- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
အမေရိကန်တွင် အကျဉ်းသား ငါးယောက်လျှင် တစ်ယောက်နှုန်း ကိုဗစ်ကူးစက်ခံထားရ
အမေရိကန်နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များ၌ အကျဉ်းသား ငါးယောက်လျှင် တစ်ယောက်နှုန်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
23 Dec 2020

အမေရိကန်နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များ၌ အကျဉ်းသား ငါးယောက်လျှင် တစ်ယောက်နှုန်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဤနှုန်းထားသည် သာမန်ပြည်သူများအတွင်း ကူးစက်နှုန်းထက် လေးဆကျော် ပိုမြင့်သည့်နှုန်းထား ဖြစ်သည်။
အချို့ပြည်နယ်များရှိ အကျဉ်းထောင်များတွင် ဆိုလျှင် အကျဉ်းသား ထက်ဝက်ကျော်အထိ ကူးစက်ခံထားရသည်ဟု အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်ကူးစက်မှုကာလ ၁၀ လခန့် အတွင်း နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ကူးစက်ခံရသူ အကျဉ်းသားစုစုပေါင်း ၁၇၅၀၀၀ ထက်မနည်းရှိပြီး သေဆုံးသူစုစုပေါင်းမှာ ၁၇၀၀ ကျော်ရှိသည်။ ကူးစက်နှုန်းလျော့ကျမည့် အရိပ်အရောင်လည်း မရှိသေးကြောင်း အေပီသတင်းက ဆိုသည်။
အကျဉ်းသားများအကြား ကူးစက်မှုနှုန်းသည် ပြီးခဲ့သည့် ဧပြီနှင့် သြဂုတ်လတို့တွင် အထူးမြင့်တက်ခဲ့ပြီး ပြီးခဲ့သောသီတင်းပတ်တွင်လည်း တတိယအကြိမ်အဖြစ် ကူးစက်မှု မတန်တဆ မြင့်တက်ခဲ့သည်။
“အကျဉ်းသားတွေဖျားနာရင် မစစ်ဆေးရုံသာမက ဆေးလည်းကုမပေးတဲ့ အကျဉ်းထောင်တွေ ခုထိ တွေ့နေရတုန်းပဲ။ ဆေးကုသမှုမရတော့ ဖြစ်သင့်တာထက် ပိုပြီး နာမကျန်းဖြစ်ကြရတယ်” ဟု ကျန်းမာရေးအရာရှိဟောင်း တစ်ဦးဖြစ်သူ ဟိုးမားဗန်တာက ပြောကြားသည်။
အကျဉ်းထောင်များအတွင်း ဗိုင်းရပ်စ်ကူးစက်မှုကို စစ်ဆေးမှု မရှိသည့်နေရာများ အများအပြားရှိသလို အကျဉ်းသားများလည်း အချင်းချင်း ခပ်ခွာခွာနေနိုင်ခြင်း မရှိသဖြင့် ၎င်းတို့၏ လုံခြုံရေးနှင့် ကျန်းမာရေးသည် အစိုးရအပေါ် မူတည်လျက်ရှိသည်။