 2021

DMG ၊ စက်တင်ဘာ ၂၈
စင်္ကာပူနိုင်ငံတွင် တနင်္ဂနွေနေ့ ထုတ်ပြန်ချက်အရ အစောပိုင်း ၂၄ နာရီအတွင်း ကူးစက်မှုအသစ် စုစုပေါင်း ၁၉၃၉ ဦးအထိ ရှိခဲ့ကြောင်း စင်္ကာပူကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဤအရေအတွက်သည် စင်္ကာပူတွင် ကိုဗစ်ကူးစက်မှု စတင်တွေ့ရှိခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ကတည်းက ပထမဆုံအကြိမ်အဖြစ် တစ်နေ့တာကူးစက်မှု အမြင့်ဆုံးနှုန်းထားဖြစ်သည်။
တနင်္ဂနွေနေ့ ကူးစက်မှုကိုပါ ထည့်တွက်ပါက နေ့စဉ် ကူးစက်မှုအသစ် ၁၀၀၀ ကျော်စီ တွေ့ရှိနေသည်မှာ ၆ ရက်ဆက်တိုက် ရှိနေပြီဖြစ်ကြောင်း စီအန်အေသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
စင်္ကာပူတွင် နိုင်ငံလူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော်ကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးထားပြီး ဖြစ်သည်။
အစိုးရက ကိုဗစ်ကန့်သတ်မှုများအား ဖြည်းဖြည်းချင်း လျှော့ချနေသော်လည်း လတ်တလော မြင့်တက်လာနေသည့် ကူးစက်မှုများကြောင့် ဖြေလျှော့မှုများကို ပြန်လည်ဆိုင်းငံ့ထားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
ကိုဗစ်ကပ်ဘေး စတင်ချိန်တည်းက လက်ရှိအထိ စင်္ကာပူနိုင်ငံ၏ ကိုဗစ်ကူးစက်မှု စုစုပေါင်းသည် ၈၇၈၉၂ ရှိပြီး သေဆုံးသူစုစုပေါင်း ရ၈ ဦးရှိကြောင်း ကိုဗစ်ကူးစက်မှုများကို အချိန်နှင့်တစ်ပြေးညီ ဖော်ပြနေသည့် Worldometers ဝက်ဘ်ဆိုက်၏ အချက်အလက်များအရ သိရသည်။