- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
ရှန်ကျန်းလေဆိပ်တွင် ကိုဗစ်လူနာတစ်ဦး တွေ့ရပြီးနောက် လေကြောင်းခရီးစဉ် ၄၀၀ ခန့် ဖျက်သိမ်း
တရုတ်ပြည်တောင်ပိုင်းရှိ မဂ္ဂါစီးတီးမြို့တော် ရှန်ကျန်းလေဆိပ်တွင် စားသောက်ဆိုင်ဝန်ထမ်းတစ်ဦး၌ ကိုဗစ်ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပြီးနောက် လေကြောင်းခရီးစဉ် ၄၀၀ ခန့်ကို ဖျက်သိမ်းလိုက်သလို အဝင်အထွက်ကိုလည်း တင်းကြပ်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
20 Jun 2021

DMG ၊ ဇွန် ၂၀
တရုတ်ပြည်တောင်ပိုင်းရှိ မဂ္ဂါစီးတီးမြို့တော် ရှန်ကျန်းလေဆိပ်တွင် စားသောက်ဆိုင်ဝန်ထမ်းတစ်ဦး၌ ကိုဗစ်ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပြီးနောက် လေကြောင်းခရီးစဉ် ၄၀၀ ခန့်ကို ဖျက်သိမ်းလိုက်သလို အဝင်အထွက်ကိုလည်း တင်းကြပ်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါဧရိယာအတွင်းသို့ ဝင်မည့်သူ မည်သူမဆို ပြီးခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်ကင်းရှင်းကြောင်း စစ်ဆေးချက်ကို ပြသရမည်ဟု ရှန်ကျန်းလေဆိပ်အုပ်စုက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ရှန်ကျန်း နိုင်ငံတကာလေဆိပ်ရှိ ဝန်ထမ်းများအား ကြာသပတေးနေ့က စစ်ဆေးရာ၌ အသက် ၂၁ နှစ်အရွယ် စားပွဲထိုးအမျိုးသမီး တစ်ဦးတွင် ဒဲလ်တာ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း လေဆိပ်အာဏာပိုင်များက ပြောကြားသည်။
ရှန်ကျန်းသည် ဟောင်ကောင်နှင့် နယ်နိမိတ် ကပ်လျက်ရှိနေသည့် မြို့ကြီးဖြစ်ပြီး လူဦးနေ ၁၃ သန်းခန့်ရှိသည်။ ဟွာဝေးကုမ္ပဏီအပါအဝင် အာရှ၏ အကြီးဆုံး နည်းပညာကုမ္ပဏီအချို့ အခြေစိုက်ရာ မြို့ကြီးလည်းဖြစ်သည်။
ယခုတွေ့ရှိမှုကြောင့် သောကြာနေ့တွင် လေကြောင်း ခရီးစဉ် ၄၀၀ ခန့် ဖျက်သိမ်းခဲ့သလို စနေနေ့ နံနက်ပိုင်းတွင်လည်း လေကြောင်းခရီးစဉ်အချို့ကို ဆိုင်းငံ့ခဲ့သည်။
တရုတ်နိုင်ငံတစ်ဝန်းတွင် ပြီးခဲ့သော သောကြာနေ့၌ ကိုဗစ်ကူးစက်မှုအသစ် ၃၀ စစ်ဆေးတွေ့ရှိခဲ့သည်။ ၎င်းတို့အနက် ခြောက်ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်သည်။