- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
မြန်မာအပါအဝင် အာရှ ၂၄ နိုင်ငံအတွက် ကိုဗစ်အကူအညီ ယန်းငွေ ၄.၅ ဘီလျံ ဂျပန်ပံ့ပိုးမည်
ဂျပန်နိုင်ငံသည် အာရှနှင့် ပစိဖိတ်ဒေသရှိ နိုင်ငံ ၂၅ နိုင်ငံ၌ ကိုဗစ်ကာကွယ်ဆေးဖြန့်ဖြူးရန်အတွက် အအေးခန်းစနစ်ဖြင့် ဖြန့်ချိရေးကွန်ရက်တည်ဆောက်ရာတွင် ကူညီရန် ဂျပန်ယန်း ၄.၅ ဘီလျံကို နိုင်ငံတကာအဖွဲ့အစည်းတစ်ခုမှတစ်ဆင့် ပံ့ပိုးပေးမည်ဖြစ်ကြောင်း အင်္ဂါနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။
11 Mar 2021

DMG ၊ မတ် ၁၁
ဂျပန်နိုင်ငံသည် အာရှနှင့် ပစိဖိတ်ဒေသရှိ နိုင်ငံ ၂၅ နိုင်ငံ၌ ကိုဗစ်ကာကွယ်ဆေးဖြန့်ဖြူးရန်အတွက် အအေးခန်းစနစ်ဖြင့် ဖြန့်ချိရေးကွန်ရက်တည်ဆောက်ရာတွင် ကူညီရန် ဂျပန်ယန်း ၄.၅ ဘီလျံကို နိုင်ငံတကာအဖွဲ့အစည်းတစ်ခုမှတစ်ဆင့် ပံ့ပိုးပေးမည်ဖြစ်ကြောင်း အင်္ဂါနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။
အဆိုပါ ရန်ပုံငွေအကူအညီကို အအေးခန်းသိုလှောင်မှုဆိုင်ရာ လုပ်ငန်းသုံးကိရိယာများ၊ သယ်ယူပို့ဆောင်ရေး ယာဉ်များနှင့် အခြားသော အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံအပါအဝင် နိုင်ငံများရှိ ကာကွယ်ဆေးများကို သယ်ယူပို့ဆောင်နိုင်ရေးအတွက် အခြားလိုအပ်သည့်ပစ္စည်းကိရိယာများ ရရှိနိုင်ရေး အသုံးပြုမည်ဖြစ်ကြောင်း ဝန်ကြီးဌာနသတင်းများအရ သိရသည်။
လက်ခံမည့်နိုင်ငံများမှာ ဘူတန်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ Cook Islands ၊ အရှေ့တီမော၊ ဖီဂျီကျွန်းစု၊ လာအို၊ မလေးရှား၊ မော်လဒိုက်၊ မိုက်ကရိုနီးရှား၊ မြန်မာ၊ ထိုင်း၊ နီပေါ၊ Niue၊ ပါကစ္စတန်၊ ပါပူဝါ နယူးဂီနီ၊ ဆာမိုအာ၊ သီရိလင်္ကာ၊ ဆော်လမွန်ကျွန်း၊ တွန်ဂါ၊ တူဗာလူ၊ ဗာနူအာတူနှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ်သည်။
ဂျပန်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများ ကာကွယ်ဆေး တန်းတူညီတူရရှိနိုင်ရေးအတွက် တည်ဆောက်ထားသည့် နိုင်ငံတကာ ကာကွယ်ဆေးဖြန့်ချိရေး လမ်းကြောင်းတစ်ခုဖြစ်သည့် Covax အစီအစဉ်တွင်လည်း အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ထည့်ဝင်မည်ဟု ကတိပြုထားသည်။
Covax ကနဦး အစီအစဉ်အရ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၂ ဘီလီယံကို ၂၀၂၁ ခုနှစ်အကုန်၌ ကမ္ဘာတစ်ဝန်း လုံးရရှိရန် ရည်မှန်းထားသည်။