- "ရခိုင်ပြည်တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုကဏ္ဍကို မြင့်တင်ဖို့လိုအပ်" Vox Pop
- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
ဆင်းရဲနိုင်ငံများအတွက် ကိုဗစ်ကာကွယ်ဆေး ၂ ဘီလျံ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာအဖွဲ့ တောင်းဆို
ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်သည့်နိုင်ငံများသည် လူ့အသက်ထက် အမြတ်အစွန်းကိုသာ ရှေ့တန်းတင်နေကြသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာအဖွဲ့ (AI) က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဆင်းရဲသောနိုင်ငံများအတွက် ယခုနှစ်အကုန်ကို နောက်ဆုံးထားပြီး ကိုဗစ်ကာကွယ်ဆေး ၂ ဘီလျံ ဖြန့်ဖြူးပေးကြရန်လည်း AI အဖွဲ့က တောင်းဆိုခဲ့သည်။
23 Sep 2021

DMG ၊ စက်တင်ဘာ ၂၃

ချမ်းသာကြွယ်ဝသော နိုင်ငံများတွင် သိမ်းဆည်းထားသည့် သန်းပေါင်းရာနှင့်ချီသော ထိုးဆေးများကို ပြန်လည်ဖြန့်ဖြူးပေးရန်နှင့် ကာကွယ်ဆေး ထုတ်လုပ်သည့် ကုမ္ပဏီများ အနေဖြင့်လည်း ထုတ်လုပ်မှုစုစုပေါင်း၏ အနည်းဆုံး ထက်ဝက်ခန့်ကို ဆင်းရဲနိုင်ငံများထံ ဖြန့်ဖြူးပေးရန် AI အဖွဲ့က တောင်းဆိုကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
သက္ကရာဇ် ၂၀၂၁ ခုနှစ် ကုန်ဆုံးရန် ရက်ပေါင်း ၁၀၀ ခန့်သာ လိုတော့သော်လည်း WHO ၏ ပန်းတိုင်ဖြစ်သော လူလတ်တန်းစားနှင့် အောက်ခြေလူတန်းစား နိုင်ငံများ၏ လူဦးရေ ၄၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ရေး ပန်းတိုင်မှာ မရေမရာ ဖြစ်နေပြီဟု AI အဖွဲ့က ဆိုသည်။
လာမည့်နှစ် စက်တင်ဘာလ မတိုင်မီ ကမ္ဘာ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကို ကိုဗစ်ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးဖြစ်စေမည့် အာမခံချက်တစ်ခုကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကုလသမဂ္ဂ အထွေထွေညီလာခံကြီး၌ အကြမ်းဖျင်း ပြောကြားမည်ဟု မျှော်လင့်ရကြောင်း AI အဖွဲ့ကြီးက ထုတ်ပြန်သည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။
“ထိုးဆေး ဘီလျံနဲ့ချီ ထုတ်လုပ်ဖြန့်ချိပေးနိုင်ဖို့အတွက် သမ္မတဘိုင်ဒန်လိုခေါင်းဆောင်မျိုး ကျွန်တော်တို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ ဒီတစ်ကြိမ်လည်း ကတိအခွံတွေသာ ရပြီး အသက်တွေ ထပ်မံဆုံးရှုံးနေရဦးမှာပါ” ဟု AI အကြီးအကဲ အဂ္ဂနက်ကယ်လာမက်က ပြောသည်။
ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်နေသည့် ဆေးဝါးကုမ္ပဏီကြီးများ ဖြစ်သော AstraZeneca, BioNTech, Johnson & Johnson, Moderna, Novavax နှင့် Pfizer တို့သည် ဆေးဝါး သို့မဟုတ် နည်းပညာကို တစ်ကမ္ဘာလုံးသို့ မျှဝေပေးရန် ငြင်းဆန်ကြသည်ဟု AI အဖွဲ့က ပြောသည်။
ချမ်းသာသောနိုင်ငံများရှိ ပြည်သူအများစုမှာ ကာကွယ်ဆေး ထိုးနှံထားပြီး ဖြစ်သော်လည်း လက်တင်အမေရိက၊ အာဖရိကနှင့် အာရှနိုင်ငံများတွင်မူ ကူးစက်မှုများ တစ်ကျော့ပြန် ဖြစ်ပွားနေပြီး အပတ်စဉ် လူ့အသက်ပေါင်း သောင်းချီ သေဆုံးနေရသည်ဟု အဖွဲ့၏ ပြောကြားချက်အရ သိရသည်။
ချမ်းသာကြွယ်ဝသော နိုင်ငံများတွင် သိမ်းဆည်းထားသည့် သန်းပေါင်းရာနှင့်ချီသော ထိုးဆေးများကို ပြန်လည်ဖြန့်ဖြူးပေးရန်နှင့် ကာကွယ်ဆေး ထုတ်လုပ်သည့် ကုမ္ပဏီများ အနေဖြင့်လည်း ထုတ်လုပ်မှုစုစုပေါင်း၏ အနည်းဆုံး ထက်ဝက်ခန့်ကို ဆင်းရဲနိုင်ငံများထံ ဖြန့်ဖြူးပေးရန် AI အဖွဲ့က တောင်းဆိုကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
သက္ကရာဇ် ၂၀၂၁ ခုနှစ် ကုန်ဆုံးရန် ရက်ပေါင်း ၁၀၀ ခန့်သာ လိုတော့သော်လည်း WHO ၏ ပန်းတိုင်ဖြစ်သော လူလတ်တန်းစားနှင့် အောက်ခြေလူတန်းစား နိုင်ငံများ၏ လူဦးရေ ၄၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ရေး ပန်းတိုင်မှာ မရေမရာ ဖြစ်နေပြီဟု အေအိုင်အဖွဲ့က ဆိုသည်။